Skip to main content

Posts

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်နေတယ်လို့ မနေ့ကမှ ရန်ကုန်က ပြန်ရောက်သူ တစ်ဦးရဲ့ ပြောပြချက် သိရပါတယ်... ၎င်းင်းသည် ရန်ကုန်မှ ၈-ရက်နေ့ ညနေ ၅-နာရီ ထွက်ရှိသည့် ရန်ကုန်-မန္တလေး express ကားဖြင့် မန္တလေးသို့ ပြန်လာရာ လမ်းမတွင် ရေများကျော်နေသည့်အတွက် ၉-ရက်နေ့ နေ့လယ် ၁း၃၀-နာရီ လောက်မှ မန္တလေးသို့ ရောက်ရှိကြောင်းသိရသည်... မီးရထား ခရီးစဉ်များကိုလည်း ၉-ရက်နေ့မှ စပြီး ၅-ရက်တာ ရပ်နားထားကြောင်းလည်း မီးရထား ၀န်ထမ်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူထံမှ ကြားသိရပါသည်...
မောင်လှရေ... မှတ်ထားဦးကွ... အရှင်ကုမာရ ရေးတဲ့ Blog http://ashinkumara.blogspot.com/ နေးတစ်မြန်မာက Mr.White ရေးတဲ့ http://moeyanlwint.blogspot.com/ နေးတစ်မြန်မာက Ko Cho ရဲ့ လိပ်စာသစ် http://kyawthu.co.uk/mmblues/ KoolStar ရဲ့ http://dr-junior.blogspot.com/ မြတ်ဆု ရဲ့ http://flower.colorfulblog.com/ ကိုဂျစ် ရေးတဲ့ http://kyaw-zay-ya.blogspot.com/ ဖိုးချမ်း စုဆောင်းတဲ့ http://notes4pc.blogspot.com/ အခု ရှာရဖွေရတာ အကြိုက်ဆုံး ဖြစ်နေတဲ့ Google ရဲ့ http://www.searchmash.com/ .

ဖန်တုံးပုံစံ button လေးတွေ လုပ်ကြရအောင်...

၁- Rectangle tool ကို အသုံးပြုပြီး rectangle တစ်ခုဆွဲပါ... Layer နာမည်ကိုတော့ One လို့ပေး ပေးပါ... ၂- ပုံထဲမှာ ပြထားတဲ့ အတိုင်း Foreground colour ကို #2D4F9E (C:100 M:80 Y:0 K:0) , Background colour ကို #00ACEC (C:100 M:0 Y:0 K:0) ပြောင်းပေးပါ... ၃- One Layer ကို Layer palette ထဲမှာ select လုပ်ပေးပါ... ပြီးတော့ Gradient over lay effect (Layer Style) ကို ရွေးပြီး foreground colour ကနေ background colour Gradient ကို ထည့်ပေးပါ... ပုံမှာ ပြထားတဲ့ အတိုင်းပေါ့... အပေါ်က အပြာနုရောင် အောက်ကို တဖြည်းဖြည်း အပြာရင့်ရောင် ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့... ၄- ဒီ One Layer ကို duplicate layer လုပ်ပြီး Layer အမည်ကိုတော့ white လို့ ပေးပေးပါ... ၅- white layer ကို Layer Palette ထဲမှာ right click ခေါက်ပြီး clear layer style ရွေးပေးပါ... အဲ.. မေ့သွားလို့ အရောင်ကို အဖြူရောင် ပြောင်းပေးပါဦး... ၆- ဒီ white layer ရဲ့ opacity ကို 25% ထားပေးပါ... ဖြစ်လာမယ့် ပုံစံကို ပုံထဲမှာ ပြထားပေးတယ်ဗျာ... ၇ - One Layer ကို Bevel and Emboss effect ထည့်ပေးပါဦး... ထည့်ရင် တစ်ခုတော့ လုပ်ပေးဗျာ... shadow mode ကို screen ထားပြီး အရေ

မန္တလေး နဲ့ မိုး .... မိုး နဲ့ မန္တလေး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... ကျတော်တို့အိမ်ထဲလည်း ရေတွေ ၀င်တယ်... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်...

Blogger Beta Template

Beta ရဲ့ template ကို ပြောင်းထားပါတယ်... ပြင်စရာတွေ ကျန်ပါသေးတယ်... အချို့ဟာတွေ ဘယ်နားမှာ သွားပြင်ရမှမှန်းလဲမသိဘူး ဖြစ်နေလို့ပါ... အမှားတွေ့ရင်၊ အဆင်မပြေတာတွေ့ရင် ပြောကြပါဦး...

လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ...

မြန်မာ ပြည်တွင်းမှာ ရှိတဲ့သူတွေရော ပြည်ပကလူတွေရော စုဝေးကြတဲ့ နေရာလေး တစ်ခုပါ... လာခဲ့ကြပါ... ၀င်ရောက် ဆွေးနွေးကြပါလို့ ဖိတ်ခေါ်ပါတယ်ဗျာ...