Skip to main content

Posts

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၃

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၂ နေ့လယ်စာ စားချိန်ရောက်တာနဲ့ အဲဒီ အနောက်တောင် တောင်ခြေနားမှာရှိတဲ့ နာမည်ကြီး ထမင်းဆိုင် တစ်ခုမှာ သွားစားပါတယ်... မှို စပယ်ရှယ်လစ် လုပ်ထားတဲ့ ဆိုင် ထင်ပါတယ်... စားရတာ မဆိုးပါဘူး... တော်တော် ခမ်းခမ်းနားနားရှိတဲ့ ထမင်းဆိုင်ကြီးရဲ့ အိမ်သာကတော့ ဟောင် ဟောင် နံဟောင်နေပါတယ်... တော်ပါသေးရဲ့... အနံ့တွေ ထမင်းစားပွဲတွေ အထိ ရောက်မလာပေလို့... ထမင်းစား ပြီးတော့ ပန်းခြံကို သွားပါတယ်... ပန်းခြံနာမည်က Expo Garden လို့ခေါ်ပါတယ်... ဒါက ပန်းခြံ အဝင်ပေါက်က ကြိုဆိုနေတဲ့ ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ ပန်းနာရီကြီးပေါ့... ဟော... ပန်းခင်းလမ်းကို လျှောက်ကြမယ်... ပန်းခင်းလမ်းဆိုလို့ ပန်းတွေ ပေါ်ကတော့ တက်မလျှောက် ရဘူးနော်... သြော် မေ့သွားလို့ ပန်းခြံက တရုတ်မ ဂိုက်ခေါ်ခဲ့သေးတယ်ဗျ... မြန်မာလို ပြောတတ်လို့ ခေါ်တာလား ဟုတ်စ... မပြောတတ်ပါဘူးဗျာ... တရုတ်လိုပဲ ရှင်းပြတာဗျ... ကျတော်မျိုးတို့ ဘယ်နားလည်မှာ လဲဗျာ... ကျတော်တို့ရဲ့ စကားပြန်က ဘာသာပြန် ပေးရတာပေါ့ဗျာ... ဟိုးမှာ တွေ့နေရတဲ့ ပန်းသင်္ဘောက ရှေးက တရုတ်တွေ ကမ္ဘာပတ်ခဲ့တဲ့ သဘောင်္လို့ ပြောတာပဲ... ဒီလိုလေးတွေနဲ့ အလှဆင်ထားတယ်...

Myanmar Teleport New Internet Service

BaganNET မှ အရေခွံပြောင်းလဲထားတဲ့ Myanmar Teleport ကနေ Broadband WiMAX နည်းပညာကို အသုံးပြုပြီး Internet, E-Mail & VOIP အသုံးပြုလို့ရမယ့် ၀န်ဆောင်များကို မကြာမီကာလအတွင်းမှာ စတင်တော့မှာ ဖြစ်ကြောင်း ယင်း၏ web site ပါ ကြေငြာချက်အရသိရပါတယ်... ဖုန်းလိုင်းမရှိသူများအတွက်လည်း VOIP ဖုန်းလိုင်းတစ်လိုင်း ထပ်ယူနိုင်တယ်လို့ သိရပြီး တပ်ဆင်သူများကို တစ်လတိတိ လစဉ်ကြေး အခမဲ့ဖြစ် သုံးစွဲနိုင်အောင် စီစဉ်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်... My Labels: Myanmar News, Mandalay News, Yangon News

ကောင်းကင်ပေါ် တက်မယ်

ကောင်းကင်ပေါ် တက်မယ်

စိတ်ချလက်ချ အိပ်ပါလေ

စိတ်ချလက်ချ အိပ်ပါလေ

ရွှေတိဂုံစေတီတော်

ကိုဘဦးစပြီး ဦးစီးလုပ်တဲ့ http://wpd-mm.blogspot.com/ အတွက် တင်ဖို့ ဓာတ်ပုံတွေ လိုက်ရှာရင်း၊ ပြင်ရင်းနဲ့ ဒီပုံကို ကျတော့်ရဲ့ ဘလော့မှာပါ မတင်ရသေးလို့ တင်လိုက်ပါတယ်... My Labels: Photo, ,ShweDagon Pagoda, ဓာတ်ပုံ, ရန်ကုန်