BaganNET forum မှာကတည်းက ကြိုက်နှစ်သက်စွာ ဖတ်လာခဲ့ရပြီး... ပုဂံနေပြည်တော်ကြီး ပျက်စီးသွားတော့ NativeMyanmar forum မှာ ဆက်ရေးနေတဲ့ ကျတော်တို့ရဲ့ အကိုကြီး ကိုနဗန (ခ) MYSELF2005 သူရေးခဲ့တဲ့ ဘဝအကြောင်းတွေကို http://navana07.blogspot.com ဆိုပြီး ဘလော့ တစ်ခု လုပ်ပြီး ဘလော့လောကမှာ တင်ပြနေပါပြီ... ရသမျိုးစုံပေးနိုင်တဲ့ စာတွေပါ... ကိုနဗနရဲ့ ဘလော့ကို ကူညီလုပ်ကိုင်ပေးနေတာကတော့ နားခိုရာ http://narkhoyar.blogspot.com ပိုင်ရှင်ကြီး ကိုကြီးထွန်း (ခ) ကို littlemoon ပါ...
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments