Skip to main content

Posts

ထောပတ် ချဉ်နေတာနဲ့တိုးရင် ထောပတ်ကို မီးဖိုပေါ်တင်ပြီး အရည်ဖျော်လိုက်... ပြီးရင် အပေါ်ယံ အရည်တွေကို ဇွန်းနဲ့ ခပ်ထုတ်ပစ်လိုက်... မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ်ကို မီးကင်ထားတဲ့ ထောပတ်ထဲ ခဏ စိမ်ထားလိုက်... ပြီးရင် အဲဒီ ပေါင်မုန့်ကို ဆယ်ထုတ်လိုက်ရင်... ထောပတ်ချဉ်နံ့ ပျောက်သွား ပါလိမ့်မယ်... နောက်တစ်ခါ ထောပတ်ကို ကြာကြာ ထားတတ်တဲ့ အလေ့အကျင့်ရှိရင် တစ်ခုသတိထားပါ... ထောပတ်ကို ပိတ်သန့်သန့်နဲ့ ခွဲထုတ်ပြီး ဆားရည်ထဲမှာ မြုပ်အောင် စိမ်ထားပါ... လိုအပ်တဲ့အချိန်ကျမှ ဆယ်ထုတ်ပြီးစားရင် ထောပတ် လတ်လတ် ဆတ်ဆတ်ကို ပြန်ရပါလိမ့်မယ်.... ရည်ညွှန်း .... ၂၀၀၆ ဖေဖော်ဝါရီလထုတ် အိုင်ဒီယာ မဂ္ဂဇင်းမှ အံ့ဘွယ် ရေးတဲ့ မေး၍ဖြေသည် မှ ပြန်လည်ကူးယူ ဖော်ပြသည်။

ဓားမြ

၁၄ ရက်နေ့ညက မန်းလေး မန်းမြို့ဈေးအနီးမှာ ရှိတဲ့ ရွှေဆိုင်တစ်ဆိုင် ဓားမြတိုက်ခံရကြောင်းပါ... ဖမ်းဆီးရမိသူ ဓားမြတစ်ယောက်ထံမှာ နာနတ်သီးများလည်း တွေ့ရှိရကြောင်း ကြားသိရပါတယ်... မန်းမြို့ဈေးဆိုတာ ၈၄-လမ်းပေါ်၊ ၃၈ လမ်းနှင့် ၃၉-လမ်းကြားမှာ တည်ရှိပါတယ်ခင်ဗျား...

အရောင်းကား ဓါးမြတိုက်ခံရခြင်း

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီးမှာ ကုမ္ပဏီ အရောင်းကား တစ်စီး ညဘက်မှာ ဓါးမြ တိုက်ခံရကြောင်း ကြားသိရပါတယ်... ကောင်းမှုတော်ဆိုတာ မုံရွာဘက်က လာမယ်ဆိုရင် စစ်ကိုင်းမြို့ အ၀င်မှာ ရှိတဲ့ ဘုရားပါ... ကျတော် အမှတ်မမှားဘူး ဆိုရင် အဲဒီနားမှာ စစ်တပ်ရှိတယ်ထင်ပါတယ်... စစ်တပ်အမှန်တကယ် ရှိတယ်ဆိုရင်တော့ ဓါးမြတွေ အတင့်ရဲတယ်လို့ပဲ ပြောရမှာပဲ... မသေချာ မရေရာသေးပါ... တစ်ဆင့်စကားနဲ့ ကြားရခြင်းကို ပြန်ရေးထားခြင်းဖြစ်ပါတယ်... တိတိကျကျ သိပါက ထပ်တင်ပေးပါ့မယ်...

. . . 3D စာလုံးလေးတွေ လုပ်ကြရအောင် . . .

