Skip to main content

Posts

“Results Based Management (RBM)” by Prof. Dr Aung Tun Thet

မနေ့က ရန်ကုန် MICT Park မှာ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ “Results Based Management (RBM)” ဆိုတဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်... နောက်ကျမှ ရောက်သွားတဲ့ပြီး နေရာမရ ဖြစ်ခဲ့ရတဲ့အတွက် ရှေ့ပိုင်း ဟောပြော ပို့ချမှုများကို မမှီလိုက်သလို နောက်ပိုင်းမှာလည်း ဓာတ်ပုံရိုက်ချင်စိတ် များပြီး ဆရာကြီး ဘာတွေ ဟောပြောသွားမှန်း သေချာမသိလိုက်ပါပါဘူး... ဆရာကြီး ဟောပြောတဲ့ အစီအစဉ် အပြီးမှာ ကော်ဖီ၊ မုန့်များနဲ့ တည်ခင်း ဧည့်ခံပါတယ်... ပြီးတော့ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြား ပေးသလို တက်ရောက်လာသူ ဆရာကြီး၊ ဆရာမကြီးများကလည်း မေးမြန်းသလိုလိုနဲ့ stage အောက်က ဟောပြောပွဲလေး ဖြစ်အောင် ဖန်တီးသွားပါတယ်... ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မေးမြန်းမှုများကိုပြန်လည် ဖြေဆိုရာမှာလည်း မှတ်သားစရာ အများကြီး ပါပါတယ်... ဆရာကြီးရဲ့ ဟောပြောချက်များကို http://www.mit.com.mm/seminar.asp မှာ download လုပ်ပြီး ရယူနိုင်ပါတယ်... ဒီပွဲကို MIT မှ စီစဉ် ဆောင်ရွက်ပေးတာဖြစ်ပြီး City Mart နဲ့ Europe & Asia Commercial Co., Ltd. တို့က sponsor ပေးကြောင်း သိရပါတယ်... ဆရာကြီး Prof. Dr Aung Tun Thet (U

မန္တလေးက Blogger တွေ...

http://komoeyay.blogspot.com/ တဝက်တပျက်နဲ့ ရေးထားတဲ့ post ထဲမှာ ပါတဲ့ သူငယ်ချင်း မောင်းမိုးရေးတာပါ... MIT ကျောင်းက B.E ဘွဲ့ ရထားတဲ့ သူငယ်ချင်း မလေးရှားရောက်တော့ သူဒုက္ခရောက်တာမျိုး ကျန်တဲ့သူတွေ မရောက် စေချင်လို့ အသိပညာတွေ ဖလှယ်ထားတယ်လို့ ဆိုပါတယ်... MCC - Mandalay နဲ့ ပတ်သက်ခဲ့ဖူးတဲ့ သူဆိုရင် သူ့ကို သိကြပါလိမ့်မယ်... http://nwaihninn.blogspot.com/ NativeMyanmar Forum က နွေနှင်းဆိုတဲ့ မန္တလေးသူ တစ်ယောက်ရဲ့ အသိအမြင်နဲ့ ခံစားချက်တွေကို ဖတ်ကြည့်ပါဦး... http://chaweimahn.blogspot.com/ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေရေးပြီး ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိခဲ့ဖူးတဲ့ မန္တလေးသူ တစ်ယောက် ဖြစ်တဲ့ အပျိုဂျီး မချောအိမာန် (မန္တလေး) ရဲ့ blog ပါ... My Labels: Links, Myanmar Blogger, Mandalay,

မိုးရွာရင်...

ဖိုးချမ်းက တက်ထားတယ်တဲ့... အဲဒါ ပြန်တက်လိုက်ပါဦးဆိုလို့.. ပြန်တက်နေမိတယ်... ဟေ့ဖိုးချမ်းရေ... ငါတော့ တက်နေတာ မရောက်ကို မရောက်နိုင်တော့ဘူးဆိုမှ... ဟုတ်ဘူးလေ ကိုတုံရ... မိုးရွာရင် ဆိုတဲ့အကြောင်းကို ရေးခိုင်းတာတဲ့... ဒါနဲ့ပဲ ရေးပါပြီဗျာ... မောင်လှတို့ကတော့ မိုးရွာရင် ခပ်ရှင်းရှင်းပဲဗျ... အအေးမိပြီး ဖျားမှာစိုးလို့ အိပ်တယ်ဗျာ... ကဲ ဖိုးချမ်းရေ... အိပ်ပြီဆိုတော့ ဘာမှ ဆက်ရေးစရာ မလိုတော့ဘူးဟုတ်လား... သြော်.. ဖိုးချမ်းက နည်းနည်းပါးပါတော့ ရေးပါဦးဆိုလို့ ဘလော့ဆာဗာမှာ နေရာဖြုန်းလိုက်ဦးမယ်... 1996 ခုနှစ် က အကြောင်းပေါ့ဗျာ... .... အပေါ်က စာကြောင်းတွေက ၁၆-၆-၀၇ တုန်းက ရေးခဲ့တာ... 1996 ခုနှစ်က အကြောင်းဆိုတာ ဘာလဲ မမှတ်မိတော့... သြော် .. ပြန်မှတ်မိပြီ... အခြေခံ သင်တန်း တက်ပြီး BISCA စရေးတတ်ခါစကပေါ့... စလုံးတွေကို ဘယ်ကနေညာ သွားရင် လွယ်တယ်... ခုမှ စရေးတာဆိုတော့ စာလုံးတွေ ညာဘက်ကနေ ဘယ်ဘက်ကို ဘယ်လို ရွှေ့ရမှန်းမသိဘူး... အဲဒါ စဉ်းစားရင်း မိုးရွာထဲမှာ အိမ်ကို ပြန်သွားတာ အိမ်ပြန်ရောက်တော့ လက်ပတ်နာရီကို ချွတ် .. လျှပ်စစ်မီးဖိုပေါ် တင်ထားပြီး ရေနွေးအိုးကို အဲဒီပေါ် ထပ်တင်မိတာ မနက်ရောက်တော့ နာရီ မီးကင် ဖြစ်သွားလေေ

