Skip to main content

Posts

နေရာဟောင်းမှာပဲ လိပ်စာသစ်နဲ့ MgHla...

ကျတော် မောင်လှ နေရာဟောင်းဖြစ်တဲ့ blogspot.com မှာပဲ နေထိုင်လျှက်ရှိပြီး ပြည်တွင်းမှ ဆက်သွယ်မယ့်သူများအတွက် ကျော်ခွစရာမလိုတဲ့ http://blog.mghla.com ကနေ ဆက်သွယ်နိုင်ပါတယ်... ပြည်ပရောက်သူများကတော့ မူလ လက်ဟောင်း http://mghla.blogspot.com မှလည်း ဆက်လက် အလည်လာရောက်နိုင်ကြောင်းပါ... blogger.com ကို ဝင်ရောက် လော့အင်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် comment များကို ပြန်လည် ဖြေကြားခြင်းမပြုနိုင်သေးသည်ကို ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါသည်...

မနေ့က...

မနေ့က ပုဇွန်တောင်ဘက်မှာ နေ့တဝက်ကျော်ကြာအောင် နေဖြစ်တယ်... ပိတ်ရက်ဆိုတော့ လုပ်စရာ မရှိတာရော၊ အဆောင်မှာ တစ်ယောက်တည်း နေရမှာ ပျင်းတာကြောင့်ရော မောင်ရမ်းနဲ့ လိုက်သွားဖြစ်တယ်...  ကွန်ပျူတာသွားပြင်ပေးတာပါ... အပြန်မှာ နာမည်ကြီး ရွှေ့ဧည်သည် စီးဖြစ်တယ်... ထိုင်ခုံအပြည့်သာတင်တဲ့ ရွှေဧည့်သည်မှာ မတ်တပ်ရပ်ပြီး လိုက်စီးရတယ်... ၃-မှတ်တိုင်လောက်ရောက်မှ ထိုင်စရာ နေရာ ကြပ်ကြပ်တည်းတည်းရတယ်... နောက်ထပ် လူတွေ ထပ်တက်လာလိုက်တာ မတ်တပ်ရပ်တဲ့လူတွေ ကားအပြည့်ပဲ... မနေ့က အစ်နေ့မို့လို့လားတော့ မသိဘူး... ကားပေါ်မှာ မွတ်စလင်တွေ များတယ်... ဘာဖြစ်လို့လည်းမသိဘူး... ဘဲချီးစော်နံတယ်... အဲကွန်းလည်း မဖွင့်ဘူး... လှိုင်သာယာဘက် ပြန်တဲ့လူတွေများတယ်... ကြပ်ကြပ်တည်းတည်း၊ ဘဲချီးအနံ့ရှူပြီး မြန်မာကျပ်ငွေ ၃၀၀-ကျပ်ပေးပြီး ရွှေဧည်သည်ကြီးကို မနေ့က စီးခဲ့ရကြောင်းပါ...

blogspot.com ကို ban ပြီ...

blogspot.com ကို Myanmar Teleport (ယခင် BaganNET) မှ ပိတ်ပင်ထားဆီး လိုက်ပြီ ဖြစ်ပြီး MPT (မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း) အသုံးပြုနေသူများဘက်မှာတော့ ပိတ်ပင် တားဆီးမှု မရှိသေးကြောင်း သိရပါသည်… Access has been denied The access to requested URL has been denied. mghla.blogspot.com/ To have the rating of this web page re-evaluated please contact your administrator.

Google talk (Gtalk) Avatar #2

Gtalk Myanmar, Glass button, avatar,

Google talk (Gtalk) Avatar

မအားမယား ဒီနေ့မနက်ပိုင်း လုပ်လိုက်မိတဲ့ Gtalk avatar လေးတွေ... ... မည်သူမဆို လွတ်လပ်စွာဖြင့် အခမဲ့ ကူးယူ သုံးစွဲနိုင်ပါကြောင်း ... My Labels: Graphic Design, Glass button, avatar, Gtalk Myanmar,

Dynamic Report in Microsoft Access

မောင်လှရေ... မှတ်ထားဦးကွယ့်... Microsoft Access မှာ Crosstab Query ကို Report ထုတ်မယ်ဆိုရင် ဒီလိုလေး ထုတ်ရတယ်... Table တွေ ရှိပြီးသား ဆိုရင်တော့ ပထမဆုံးလုပ်ရမယ့် အလုပ်က Crosstab Query တစ်ခု တည်ဆောက်ရမယ်... ဟော့ဒီမှာ crosstab query design ကို နမူနာကြည့်ပါဦး... အဲဒီမှာ OutletID, OutletName, VrNo, NetAmt တွေက Row Heading လို့ရွေးထားတယ်... Stock ဆိုတဲ့ field ကိုတော့ Column Heading ဆိုပြီး ရွေးထားလိုက်တယ်... NetQty ကိုတော့ Value လို့ရွေးလိုက်တယ်... ရက်အလိုက်ရွေးကြည့်လို့ ရအောင် Date ကို Where ဆိုပြီး ရွေးထားတယ်... အဲဒီ query ကို run ကြည့်မယ်ဆိုရင် အောက်က ပုံစံမျိုးပေါ်လိမ့်မယ်... အဲဒီမှာ Date တစ်ခု လာတောင်းလိမ့်မယ်... 6/27/2007 ဆိုပြီး ရိုက်ထည့်လိုက်တယ်... အဲဒီနေ့ဟာတွေပဲ ဖော်ပြပေးပါတယ်... query ကို ပိတ်ပြီး နောက်တစ်ခေါက် ပြန် run ကြည့်ပါဦး... ဒီတစ်ခါ 6/28/2007 လို့ရိုက်ထည့်ကြည့်ပါ... ဘာတွေ့ရမလဲဆိုတော့ Row Heading လို့ပြောထားတဲ့ OutletID, OutletName, VrNo, NetAmt တွေက data တွေ မတူနိုင်ပေမယ့် ပုံသေ column တွေ အနေနဲ့ ဖော်ပြပေးပြီး Column Heading လို့ ရွေးထားတဲ့ Stock ကတော့ အဲဒီနေ့မှာ ၁၀-မျို