Skip to main content

Posts

Post title နောက်မှာ ပုံလေးတွေ ထည့်ကြမယ်...

ကျတော် အခု အနည်းငယ် ပြင်ထားတဲ့ template design မှာ Post title ရဲ့ နောက်မှာ နောက်ခံပုံ ကနုတ်လေးထည့်ထားပါတယ်... အဲဒါမျိုး ပုံတွေကို ထည့်ချင်တယ် ဆိုရင်... ပထမဆုံး လုပ်ရမှာက post title နောက်မှာ ထည့်မယ့် ပုံကို အရင် ဖန်တီးထားပါ... ဖန်တီးထားတဲ့ ပုံကို internet ပေါ်က ပုံတင်တဲ့ site တစ်ခုခုပေါ်တင်ပါ... ရလာတဲ့ URL ADDRESS ကို မှတ်ထားပါ... ပြီးရင် blogspot ရဲ့ template ပြင်တဲ့ထဲ Edit HTML နဲ့ဝင်ပြီး post h3 ကိုရှာပါ... post h3 ရဲ့ css code ထဲမှာ အောက်က ဖော်ပြတဲ့ စာကြောင်းလေး ကို ထပ်ထည့်ပေးပါ... background-image: url( URL ADDRESS ); ဥပမာ မူရင်းရှိနေတဲ့ post h3 ရဲ့ css code က အောက်က အတိုင်း ဆိုပါတော့.... .post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; } အဲဒီ code တွေထဲကို post title ရဲ့ နောက်မှာ ပုံပေါ်မယ့် css code ထည့်ဖြည့်ထားပါတယ်... အောက်မှာ နမူနာ ကြည့်ပါ... .post h3 { margin:.25em 0 0; padding:0 0 4px; font-size:140%; font-weight:normal; line-height:1.4em; color:#ffcc66; background-image: url( URL ADDRESS ); } သုံးထားတဲ

ကြည်ညိုပါရစေ...

ရေးမယ် ရေးမယ် ဆိုပြီး မရေးဖြစ်ဘူး... ခုတော့ ရေးမှကို ဖြစ်တော့မယ်... ကျတော် ခုတလော ကြည်ညိုနေတဲ့ လူတစ်စု ရှိပါတယ်... အခြားသူများတော့ မဟုတ်ပါဘူး... မြန်မာဘလော့လောကမှာ လူသိများတဲ့ ညီလင်းဆက် (nyilynnseck.blogspot.com) ၊ စိုးဇေယျ ၊ ကိုမျက်လုံး နှင့် အဖွဲ့ကိုပါ... နာဂစ်ဒဏ်ခံခဲ့ရတဲ့ လပွတ္တာ ဧရိယာမှာ ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေမှာ တတ်နိုင်သမျှ ပါဝင်ပြီး ကူညီလုပ်ဆောင် ပေးနေတဲ့ မြန်မာဘလော့ဂါ အဖွဲ့ တစ်ခုဖြစ်ပါတယ်... နာဂစ်နဲ့ ပတ်သက်ပြီး ငွေလှူတာက လွဲရင် ကျတော် ဘာမှ မလုပ်နိုင်ခဲ့ဘူး... ကျတော် လှူနိုင်တဲ့ငွေကလည်း သဲတစ်ပွင့်စာ ပမာဏပဲရှိပါတယ်... သူတို့ ငွေအားအပြင် လုပ်အားကိုပါ လှူဒါန်းနိုင်ခဲ့တယ်... လုပ်နိုင်ခဲ့တယ်... ကျတော်တကယ်ကို ကြည်ညိုမိတယ်... သူတို့ကို အားကျမိတယ်... ညီလင်းဆက်နှင့်အဖွဲ့ရေ... ဘယ်လို အတားအဆီးပဲရှိပါစေ... အောင်မြင်စွာရှေ့ဆက်ပြီး လုပ်စရာရှိတာများကို အဆင်ပြေချောမွေ့စွာ ဆက်လက်လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ... My labels: မြန်မာ, ရန်ကုန်, နာဂစ်, လပွတ္တာ, ဗမာ , Myanmar, Yangon, Rangoon, Nargis, Burma, Burmese, Nyi Lynn Seck

Mandalay Moat HDR Photo

အဲဒီနေ့ကပေါ့... ကိုဂျေရယ်၊ ဘုဃံဏက်ရယ်၊ ဆရာဆူးငှက်သားရယ် ကျတော့်ကို ပုံပြောသွားကြလို့ ကျတော် တစ်ယောက်တည်း ကျုံးတဝက်ကို ပတ်ပြီး ဓာတ်ပုံရိုက်ပြစ်လိုက်တယ်... ဓာတ်ပုံပညာ အားနည်းရှာတော့ နည်းပညာအားကိုးနဲ့ အပေါ်က ပုံထွက်လာအောင် လုပ်လိုက်တယ်... ပုံ ၄-ပုံရိုက်ပြီး HDR လုပ်ထားတာပါ... အရမ်းပြာနေ လွန်းလို့ အပြာရောင် တွေတော့ လျော့ထားပါတယ်... My labels: မြန်မာ, မန္တလေး, ဗမာ , Ancient City, Mandalay, Myanmar, Burma, Burmese, Photo

Night Shot @ Mandalay Kandawgyi

သင်္ကြန်ပြီးတော့ မန္တလေး ကန်တော်ကြီးမှာ ကိုသခင်ကြီး ၊ ဘုဃံနက် တို့နဲ့ အတူသွားရိုက်ထားတာပါ... My labels: မြန်မာ, မန္တလေး, ဗမာ , Ancient City, Mandalay, Myanmar, Burma, Burmese, Photo

အင်းဝ ကိုရောက်ခဲ့တယ်...

၁၁-ရက်နေ့က ကျတော်ရယ်၊ ကိုသခင်ကြီး ရယ်၊ ဘုဃံနက် ရယ် ၃-ယောက်သား ဆိုင်ကယ် ၂-စီးနဲ့ အင်းဝမြို့ဟောင်းကို ချီတက်ခဲ့တယ်... ၁၀-နာရီ ၁၀-နာရီခွဲလောက် အင်းဝကို ရောက်တယ် ထင်တာပဲ... အဲဒီမှာ ရှေးဟောင်း ဘုရားပျက်တွေ အများကြီးပဲ၊ ရှုခင်းတွေလည်း လှတယ်... စားသောက်ဆိုင်တော့ နည်းနည်းရှားတယ်... ရေသန့် ဝယ်သောက်ချင်တာတောင် ရောင်းတဲ့ဆိုင် မရှိဘူး... မယ်နုအုဉ်ကျောင်းမှာ ရှိတယ် ဆိုတာနဲ့ အဲဒီကို ချီတက်ပြီး ရေတဝသောက်ပြီး နေ့လယ်စာစားပြီး တရေးတမော ဇိမ်ယူဖြစ်တယ်... အင်းဝမှာ ဓာတ်ပုံတွေ ရိုက်ဖြစ်ကြတယ်... အပေါ်ကပုံက ရိုက်ဖြစ်တဲ့ထဲက တစ်ပုံပေါ့... exposure မတူတဲ့ ပုံ ၃-ပုံကို ပေါင်းပြီး HDR ဖြစ်အောင် လုပ်ထားပါတယ်... ပုံ ၃-ပုံကို ပေါင်းထားတဲ့အတွက် တိမ်တွေက အထပ်လေးတွေ ဖြစ်နေရတာပါ... အဲဒီဘုရားက ဘီလူးရုပ်တွေကို ရိုက်ခဲ့တာပါ... ဘုရား အမည်တောင် မဖတ်ခဲ့မိဘူး... My labels: မြန်မာ, မန္တလေး, ဗမာ , အင်းဝ, အဝ, အင်းဝ, အ၀, Ava, Innwa, Ancient City, Mandalay, Myanmar, Burma, Burmese, Photo