မန္တလေးကို ဘယ်သူရောက်နေလဲ မသိ... အဖိတ်နေ့တုန်းကလည်း ၈၁-လမ်းကို မီးသတ်ကားကြီးနဲ့ ရေတွေ လိုက်ဖြန်းနေလေရဲ့...မနေ့ည ၅း၃၀ နာရီလောက်က ရပ်ကွက်ကလူတွေ အိမ်လာပြီး ခုည ၆-နာရီကနေ မနက် ၆-နာရီ အထိ မီးစမ်းလွှတ်ပေးမယ်... အဆင်ပြေရင် နေ့တိုင်း လွှတ်ပေးမှာမို့ ချွေချွေတာတာ အသုံးပြုဖို့ မှာသွားလေရဲ့... အိမ်မှာ အ၀ီစိတွင်းရှိတော့ ရေတင်မှာ စိုးလို့ပါ... တကယ်လာတဲ့ အချိန်ကတော့ ည ၇-နာရီမှာပါ... အခုမနက် ၇း၃၀ နာရီ အချိန်ထိတော့ မီးမပျက်သေးဘူး... အင်း ဒီလို နေ့တိုင်း တကယ်လာမလား မသိ...
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments
ကျေးဇူးပဲ။ ကျွန်တော် သတိလက်လွတ် ဖြစ်သွားတယ်။ အခု ပြန်စမ်း ကြည့်နေတယ်။
ညီလင်း
ရပါတယ်ဗျာ...
ကျတော့်မှာလည်း အင်တာနက် ကော်နက်ရှင်ကလည်းနှေးဆိုတော့ ဆိုတော့ အသစ်တွေ မတင်နိုင်ဘူး ဖြစ်နေတယ်ဗျ...
လျှပ်စစ်မီးကတော့ ပျက်လိုက် လာလိုက်ပါပဲဗျာ... ပျက်တဲ့အချိန်က ပိုများတယ်ခင်ဗျ...