၁ -ဖိုတိုရှော့ ထဲဝင်ထားကြပါ . . . ၂ - Text Tool ကို ရွေးပြီး မိမိလိုချင်တဲ့ စာရိုက်ပါ . . . ၃ - ပြီးပြီလား . . . ပြီးရင် စာရိုက်ထားတဲ့ layer ကို right click လုပ်ပါ . . . Pop-up menu ထဲက duplicate layer ကို ရွေးပါ . . . ၄ - ပေါ်က layer ကို အပြာနုရောင်လေး ပြောင်းပေးပါလား . . . အောက်က layer ကိုတော့ အနက်ရောင်လေး ပြောင်းပေးပါ . . . အနက်ရောင် ပြောင်းထားတဲ့ layer ကို ပုံမှာ မြင်ရတဲ့ အတိုင်း ညာဘက်အောက် နည်းနည်း ရွေ့ပေးပါ . . . ရွေ့ပြီးပြီလား . . . ၅ - အပြာနု ထောင့်စွန်းနဲ့ အနက်ရောင် စာလုံး ထောင့်စွန်းလေးတွေကို ထုစာလုံးမှန်းသိသာအောင် layer အသစ်ခေါ်ပြီး လိုက်ဆက်ပါ . . . ပုံမှာ အနီရောင်နဲ့ ဆက်ပြ ထားတဲ့ နေရာလေးတွေကို ပြောတာပါ . . . ၆ - ပြီးပြီလားဗျို့ . . . ပြီးရင် အပြာနု layer ကို duplicate လုပ်ပေးပါဦး . . . လုပ်ပြီးပြီဆိုရင် ပေါ်ဆုံး အပြာနု layer ကို ချန်ပြီး ကျန်တဲ့ layer သုံးခုကို merge လုပ်လိုက်ပါဗျား . . . merge လုပ်ထားတဲ့ layer ပေါ် double click လုပ်ပါ . . . layer Style dialog box ပေါ်လာလိမ့်မယ်ဗျ . . . ပုံမှာ မြင်တယ် မဟုတ်လားဗျာ . . . အပေါ်မှာပြထားတဲ့ ပုံ မပေါ် မခြင်း နှိပ်ဗျို့ . . . ပေါ်ပြီ ဆို

တရားဖြင့် သေခြင်း ဗီဒီယို

http://esnips.com/web/mghla-Video တရားဖြင့် သေခြင်း ဗီဒီယိုကို ဖြတ်တင်ထားတာပါ... ဖိုင် (၂) ဖိုင် ခွဲပြီး တင်ထားပါတယ်... ပထမဖိုင်မှာ လက်တွေ၊ ခြေတွေလှုပ်ပြတာတွေပါ ၀င်ပြီး ဒုတိယဖိုင်က မီးသင်္ဂြီုဟ်တာကို ရိုက်ပြထားတာပါ... သူ့မူရင်းခွေက ဘုန်းကြီးတရားဟောရင်း ဒီကောင်မလေး အကြောင်း ထည့်ဟောထားတာပါ... ကျတော်တို့ရဲ့ မြန်နှုန်းမြင့် အင်တာနက်က လိပ်သာသာ ရှိတာကြောင့် တစ်ခွေလုံးစာ မတင်ပေးနိုင်တာကို ခွင့်လွှတ်ကြ ပါခင်ဗျား... ကျတော် တစ်ခုသိချင်တာ သေတာမဟုတ်ဘဲ မေ့မျောနေတာရော မဖြစ်နိုင်ဘူးလားဗျ... MgZeng said ဒီလင့်ခ်ကနေလည်း ဒေါင်းလုပ်ရယူနိုင်ပါတယ် ... အကယ်၍ တကယ်မသေဘဲ မေ့မျောနေတာမျိုး၊ ဦးနှောက်မသေသေးတာမျိုး ဖြစ်နေရင်၊ ဒါမှမဟုတ် အားလုံး အလုပ်မလုပ်တော့ပေမယ့် တစ်ချိန်ချိန်မှာ ပြန်ရှင်လာဦးမယ်လူဆိုရင်တော့ မီးသဂြိ င်္ုလ် လိုက်မိတာဟာ တော်တော် သနားစရာ ကောင်းမှာပဲ။ အင်းလေ .. သေသွားပြီ ဆိုတာကိုး။ http://www.mgzeng.net/download/TayarPhyiThayChin.wmv http://www.mgzeng.net/download/TayarPhyiThayChin_002.wmv BaganNET Forum က Pretty Princess ပြောထားတာလေးပါ.... မီးသဂြိုဟ် လိုက်တာ ဆိုးတာပဲ.. တကယ်သိသင့်တာတွေ သေချာ မသိလိုက်ရသလ