Skip to main content

Posts

ဖြူဖွေးသန့်စင်တဲ့ သွားကလေးတွေ လုပ်ရအောင်… (Photoshop Tutorial)

ဖြူဖွေးလှပတဲ့ သွားကလေးတွေ ရဖို့အတွက် သွားတိုက်ဆေး အကောင်းစား သုံးစရာမလိုပါဘူး... အပြင်မှာ တကယ်မသုံးရင်တော့ သွားတွေပိုး စားကုန်လိမ့်မယ်နော်... ကဲ ဓာတ်ပုံထဲမှာ သွားတွေ ဘယ်လို ဖြူအောင် လုပ်ရမဲဆိုတာ ကြည့်ရအောင်... ၁. ဓာတ်ပုံမှာ ရှိတဲ့ သွားတွေကို Magic Wand Tool ကို အသုံးပြုပြီး select လုပ်ပါ… (Select menu ထဲက Feather ပမာဏ နည်းနည်းလောက်ထည့်ရင် ပိုကောင်းပါတယ်…) ၂. Layer Properties box အောက်ဘက်ပိုင်းက Create New Fill or Adjustment layer -> Hue/Saturation ကို ကလစ်ခေါက်ပါ… ၃. Hue/Saturation dialog box ပေါ်လာရင် Hue 10, Saturation -40, Lightness 40, ပြောင်းလိုက်ပါ… မိမိ ဓာတ်ပုံပေါ်မူတည်ပြီး စိတ်ကြိုက် ပြောင်းလို့ရပါတယ်… ၄. စိတ်ကြိုက်ရပြီဆိုရင်တော့ OK ခလုတ်ကို နှိပ်လိုက်ပါတော့…

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial) အပေါ်ပုံနဲ့ အောက်က ဓာတ်ပုံ ၂-ခုကို သေချာ နှိုင်းယှဉ်ကြည့်ပါ… အဘောက် အသား အရေထက် ဟက်ကတ်ရဲ့ အသား အရည်က ပိုမို ချောမွေ့နေတာကို တွေ့ရပါလိမ့် မယ်… ဒီလို အသားအရည် ချောမွေ့နူးညံ့အောင် ပြင်တဲ့နည်းကို အဆင့်လိုက် တင်ပြပေးပါ့မယ်…. ၁. ပြင်ချင်တဲ့ ဓာတ်ပုံဖိုင်ကို Photoshop နဲ့ ဖွင့်လိုက်ပါ… ဓာတ်ပုံ Layer ကို duplicate layer လုပ်လိုက်ပါဦး… Duplicate layer ဘယ်လို လုပ်ရသလဲ ဆိုတော့ မူရင်း layer ပေါ Right Click လုပ်ရင် Pop-up Menu ကျလာပါလိမ့်မယ်… အဲဒီထဲက Duplicate Layer ဆိုတာကို ရွေးလိုက်ရင် ရပါပြီ… မူရင်း ဓာတ်ပုံ layer အမည်ကို Org လို့ပေးပြီး … ပွားထားတဲ့ layer ကို edit လို့အမည် ပေးလိုက်ပါ… ၂. Edit လို့ အမည်ပေးထားတဲ့ Layer ကို Properties box ထဲက နေ select လုပ်ထားပေးပါ… ၃. Filter -> Blur -> Gaussian Blur ကိုရွေးပါ… Gaussian Blur dialog ပေါ်လာပါလိမ့်မယ်… အဲဒီထဲက Radius ထဲမှာ 6 pixels လို့ ရိုက်ထည့်ပေးပါ… ပြီးရင် OK နှိပ်ပါ… Edit Layer မှာရှိတဲ့ ပုံဟာ မှုံဝါးဝါး ဖြစ်သွားပါလိမ့်မယ်… ၄. Edit Laye

Ludu Sein Win

ကြော်ငြာလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း ဆိုတာ ပန်းချီပညာ၊ ကာတွန်းပညာတို့လို ပညာရပ် တစ်ခုပါ။ သီးခြားလေ့လာ ဆည်းပူးဖို့ လိုအပ်ပါတယ်။ ၀တ္ထု၊ ကဗျာ အရေောစးးကောင်းတိုင်း ကြော်ငြာစာသား အရေးကောင်း မဖြစ်ပါဘူး။ ပန်းချီ၊ ကာတွန်း ရေောစးးတတ်တာနဲ့လည်း ဒီဇိုင်းသမား မဖြစ်ပါဘူး။ အသေအချာ လေ့လာဆည်းပူးမှ ကျွမ်းကျင်တတ်မြောက်တဲ့ ဒီဇိုင်းသမား ဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု ဖန်တီးဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အရေးကြီးပါတယ်။ စီးပွားရေးသမားဘက်က နေရာတကာ ၀င်ပြီး သြဇာပေးနေရင် ဘယ်တော့မှ ကြော်ငြာ ဒီဇိုင်းကောင်း ဖြစ်မလာနိုင်ပါဘူး။ ... ကြော်ငြာကောင်း၊ ဒီဇိုင်းကောင်း ဖြစ်မလာရင် နစ်နာရမှာက စီးပွားရေး လုပ်ငန်းရှင်သာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့၊ လုပ်တတ်တဲ့သူကို အပ်ပြီဆိုရင် သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးရမယ်ဆိုတာကို စီးပွားရေး လုပ်ငန်းရှင်တိုင်း ခံယူထားသင့်ကြပါတယ်။ စိတ်မချရင်လည်း အစကတည်းက မအပ်နဲ့ပေါ့။ ကြော်ငြာသမား၊ ဒီဇိုင်းသမားဘက်ကလည်း ကိုယ့်အလုပ်ကို ပြောင်ပြောင်မြောက် မြောက်ဖြစ်အောင် လေးလေးစားစား လုပ်ရပါမယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့

U can change Font in Gtalk Program.....

Gtalk မှာ hack လုပ်ထားတဲ့ Arial font မရှိပေမယ့်လည်း မြန်မာလို သုံးလို့ရပြီ... မြန်မာလိုတင်မဟုတ် ကိုယ်ကြိုက်နှစ်သက်ရာ စာလုံးများ ပြောင်းလို့ ရနေပါပြီ... Gtalk program ရဲ့ Setting -> General -> Change Font button ပါလား မပါလား ကြည့်ပါ... ပါတယ်ဆိုရင် ကိုယ့်ကွန်ပျူတာထဲမှာ ရှိတဲ့ font များကို အလွယ် တကူ ပြောင်းလို့ ရပါတယ်ခင်ဗျား... မပါသေးဘူးဆိုရင်တော့ http://www.google.com/talk ကနေ ဗားရှင်းအသစ်ကို ဒေါင်းလုပ်လုပ်ပြီး ပြန်အင်စတောလုပ် သုံးပါ... မြန်မာလို ပြောင်းမယ် ဆိုရင်တော့ Unicode ဖြစ်မှ အဆင်ပြေပါလိမ့်မယ်... ဘာဖြစ်လို့လဲ ဆိုတော့ Gtalk program တစ်ခုလုံး ပြောင်းလိုက်တဲ့ font ဖြစ်သွားလို့ပါပဲ...

မောင်လှ ပျောက်ချက်သား ကောင်းနေခြင်း

မောင်လှရေ... ၁၀ ရက်နေ့ကပဲ ရန်ကုန်က ပြန်ရောက်တယ်ကွ... ရန်ကုန်မှာ ကိုယ်ပိုင်သုံးစရာ ကွန်ပျူတာကလည်း မရှိတော့.. ကပ်သုံးရတဲ့ ဘ၀ဆိုတော့ အင်တာနက်ဆိုတာကြီးကို ဖတ်ရုံပဲ ဖတ်နိုင်ခဲ့တယ်... အင်း ... ခေါင်းလျှော်ရည် လုပ်သားတစ်ယောက်အကြောင်း အနည်းငယ် ရေးချင်သေးတယ်... ငါ့ထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်နေတော့ မရေးသေးပါဘူး... သင်္ကြန်တွင်းတုန်းကလည်း ရန်ကုန်ကလာတဲ့ သူဌေးလေးက ထိုင်ခုံဘယ်ထိုင်မှန်း မသိပါဘူး... ခြေတစ်ချောင်း ကျိုးသွားလေရဲ့လေ...