Skip to main content

Posts

Bypassing Squid Proxy Banned Sites

မောင်လှရေ... Proxy Portကို 8080 နဲ့ သုံးနေကျ ဟိုတနေ့ကမှ စပြီး web site တော်တော်များများကို ဘန်းပါလေရော... အော်.. ငါတော့ ဘန်းခံရပြီးဆိုပြီး squid proxy နဲ့ ဘန်းတာကို ကျော်နည်းလိုက်ရှာတာ အလွယ်တကူ ကျော်နည်း တွေ့လေရဲ့... ဟို ဖော်တီဂိတ်ဆိုတာကြီးနဲ့ ဘန်းတာဆိုရင် ဒီနည်းနဲ့ မရဘူးနော်... ဒီမှာ squid နဲ့ ဘန်းထားရင် ဒီလို ကျော်ဝင်လို့ရတယ်ဗျား... ဥပမာ - http://www.myanmarisp.com/?myanmar.com ကိုယ်ကြည့်ချင်တဲ့ ဘန်းထားတဲ့ လိပ်စာနောက်ကနေ ? ထည့်ပြီး ပွင့်တဲ့ လိပ်စာ ထည့်လိုက်ရင် ရပြီ... FireFox အတွက် အဆင်သင့်ရေးပြီးသား Plugin လိုချင်ရင် ဒီမှာ သွားယူဗျား http://userscripts.org/scripts/show/2447 ... င်္FireFox နဲ့ ပဲ သွားယူပါ...

Mandalay News

အင်တာနက် ကော်နက်ရှင် မကောင်းတာနဲ့ ဘာမှ တင်လို့မရပါ... ဖတ်တာတောင် သည်းခံပြီး ဖတ်နေရတဲ့ဘ၀လေးပါ... ဒီတပတ်အတွင်း ကျတော်သိခဲ့တဲ့ မန္တလေးရဲ့ ထူးခြားမှုလေးတွေပါ... ပြီးခဲ့တဲ့ ၅-ရက်လောက်က လမ်း-၈၀ နဲ့ ၁၄-လမ်းထောင့်မှာ ရပ်ကွက်အပြောအရ လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်... အဲဒီ လမ်းထောင့်နေအိမ်မှ အမျိုးသားကို သတ်ပြီး အိမ်ဘေးရှိ အများပြည်သူသုံး ကျုံးရေကန်ထဲကို ချထားခဲ့တာပါ... ၂၂-ရက်နေ့က စိန်ပန်းဘက်မှာ နေ့လည်ဘက်ကြီး မီးလောင်ပါတယ်... မီးလောင်တဲ့ အထဲမှာ ဆီလှောင်တဲ့အိမ် လည်းပါတယ်လို့ သိရပါတယ်... ဆီပုန်းများ ပေါက်ကွဲမှုကြောင့် လူအသေအပျောက်ရှိတယ်လို့ သိရှိရပါတယ်... ယင်းနေ့ညဘက်မှာလည်း မြို့သစ်ဘက်မှာ မီးလောင်မှု ထပ်ဖြစ်သေးကြောင်း သိရပါတယ်...
မန္တလေးကို ဘယ်သူရောက်နေလဲ မသိ... အဖိတ်နေ့တုန်းကလည်း ၈၁-လမ်းကို မီးသတ်ကားကြီးနဲ့ ရေတွေ လိုက်ဖြန်းနေလေရဲ့...မနေ့ည ၅း၃၀ နာရီလောက်က ရပ်ကွက်ကလူတွေ အိမ်လာပြီး ခုည ၆-နာရီကနေ မနက် ၆-နာရီ အထိ မီးစမ်းလွှတ်ပေးမယ်... အဆင်ပြေရင် နေ့တိုင်း လွှတ်ပေးမှာမို့ ချွေချွေတာတာ အသုံးပြုဖို့ မှာသွားလေရဲ့... အိမ်မှာ အ၀ီစိတွင်းရှိတော့ ရေတင်မှာ စိုးလို့ပါ... တကယ်လာတဲ့ အချိန်ကတော့ ည ၇-နာရီမှာပါ... အခုမနက် ၇း၃၀ နာရီ အချိန်ထိတော့ မီးမပျက်သေးဘူး... အင်း ဒီလို နေ့တိုင်း တကယ်လာမလား မသိ...