ထူးအိမ်သင် (HtooEainThin.com) web site အတွက် အလှူငွေ ထည့်ရအောင်

ထူးအိမ်သင် ( HtooEainThin.com ) web site အစဉ်အမြဲ ရေရှည် တည်တံ့နေစေရေးအတွက် အလှူငွေများကို အောက်ဖော်ပြပါ Make a Donation button ကို နှိပ်ခြင်းအားဖြင့် လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ My Labels: htooeainthin.com, het, htooeinthin,

ဒါနဲ့စကားမစပ်...

အခု မန္တလေးပြန်ရောက်နေတာ ဒီနေ့ဆိုရင် ၁-ပတ်ပြည့်ပြီ... ရုံးက လူတွေ ရက်စက်လိုက်ကြတာ ကျတော် မရှိတုန်း ကျတော့်အခန်းထဲက Air-con ဖြုတ်ပြီး လူမနေသေးတဲ့ အပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ တပ်ထားလို့ အခုတော့ ကျတော်လေ တောင်ဘက်နဲ့ အနောက်ဘက်က နေထိုးတဲ့ အခန်းထဲမှာ အလုံပိတ်နေရင်း ချွေးထုတ်နေရကြောင်းပါ... air-con မရှိရင် ပူလိုက်တဲ့ မန္တလေး နွေနေ့လယ်ခင်းများ၊ air-con မရှိရင် နေလို့မရတဲ့ လှိုင်သာယာ နေ့လယ်ခင်းများ ပါတကား... လှိုင်သာယာမှာ မနက်စောစောစီးစီး ကတည်းက ပူတယ်၊ အိုက်တယ်... မန္တလေးမှာတော်သေးတယ်... လှိုင်သာယာမှာ မနက်ခင်း ရေချိုးပြီးရင် ချွေးသီးချွေးပေါက်တွေ ထွက်တယ်... မန္တလေးမှာ တော်သေးတယ်... ဒါပေမယ့် ညဘက် တော်တော် ပူတယ်... အင်း ... လှိုင်သာယာ တစ်ဖြစ်လဲ ရေဥက္ကံရွာလေးရေ... ဒီတပတ်အတွင်း မင်းဆီ ငါလာခဲ့ပါဦးမယ်...

လှူပါရစေ...

ရွှေတိဂုံ ဘုရားပုံကို desktop ပေါ်မှာ wallpaper အဖြစ် အလွယ်တကူ အဆင်ပြေပြေသုံးနိုင်အောင် 1024 x 768 pixels အရွယ်အစားနဲ့ ပြုလုပ်ပေးထားပါတယ်... အခုမြင်နေရတဲ့ ပုံပေါ် ကလစ်ခေါက်ပြီး 1024 x 768 pixels အရွယ်အစားရှိတဲ့ ပုံကို ရယူပါ... My Labels: Photo, ShweDagon Pagoda, ရွှေတိဂုံ

ရွှေတိဂုံဘုရားကို ဖူးခဲ့တယ်...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတိဂုံဘုရားကို ဖူးခဲ့ပါတယ်... သွားမယ် သွားမယ် ပြင်ရင်း ၂-ပတ်ကြာမှ ရောက်ပါတယ်... ဓာတ်ပုံ ပုံ-၇၀ လောက် ရိုက်ဖြစ်ခဲ့ပါတယ်... အလွန်အင်မတန်တော်လှတဲ့ မောင်လှရဲ့ လက်ထဲက ထွက်တဲ့ ဓာတ်ပုံတွေ တော်တော်များများကို မောင်လှ ကိုယ်တိုင် မကြိုက်ပါဘူး... အောက်ကပုံလေးတွေကတော့ ကြိုက်မိတဲ့ ပုံလေးတွေပါ... ဒီဓာတ်ပုံ ၃-ပုံကို ကြိုက်တဲ့နေရာမှာ ကြိုက်သလို ယူသုံးနိုင်ပါတယ်... My Labels: Photo, ShweDagon Pagoda