Mandalay News

အင်တာနက် ကော်နက်ရှင် မကောင်းတာနဲ့ ဘာမှ တင်လို့မရပါ... ဖတ်တာတောင် သည်းခံပြီး ဖတ်နေရတဲ့ဘ၀လေးပါ...
ဒီတပတ်အတွင်း ကျတော်သိခဲ့တဲ့ မန္တလေးရဲ့ ထူးခြားမှုလေးတွေပါ...

  • ပြီးခဲ့တဲ့ ၅-ရက်လောက်က လမ်း-၈၀ နဲ့ ၁၄-လမ်းထောင့်မှာ ရပ်ကွက်အပြောအရ လူသတ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်... အဲဒီ လမ်းထောင့်နေအိမ်မှ အမျိုးသားကို သတ်ပြီး အိမ်ဘေးရှိ အများပြည်သူသုံး ကျုံးရေကန်ထဲကို ချထားခဲ့တာပါ...
  • ၂၂-ရက်နေ့က စိန်ပန်းဘက်မှာ နေ့လည်ဘက်ကြီး မီးလောင်ပါတယ်... မီးလောင်တဲ့ အထဲမှာ ဆီလှောင်တဲ့အိမ် လည်းပါတယ်လို့ သိရပါတယ်... ဆီပုန်းများ ပေါက်ကွဲမှုကြောင့် လူအသေအပျောက်ရှိတယ်လို့ သိရှိရပါတယ်... ယင်းနေ့ညဘက်မှာလည်း မြို့သစ်ဘက်မှာ မီးလောင်မှု ထပ်ဖြစ်သေးကြောင်း သိရပါတယ်...

Comments

NLS said…
တိုးတက်တဲ့ သတင်းတွေ မဖတ်၇တာ ကြာဘီဗျာ။ တံတားတွေဆောက် လမ်းတွေဖောက်...အဲဒါတွေ... ကိုပြောတာ မဟုတ်ဘူး.. ဟီး။