Skip to main content

Posts

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်ဗျာ... အိမ်မှာ အခုခေါ်ထားတဲ့ ကလေးထိန်း ကလေးမလေးအကြောင်းပြောရဦးမယ်... အဲဒီ ကလေးမလေး အိမ်ရောက်လာတော ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ဟင်းတွေ မကြိုက်ဘူးတဲ့လေ... အိမ်မှာ ခရမ်းချဉ်သီး အနှစ်နဲ့လုပ်တဲ့ ရှမ်းခေါက်ဆွဲကျွေးတော့ ကောင်းလိုက်တာတဲ့... ဒါပေမယ့် ဟင်းထဲမှာထည့်ချက်တဲ့ ခရမ်းချဉ်သီး အနှစ်တော့ ခုချိန်ထိ မကြိုက်သေးဘူး... ၀က်သား စားလားဆိုတော့ မကြိုက်ဘူးတဲ့ ၀က်ဆီတော့ စားတယ်တဲ့... အဲဒီ ပထမဆုံး ထမင်းစားတော့ အဆီတုံးထည့်ထားပေးပြီး အသားစားချင်ရင် ထည့်စားလို့ပြောလိုက်တယ်... နောက်အခေါက်တွေ ထမင်းစားတိုင်း အဆီတုံးတင်မက အသားပါကြိုက်သွားပြီ... ကြက်သားကိုတော့ ခုအချိန်ထိ မကြိုက်လို့တဲ့ လုံးဝ မစားသေးဘူး... အမဲသားဆိုရင်လေ သားရေပြားကြီးလို ဆွဲပြီးစားရမှ ကြိုက်တာတဲ့... ဟင်းမရှိရင်နေပါစေတဲ့ .. ငရုတ်သီးကျော်ရှိရင် ထမင်းစားလို့ ရတယ်တဲ့... ကျပ်ပြားဝိုင်းလောက်ရှိတဲ့ အကြော်တစ်တည်းနဲ့ ထမင်းတစ်နပ် စားတတ်တယ်... ၁၅၀-ကျပ်တန် ထန်းခေါက်ဖာလေးကို ဈေးကြီးလို့ မ၀ယ်ဘူးတဲ့လေ... ... ဒီ post ကို e-mail နဲ့ ပေးပို့တာပါ...

တောင်းပန်ပါတယ်ဗျာ...

တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒီ ပက်ကျိက အဘေး ခေါ်ရလောက်တဲ့ internet speed နှေးနှေးမှာ post တင်ရင် ကျော်ခွပြီးတင်ရတာ စိတ်မပါလို့ မတင်ဖြစ်တာ တောင်းပန်ပါတယ် ခင်ဗျာ...  template ကို အခြားပုံစံ ဖြစ်အောင် ပြင်ချင်ပေမယ့်လည်း နှေးကွေးလှတဲ့ စပီကြောင့် အလုပ်မတွင်ကျယ်လို့ မပြင်ဖြစ်တာကိုလည်း တောင်းပန်ပါတယ်ဗျာ... ကျတော့် ဘလော့မှာ နောက်ခံ သီချင်း ထည့်ထားမိတာကို တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်... ဘလော့နောက်ခံ မျက်စိနောက်အောင် ကနုပ်ပန်းတွေထည့်ထား မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... သင်ပြပေးမယ့်ဆရာမရှိဘဲနဲ့ ဒီလို ပေါက်တတ်ကရ ဘလော့ဖြစ်အောင် လုပ်မိတာ ............................................................... ............................................................... ............................................................... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... မှတ်ချက် - မည်သူ့ကိုမှ ပြောချင်းမဟုတ်ပါ... တောင်းပန်ချင်လွန်းလို့ပါ... အထဲမှာ နေရတဲ့ ကျတော်တို့ရဲ့

http://awlanmg.blogspot.com/

ကိုအော်လံမောင်ရဲ့ ဘလော့မှာ သွားဖတ်ကြည့်ပါဦး ... တွေးစရာ တောစရာ “Social Donation လုပ်တယ် ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး။ ကိုယ့်နိုင်ငံ အတွက် လုပ်နေတာ ဆိုတာ သတိရှိကြဖို့ လိုတယ်” ကဆုန်လပြည့်နေ့က ထိုင်းမှာကျင်းပတဲ့ ဗုဒ္ဓဘာသာ ညီလာခံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကလေး တစ်ခုကို ပြောပြမယ်။ Panel Discussion တစ်ခုမှာ ဘုန်းကြီးတစ်ပါးက ဘာထပြောသလဲဆိုတော့ ဆူနာမီရေလှိုင်းဒဏ် အခံရဆုံးဖြစ်တဲ့ ဖူးခက် ကမ်းခြေ နားက ဗုဒ္ဓ ဘာသာ ၀င်တွေ ခရစ်ယာန်ဖြစ်ကုန်ကြပြီင်္ လို့ ထောက်ပြတယ်။ ဆူနာမီခံလိုက်ရတဲ့ သူတွေမှာ စားစရာမရှိ၊နေစရာမရှိ ဖြစ်နေတာကို [more...]

Mandalay News

ဖျော်ဖြေရေး သတင်း... မန္တလေးမြို့၊ မြို့တော် ခန်းမ (၁) မှာAlex   ရဲ့ One Man Show ဖျော်ဖြေပွဲကို ၂၀-၁၀-၀၆ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး   IC (Iron Cross) အဖွဲ့ရဲ့ ဖျော်ဖြေပွဲကိုတော့ ၂၅-၁၀-၀၆ နေ့မှာ၂၅-၁၀-၀၆ နေ့မှာ Mandalay   Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာများအရသိရပါတယ်...

ဟောဒီက ယူကြဦးမလား...

ဟောဒီက ယူကြဦးမလား... USB storage device တွေထဲကူးတဲ့ အကောင်လေး... လိုချင်တယ်ဆိုရင် ဒီနေရာကနေ ကလစ်လုပ်ပြီး ရယူပါ... သူ့ဘာသာသူ ထည့်ထားရင် ဘာမှ မဖြစ်ဘူး စိတ်ချပါ... zip ဖိုင်ကို ဖြေ... ထွက်လာတဲ့ MTH.exe ကို run လိုက်မယ် ဆိုရင်တော့ အလုပ်လုပ်ပါတယ်... ဘာလုပ်လဲဆိုတော့ USB memory stickတွေ အဲဒီကွန်ပျူတာမှာ တပ်လိုက်မယ်ဆို MTH.exe ဖိုင် အဲဒီ USB memory stick ထဲ ရောက်သွားလိမ့်မယ်... digital camera တပ်လည်း ရောက်မှာပဲ... Norton နဲ့ စစ်ကြည့်တယ် မသိဘူး... Trend Micro နဲ့စစ်ကြည့်တယ် မသိဘူးတဲ့... မြန်မာနိုင်ငံက တစ်ယောက်ယောက် ရေးထားတာ ဖြစ်နိုင်တယ်... အဲဒီ MTH.exe မန္တလေးမှာ တော်တော် ပျံ့နေတယ်ဆိုပဲ... MTH.exe ကို ဖျက်ချချင်တယ်ဆိုရင်... နောက်ထပ် USB storage device တွေထဲ မကူးချင်တော့ဘူး   ဆိုရင် ဒီလို လုပ်ပါ...   ၁. Task Manager ထဲဝင် Processes tab ကိုရွေး...   ၂. အဲဒီထဲမှာ iousb.exe ကို ရှာ... right click လုပ်ပြီး End process tree ကိုရွေး...   ၃. ပြီးရင် Windows explorer ထဲဝင်ပြီး c:WindowsSystem32 ကိုသွား iousb.exe   ကိုရှာပြီး ဖျက်ပြစ်လိုက်ပါ...

မန္တလေး-မုံရွာကားလမ်းပေါ်လည်း...

မန္တလေး-မုံရွာကားလမ်းပေါ်မှာ ရှိတဲ့ ညောင်ပင်ဝန်းအနီး ကားလမ်းပေါ်မှာလည်း ရေကျော်နေလို့ ဟိုဘက် ဒီဘက် ကူးလို့ မရဘူး ဖြစ်နေတယ်လို့ သိရပါတယ်...