Skip to main content

Posts

ဟေး.... ပျော်လိုက်တာ... ဒါပေမယ့်... ဝမ်းလည်းနည်းတယ်...

ဟေး.... ပျော်လိုက်တာ... ရုံးက အရင်က 5-ရက်ခွဲပဲ ပိတ်မယ်လို့ ကြေငြာထားသည်... ခု ၁၂-ရက်ကနေ ၂၁-ရက်နေ့အထိ ၁၀-ရက် ပိတ်မယ်တဲ့... ပျော်လိုက်တာ... ဟာ... ဝမ်းနည်းလိုက်တာ... ကျတော်တို့လို လခစား ဝန်ထမ်းတွေ အတွက်တော့ မဟုတ်ပါဘူး... နေ့စား အလုပ်သမား ဝန်ထမ်းတွေ အတွက်ပါ... ဒါက နေးတစ်မှာ ရေးခဲ့ဖူးတာလေးပါ... Tue Mar 27, 2007 5:13 pm အစိုးရ ရုံးပိတ်ရက်တွေ လိုက်မပိတ်လို့ မကျေနပ်မိဘူး... ခုမှ ပြန်စဉ်းစားကြည့်တော့ ကျတော်တို့လို လခစားတွေအတွက် မကောင်းပေမယ့်... ဈေးချိုတို့ ဘာတို့မှာရှိတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေဘက်ကို ပြန်ကြည့်ရင်တော့ ဟုတ်နေတယ်... သူတို့ တစ်ရက်ပိတ်လိုက်ရင် စားစရာ သောက်စရာ မရှိတဲ့ ဘ၀ကို ရောက်သွားနိုင်တယ်... သင်္ကြန်မှာလည်း ဈေးချို (၁၀)ရက် မပိတ်ဘူး... ၁၀-ရက် ပိတ်ရမယ်ဆို ၂၁-ရက်နေ့အထိ ပိတ်မယ်... ၂၃-ရက်နေ့ကလည်း ဥပုသ်နေ့... ၁၂၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ စုစုပေါင်း ၅-ရက်... အဲဒီ ၅-ရက်စာကို သူတို့ ဘယ်လို စားသောက်ကြမလဲ... သူတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ အလျင်မီတာမဟုတ်ဘူး ခင်ဗျ... စုဆောင်းထားတာလေးတွေ ရှိမယ်လို့ မပြောနဲ့ဦး... မနက်နက်ဖြန်၊ သဘက်ခါ မရသေးတဲ့ လုပ်ခတွေကို အပေါင်ဆိုင်တွေမှာ ချေးငှာ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ကျတော့်ဆီကို The Voice က တောင်းပန်e-mail ပို့ပါတယ်... ကျတော်မထင်ထားတဲ့ Living Color ရဲ့ အကြီးအကဲ တစ်ယောက် ဖြစ်နေတယ်... ကျတော် ပိုက်ဆံမက်လို့၊ ငွေမက်လို့ ကန့်ကွက်ခဲ့တာ မဟုတ်ရပါဘူး... ယူသုံးမယ်ဆိုရင် အသိပေးမှုလေးပဲ လိုချင်တာပါ... အသိပေးမှုလေး လုပ်ခဲ့မယ်ဆိုရင် ကျတော့်အတွက် အပန်းမကြီးဘူး၊ ကူညီသင့်တယ် ထင်ရင် ထပ်ပြီးတော့ကို ဓာတ်ပုံရိုက်ပြီး ပုံကြီးကြီးတွေ ထပ်ပို့ဦးမှာ... ဒါနဲ့စကားမစပ်... ကျတော်ဘာဖြစ်လို့ ဘလော့တွေ ရေးနေမိတာလဲ... ပိုက်ဆံရလို့လား... ငွေကြေးလိုချင်လို့လား... ဟုတ်ရပါဘူး... ဝါသနာအရ ရေးနေတာပါ... စိတ်ထွက်ပေါက်ရဖို့ ကျတော် ဘလော့ရေးတယ်... ဖိုရမ်ရေးတယ်... လုပ်ငန်းခွင်မှာဖြစ်နေတဲ့ stress ကို ဘလော့မှာ ပြန်လာဖွင့်ထုတ်တယ်... ကျတော့် ဘလော့ရဲ့ အစပိုင်းတွေကို ပြန်ကြည့်ပါ... ညည်းညူမှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့ရလိမ့်မယ်... ဘယ်သူ့ကို အားကျပြီး ဘလော့ရေးခဲ့လဲဆိုတော့ ကိုarloo ကို အားကျပြီးရေးခဲ့တယ်... အဲဒီတုန်းက သူက english လိုရေးတယ်... ကျတော်က english လို မရေးတတ်တော့ မြန်မာလို ရေးတယ်... HTML code တွေ တီးမိခေါက်မိ အနည်းငယ်သိတဲ့ ကျတော် စမ်းသပ်ရင်းနဲ့ ဘလော့မှာ မြန်မာလိုရေးလို့ ရသွား

