Skip to main content

Posts

navana07.blogspot.com

BaganNET forum မှာကတည်းက ကြိုက်နှစ်သက်စွာ ဖတ်လာခဲ့ရပြီး... ပုဂံနေပြည်တော်ကြီး ပျက်စီးသွားတော့ NativeMyanmar forum မှာ ဆက်ရေးနေတဲ့ ကျတော်တို့ရဲ့ အကိုကြီး ကိုနဗန (ခ) MYSELF2005 သူရေးခဲ့တဲ့ ဘဝအကြောင်းတွေကို http:// navana07.blogspot.com ဆိုပြီး ဘလော့ တစ်ခု လုပ်ပြီး ဘလော့လောကမှာ တင်ပြနေပါပြီ... ရသမျိုးစုံပေးနိုင်တဲ့ စာတွေပါ... ကိုနဗနရဲ့ ဘလော့ကို ကူညီလုပ်ကိုင်ပေးနေတာကတော့ နားခိုရာ http://narkhoyar.blogspot.com ပိုင်ရှင်ကြီး ကိုကြီးထွန်း (ခ) ကို littlemoon ပါ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

ဓာတ်ပုံတွေကို ချိန်ညှိမယ်… (Lightroom 2.0)

1. ပြင်ချင်တဲ့ ဓာတ်ပုံ select ပေးထားပါ… loupe view ရွေးထားရင်တော့ ပေါ်နေတဲ့ပုံက select ပေးထားတဲ့ပုံပေါ့ဗျာ… 2. Library ဘေးမှာရှိတဲ့ Develop ကို ကလစ်ခေါက်ပြီးရွေးပါ… Develop view ရွေးထားရင် ညာဘက် panel မှာ ပေါ်ဆုံးမှာ Histogram မြင်ရပါလိမ့်မယ်… Histogram ကို ကျွမ်းကျင်စွာ သိရင်တော့ အဲဒီကနေလည်း ကာလာတွေ ဘာတွေ ချိန်ညှိလို့ ရပါတယ်… အခု ကျတော်က Histogram ကိုကျော်ပြီး သူ့အောက်မှာရှိတဲ့ ဘားအကြောင်း ပြောပါ့မယ်… ကျတော်က Histogram အကြောင်း ကျွမ်းမှ မကျွမ်းတာကိုးဗျ… 1. နံပါတ် 1 က Crop Overlay လို့ခေါ်တယ်… ဒီကောင်လေးကို သုံးပြီး ပုံတွေကို cropping လုပ်လို့ရတယ်… 2. နံပါတ် 2 က Spot Removal tool ပါ… ဓာတ်ပုံထဲမှာ ပါတဲ့ အစက် အပျောက်တွေ ဖျောက်လို့ရပါတယ်… 3. နံပါတ် 3 က Red Eye Correction tool ပါ… Flash ဖွင့်ရိုက်ရင် လူပုံတွေရဲ့ မျက်စိမှာ ဝင်တတ်တဲ့ အနီရောင်ကို လျော့ချ ဖြေရှင်းပေးတာပါ… 4. နံပါတ် 4 က Graduated Filter ပါ… Lightroom 2.0 စပါလာတဲ့ tool ပါ… Exposure, Brightness, Contrast, Saturation, Clarity, Sharpness တွေကို gradient ပြေးတဲ့ပုံစံ ပြင်လို့ရပါတယ်… 5. နံပါတ် 5 က Adjustment Brush

Adobe Photoshop Lightroom 2 ထဲက ဓာတ်ပုံတွေ ပြန်ကြည့်မယ်ဆိုရင်…

1. Library ကိုရွေးပါ… ပုံထဲမှာ အနီရောင်နဲ့ ဘောင်ခတ်ပြီး 1 လို့နံပါတ်တပ်ထားပါတယ်… 2. ဘယ်ဘက် panel က Folders (ပုံထဲမှာ 2 လို့ဘောင်ခတ်ထားတဲ့ နေရာပါ) ကို expand လုပ်ထားမယ် ဆိုရင် ကျတော်တို့ Lightroom ထဲ Import လုပ်ထားတဲ့ ဓာတ်ပုံတွေကို folder အမည်လိုက် စီပေးထားပါတယ်… ပုံထဲမှာ မြင်ရတဲ့အတိုင်း Driver (D:) အောက်က Photo ဆိုတဲ့အောက်က doll ဆိုတဲ့ folder ကိုရွေးထားပါတယ်… folder အမည်တွေရဲ့ ဘေးမှာရှိနေတဲ့ ဂဏန်းတွေကတော့ ဓာတ်ပုံအရေအတွက်တွေပါ… အခု ကျတော်ရွေးထားတဲ့ doll folder ထဲမှာ ဓာတ်ပုံ ၅-ပုံပဲရှိတဲ့အတွက် ၅ လို့ပြနေတာပါ… 3. အခုဘယ်ဘက်က panel ဖျောက်ထားချင်တယ် ဆိုရင် ပုံထဲမှာ ပြထားတဲ့ နံပါတ် 3 ရဲ့ ဘယ်ဘက်မှာရှိတဲ့ မီးခိုးရောင် မြားခေါင်းလေးကို နှိပ်လိုက်ရင်ရပါတယ်… 4. ပုံသေးလေးတွေ အများကြီး ကြည့်ချင်တယ်ဆိုရင်တော့ ပုံထဲမှာ နံပါတ် 4 လို့ တပ်ထားတဲ့ Grid View ကို နှိပ်လိုက်ပါ… 5. select ပေးထားတဲ့ ပုံ ၁-ပုံတည်းကိုပဲ အကြီးကြည့်ချင်ရင်တော့ ပုံထဲမှာ နံပါတ် ၅ လို့ တပ်ထားတဲ့ Loupe View ကို နှိပ်လိုက်ပါ… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial