Skip to main content

Posts

Current Mandalay Status

အင်တာနက်ကလည်းနှေး … မီးကလည်းပျက်… ရေကလည်းမလာ … ဒါ ကျတော်တို့ဘ၀ပါ… အင်တာနက် နှေးပုံများကတော့ ပြောပြချင်တော့ပါဘူး… google.com တောင် တက်လို့မရအောင်ကို နှေးပါပေ့… အ ရင်က ၃ ရက်ပေါင်းရင် မီး ၂၄-နာရီလာနေရာက အခု ၄-ရက်ပေါင်းမှ ၂၄-နာရီ လျှပ်စစ်မီးလာတဲ့ စနစ်ကို မန္တလေးသူ/သား တွေ ခံစားနေရပါပြီ… ကျတော်တို့ဘက်တော့ ထရန်စဖော်မာအိုး ပေါက်လို့ မီးပျက်တာ (၁၀) ရက်လောက် ရှိပြီပေါ့… ဟိုဘက် အိုးပေါက်တဲ့လူတွေ ကျတော်တို့အိုးဘက် လာချိတ်ကြတာ မနိုင်လို့ ပေါက်တယ် ပြောတာပဲ… မီတာရေကလည်း … ဒီလိုနဲ့ပဲ မန္တလေးမှာ သဘာဝရဲ့ အရသာကို ခံစားရင်း ကျတော် ပျော်ပျော်ကြီး နေပါတယ်… မောင်လှ http://mghla.blogspot.com ကို ၀င်လို့ မရသဖြင့် ဓာတ်ချောစာဖြင့် ပေးပို့သည်....

စမ်းကြည့်တာပါ...

အင်တာနက်က ပျက်တာမှ ဟုတ်ရဲ့လားမသိဘူး… အခု ပြန်ပွင့်လာတယ်… အရမ်းနှေးတာပဲ လိပ်ကတောင် အဖေခေါ်ရလိမ့်မယ်… မဟုတ်ဘူး.. ပက်ကျိကတောင် အဖေ ခေါ်ရလိမ့်မယ်… ပြန် ပိတ်ဦးမလား မသိ…

Google & Myanmar Unicode

သိပြီးကြပြီလား မသိ.... အရင်တုန်းက မြန်မာယူနီကုတ်နဲ့ ရိုက်ထားတဲ့ စာတွေကို Google မှာ ရှာလို့မရဘူးလေ... ဒီနေ့ ရှာကြည့်တာ ရှာလို့ရပြီဗျာ... ဒီမှာ ကြည့်ကြည့်ပါဦး...

ဝင်းသူဇာ အရောင်းဆိုင် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်....

စက်မှု (၁) ၀န်ကြီးဌာနမှ ဖွင့်လှစ်ရောင်းချလျှက်ရှိတဲ့ ၀င်းသူဇာအရောင်းဆိုင်များတွင် ရောင်းချလျှက် ရှိသော ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့် သတ်မှတ်မှု ပြုလုပ်ခဲ့ကြောင်း ဒီအပတ်ထုတ် လူထုအသံ အပတ်စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်... ထုတ်လုပ်မှု စရိတ်မြင့်တက်မှာမှုနဲ့ ၀န်ထမ်းများကို လစာတိုးမြှင့်ပေးရခြင်းတို့ကြောင့် ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခဲ့ရခြင်းဖြစ်တယ်လို့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ယင်း အပတ်စဉ်ထုတ် သတင်းစာမှာ ကိုးကား ဖော်ပြထားကြောင်းပါ... ပစ္စည်းအပေါ်မူတည်ပြီး မူလတန်းဖိုးမှ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်... source: The VOICE weekly journal

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial)

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial) ၁. ဓါတ်ပုံကို ဖွင့်ပါ… Color Mode ကို CMYK မှာ ထားပေးပါ… ဖိုင်ကို Save As နှင့် ပြန်သိမ်းပါ… ဖိုင်နာမည်ကို HairCutout ဟုပေးပါ… ၂. Channel palette ထဲမှ Black channel ကို Duplicate လုပ်ပေးပါ… (ဆံပင် အနီရောင်များပါက Magenta ၊ အ၀ါရောင်များပါက Yellow ကို ပွားပေးပါ) Duplicate Channel dialog box ပေါ်လာလျှင် Name တွင် HairOnly ဟု ရိုက်ထည့်ပြီး OK ခလုတ်ကို နှိပ်ပါ… ၃. Color Mode ကို Grayscale သို့ပြောင်းပေးပါ… ၄. Curve command ကိုသုံးပြီး နောက်ခံအရောင်နှင့် ဆံပင်အရောက် ကွဲပြား ခြားနား အောင်လုပ်ပါ… ၅. Color Range command ကို သုံးပြီး ဆံပင်နောက်မှာ ရှိနေတဲ့ နောက်ခံ အရောင်တွေကို select ပေးပါ… Color Range dialog box ထဲမှာ select လုပ်ပေးမယ့် ဧရိယာကို အဖြူရောင်နဲ့ ပြပေးပါတယ်… စိတ်ကြိုက် select ပေးပြီးပြီ ဆိုရင်တော့ OK ခလုတ်ကို နှိပ်လိုက်ပါ… နောက်ခံတွေကို select လုပ်ပြီးသား တွေ့ရပါလိမ့်မယ်… ၆. Feather လေး 1 pixels လောက် ထည့်ပေးပါဦး… (Select menu -> Feather) ၇. Delete လုပ်လိုက်ပါ… ပြီးရင် ဒီ အဖြူအမည်း ဓာတ်ပုံ လေယာက