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၃

ပြောရဦးမယ်... မောင်မိုးဆိုတာ ဆော်ကြည်ဘဲ... မှတ်မိသေးသည်... ၁၀-တန်း Physics ကျူရှင်က ကောင်မလေး တစ်ယောက်ကို မောင်မိုးစာပေးသည်... အနှီကောင်မလေးလည်း မောင်မိုးကို ပြန်ကြိုက်သည်... မောင်မိုး ထိုကောင်မလေးကို ပေးသောစာမှာ ကျတော် ပေါက်ကရရေးထားသောစာ ဖြစ်၏... သူများတွေလို ပန်းနုရောင်ဖျော့ဖျော့ အချစ်သင်္ကေတလေးတွေနှင့် နုနုရွရွ ရေးထားသော စာဟု ထင်လျှင်သော မှားသွားလိမ့်မည်... မောင်မိုး၏ ဗလာစာအုပ် နောက်ကျော... မောင်မိုး ကာတွန်းပုံအကြမ်းများ ဆွဲထားသော နေရာအောက် စုတ်စုတ်ပြတ်ပြတ် ပေါက်ကရ လျှောက်ရေးထားခြင်း ဖြစ်သည်... “မင်း ကိုယ့်ကို ပြန်မကြိုက်ရင် ကိုယ့်ရဲ့ အသည်းနှလုံးကို အယ်လ်ကိုဟောထဲ စိမ်လိုက်တော့မည်...” “နစ်ကိုတင်း ဓာတ်ငွေ့တွေထဲမှာ ကိုယ့်ရဲ့ အချစ်တွေကို မြှုပ်နှံလိုက်တော့မယ်...” ဆိုတဲ့ စကားလုံးတွေ ပါတာတော့ မှတ်မိသည်... ကျတော့် လက်ရေးနှင့် ထိုရည်းစားစာကို မောင်မိုးက ပြန်မကူးဘဲ ထိုအတိုင်းပေးလိုက်တာ... အနှီကောင်မလေးက သူ့ကိုပြန်ကြိုက်လေသည်... ကြာကြာတော့ မခံပါ... ထိုဇာတ်လမ်းက လက်လေးတောင် မကိုင်လိုက်ရဘဲ ဆယ်တန်း စာမေးပွဲ ဖြေပြီးတော့ ပြီးသွားလေသည်... မောင်မိုးအသက်ထက် သူ့ကောင်မလေး အရေအတွက်က ပိုများမည်ဟု ထင်သည်.

Robo V2

မနေ့က တင်တာ metacafe က ချက်ချင်းမတက်တာနဲ့ ခုမှ တင်နိုင်ပါတယ်... V2 ကို ကလေးတွေ နှိပ်စက်နေကြပုံပါ... အခု ဘလော့လောကမှာ ကိုယ်တိုင် ဖန်တီးမှု မလုပ်ပဲ၊ ညွှန်းတာလည်း မဟုတ်ဘဲ ဘလော့ပို့စ်များကို ဒါရိုက်ကူးယူးပြီး ဖော်ပြနေတဲ့ မြန်မာဘလော့တွေ တော်တော်များများ ပေါ်နေပါတယ်... ကိုယ်တိုင် ဖန်တီးနေကြတဲ့သူတွေကို စိတ်ပျက်ရအောင် မလုပ်ကြစေချင်ပါ...