How to change Unmanaged Client to Managed Client in Norton AntiVirus Corporate Edition

မှတ်ထားဦး မောင်လှ ရေ... Norton AntiVirus Corporate Edition မှာ Unmanaged Client ကို Managed Client ပြောင်းချင်တယ်ဆိုရင်... Corporate Server ရဲ့ VPHome Folder ထဲက Grc.dat ဖိုင်ကို copy အရင်ကူး သက်ဆိုင်ရာ client ကွန်ပျူတာရဲ့ :\Documents and Settings\All Users\Application Data\Symantec\Norton AntiVirus Corporate Edition\7.5 ထဲကို paste လုပ်လိုက်ရင် ရပြီ... ရမရ ပိုသေချာချင်ရင် ကွန်ပျူတာကို ပိတ်ပြီး ပြန်ဖွင့်လိုက်ပါ...

Mandalay Electricity

သြော်... ကျတော်တို့ ရပ်ကွက် အကြောင်းတော့ မပြောချင်တော့ပါဘူးဗျာ... မပြောချင်ရင် မပြောနဲ့ပေါ့လို့တော့ ဘုပြန်မပြောနဲ့ဗျာ...ပြောချင်လွန်းလို့ အစချီနေရတာဗျို့... အင်း... မီးလာတဲ့ ပုံစံ ၂၄-နာရီလာ ၂၄-နာရီပျက် ဆိုတဲ့ပုံစံ ဖြစ်သွားပြီလည်းဆိုရော ပျော်လိုက်တာပေါ့ဗျာ... ပထမ စပြောင်းတဲ့နေ့မှာ နေ့လည် ၁၂-နာရီကျော်ကျော် လာပြီး နောက်တစ်နေ့ မနက် ၇-နာရီ ၀န်းကျင်မှာ ပျက်သွားလေရဲ့ ... အင်း အရင်ကထက်စာရင်တော့ မဆိုးဘူးပေါ့လေ... နောက်တစ်နေ့ နေ့လည် ၃-နာရီလောက်ထိ ပျက်လေရဲ့... နေ့လည် ၃-နာရီလောက် မီးလာပြီး ယခင်နေ့အတိုင်း နောက်နေ့ မနက် ၇-နာရီ မထိုးခင် ပျက်သွားလေရဲ့ ... အဲဒီလို ပျက်သွားပြီး သကာလ ကျတော် မောင်လှ အိမ်မှာ အစိုးရ လျှပ်စစ်မီးကို မမြင်ရတာ ယနေ့နဲ့ဆို ၃-ရက် ရှိသွားပြီ ဖြစ်ကြောင်းပါ... မီးမလာတော့ ဘာဖြစ်လဲဆိုတော့ ရေမရှိဘူးပေါ့ဗျာ... လူတွေ ငါးပိ၊ ငါးချဉ် အနံ့တွေ ထွက်တော့မယ်... ဖယောင်းတိုင်မီးကို အားကိုးရတော့ မီးဘေးအတွက်လည်း စိုးရိမ်ရတာပေါ့ဗျာ... ထပ်မပြောချင်တော့ပါဘူးဗျာ... အများကြီးမှ အများကြီးပါ... ဘယ်များ အလည်သွားနေလဲ လျှပ်စစ်မီးရယ်...
ထောပတ် ချဉ်နေတာနဲ့တိုးရင် ထောပတ်ကို မီးဖိုပေါ်တင်ပြီး အရည်ဖျော်လိုက်... ပြီးရင် အပေါ်ယံ အရည်တွေကို ဇွန်းနဲ့ ခပ်ထုတ်ပစ်လိုက်... မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ်ကို မီးကင်ထားတဲ့ ထောပတ်ထဲ ခဏ စိမ်ထားလိုက်... ပြီးရင် အဲဒီ ပေါင်မုန့်ကို ဆယ်ထုတ်လိုက်ရင်... ထောပတ်ချဉ်နံ့ ပျောက်သွား ပါလိမ့်မယ်... နောက်တစ်ခါ ထောပတ်ကို ကြာကြာ ထားတတ်တဲ့ အလေ့အကျင့်ရှိရင် တစ်ခုသတိထားပါ... ထောပတ်ကို ပိတ်သန့်သန့်နဲ့ ခွဲထုတ်ပြီး ဆားရည်ထဲမှာ မြုပ်အောင် စိမ်ထားပါ... လိုအပ်တဲ့အချိန်ကျမှ ဆယ်ထုတ်ပြီးစားရင် ထောပတ် လတ်လတ် ဆတ်ဆတ်ကို ပြန်ရပါလိမ့်မယ်.... ရည်ညွှန်း .... ၂၀၀၆ ဖေဖော်ဝါရီလထုတ် အိုင်ဒီယာ မဂ္ဂဇင်းမှ အံ့ဘွယ် ရေးတဲ့ မေး၍ဖြေသည် မှ ပြန်လည်ကူးယူ ဖော်ပြသည်။