D Corner V2 Robot သရုပ်ပြပွဲ

မနေ့က ကိုသခင်ကြီး ရယ်၊ ကျတော်ရယ်၊ ဘုဃံဏက် ရယ် Skywalk မှာ D Corner က လုပ်တဲ့ V2 စက်ရုပ်ပြပွဲနဲ့ IT ပစ္စည်းများ ပြပွဲကို ရောက်ခဲ့လေသည်... ဒီအပေါ် ၂-ပုံက D Corner က ကိုကျော်ကျော်က V2 စက်ရုပ် အကြောင်း ရှင်းပြနေတာပါ... အိမ်စောင့်နိုင်တယ်... စကားပြန်ပြောနိုင်တယ်... ဓာတ်ပုံရိုက်ရင် အိုက်တင်ပေးတတ်တယ်... ပစ္စည်းလှမ်းတောင်းတတ်တယ်... ဘယ်သွားမလဲဆိုတာ မေးတတ်တယ်... စိတ်တိုတတ်တယ်... ကတတ်တယ်... လူတွေရဲ့မျက်နှာကို လိုက်ကြည့်တတ်တဲ့ စက်ရုပ်ပါ... ညဘက်ဆို ၁၅-ပေ အကွာအဝေးမှာ လှုပ်ရှားမှုရှိရင် အချက်ပေးတယ်လို့ ဆိုပါတယ်... စိတ်ဝင်စားဖို့ကောင်းတဲ့ စက်ရုပ်လေးပါ... စက်ရုပ်တန်ဖိုးက ကျပ် ၁၀-သိန်း ဝန်းကျင် ဖြစ်ကြောင်း သိရပါတယ်... ကိုကျော်ကျော်က သူတကယ် ရောင်းချင်တာ စက်ရုပ်မဟုတ်ပါဘူးတဲ့... Digital Camera, နဲ့ TV Wii Game စက်တွေပါတဲ့... စက်ရုပ်က မန္တလေးကလူတွေ စိတ်ဝင်စားအောင်၊ မြင်ဖူးအောင် ယူလာတယ် ဆိုပါတယ်... အပေါ်က ပုံက သင်္ကြန်ကင်မရာပါ... ကျတော်တို့ကို D Corner က မမ တစ်ယောက် ရှင်းပြပေးနေတာပါ... Olympus က ထုတ်လုပ်တာဖြစ်ပြီး model ၂-မျိုး ရှိပါတယ်... ၁-မျိုးက ၅-သိန်း ဝန်းကျင်ဖြစ်ပြီး၊ နောက် ၁-မျိုးက ၆-သိန်း ဝန်းကျင်ပါ... လက်ေ

Chindwin College - MDY

ဒီနေ့ မနက် Sedona hotel မှာ ကျင်းပပြုလုပ်တဲ့ Chindwin College ရဲ့ ကျောင်းကဖွင့်လှစ်မယ့် သင်တန်းများနဲ့ ပတ်သက်တဲ့ seminar တစ်ခုကို သွားခဲ့ပါတယ်... ဆယ်တန်းဖြေပြီးသူတွေ၊ G.T.I ပြီးထားသူတွေ၊ B.Tech ရထားသူတွေနဲ့ အခြား တက္ကသိုလ်တက်ရောက်နေသူများ တက်ရောက်နိုင်တဲ့ Engineer နဲ့ ပတ်သက်တဲ့ Edexcel BTEC Higher National Diploma လက်မှတ်ရ Junior Engineer သင်တန်းတွေ မွေးထုတ်ပေးမယ့် သင်တန်း ဖြစ်ကြောင်း သိရပါတယ်... ဒီ diploma ရပြီးရင် ကျောင်းဆက်တက်ချင်တယ် ဆိုရင် UK နိုင်ငံ University of Sunderland မှာ Final Year B.Eng ကို ဆက်လက်တက်ရောက် နိုင်ကြောင်းလည်း သိရပါတယ်... ပထမအသုတ်နေနဲ့ သင်တန်းကို မေလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား ဦးရေ အ ယောက် ၂၀ သာ လက်ခံမှာ ဖြစ်ကြောင်းလည်း သိရပါတယ်... ဆက်သွယ်နိုင်မယ့် လိပ်စာက - Sabai Building, Bet 77 & 78, 31 & 32 St., Mandalay ဖြစ်ပါတယ်...