Skip to main content

. . . 3D စာလုံးလေးတွေ လုပ်ကြရအောင် . . .

၁ -ဖိုတိုရှော့ ထဲဝင်ထားကြပါ . . .

၂ - Text Tool ကို ရွေးပြီး မိမိလိုချင်တဲ့
စာရိုက်ပါ . . .


၃ - ပြီးပြီလား . . . ပြီးရင် စာရိုက်ထားတဲ့
layer ကို right click လုပ်ပါ . . . Pop-up menu ထဲက duplicate layer ကို ရွေးပါ
. . .


၎ - ပေါ်က layer ကို အပြာနုရောင်လေး ပြောင်းပေးပါလား
. . . အောက်က layer ကိုတော့ အနက်ရောင်လေး ပြောင်းပေးပါ . . . အနက်ရောင် ပြောင်းထားတဲ့
layer ကို ပုံမှာ မြင်ရတဲ့ အတိုင်း ညာဘက်အောက် နည်းနည်း ရွေ့ပေးပါ . . . ရွေ့ပြီးပြီလား
. . .


၅ - အပြာနု ထောင့်စွန်းနဲ့ အနက်ရောင် စာလုံး
ထောင့်စွန်းလေးတွေကို ထုစာလုံးမှန်းသိသာအောင် layer အသစ်ခေါ်ပြီး လိုက်ဆက်ပါ . .
. ပုံမှာ အနီရောင်နဲ့ ဆက်ပြ ထားတဲ့ နေရာလေးတွေကို ပြောတာပါ . . .



၆ - ပြီးပြီလားဗျို့ . . . ပြီးရင် အပြာနု
layer ကို duplicate လုပ်ပေးပါဦး . . . လုပ်ပြီးပြီဆိုရင် ပေါ်ဆုံး အပြာနု layer
ကို ချန်ပြီး ကျန်တဲ့ layer သုံးခုကို merge လုပ်လိုက်ပါဗျား . . . merge လုပ်ထားတဲ့
layer ပေါ် double click လုပ်ပါ . . . layer Style dialog box ပေါ်လာလိမ့်မယ်ဗျ .
. . ပုံမှာ မြင်တယ် မဟုတ်လားဗျာ . . . အပေါ်မှာပြထားတဲ့ ပုံ မပေါ် မခြင်း နှိပ်ဗျို့
. . . ပေါ်ပြီ ဆိုရင် ကြည့်ရအောင် . . . colour overlay ကို check လုပ်ပါ . . .
blend mode ကို normal ပဲထားပါဗျာ . . . လိုချင်တဲ့ အရောင် ပြောင်းရအောင်လို့ ညာဘက်
လေးထောင့်ကွက်လေးကို click လုပ်ပါ . . . နောက်ထပ် dialog box တစ်ခု ထပ်ပေါ်လာပြီ
မဟုတ်လား . . . အဲဒီထဲမှာ C: 0 M:20 Y:100 K:0 ကို ပြောင်းပေးပါလားဗျာ . . . ပြီးရင်တော့
OK တွေကို ကလစ်လုပ်လိုက်ဗျာ . . .


၇ - Tool box ထဲက Gradient Tool ကို ရွေးပါ
. . . menu bar အောက်မှာရှိတဲံ tools bar ထဲက Reflected Gradient Tool ကို ထပ်ရွေးပါ
. . . layer အသစ်ခေါ်ပါ . . . colour ပြောင်းတဲ့ box ထဲမှာ အရောင်ကို C:0 M:10 Y:100
K:0 ထားလိုက်ရအောင်ဗျာ . . . . ပြီးပြီလား . . . ပြီးရင် ခုနက ရွေးထားတဲ့ Reflected
Gradient Tool နဲ့ ပထမ အလယ်ကောင် နေရာမှာ click လုပ်ပါ ကိုယ်လိုချင်သလောက် click
ကို ဖိပြီး ဆွဲယူသွားပါ . . . ကိုယ်လိုချင်တဲ့ အတိုင်းအတာ ရပြီဆိုမှ click ကိုလွတ်ပါ
. . .

၇.က - C:0 M50 Y:100 K:30 ပြောင်းပါ Reflected
Gradient Tool နဲ့ပဲ ပထမ Gradient ထပ်ပိုသေးတဲ့ Gradient လေးတစ်ခု ထပ်ဖန်တီးပါ
. . . ပုံမှာ ပြထားတဲ့ ပုံစံမျိုးလေးရအောင်ဆွဲပါ . . .


၈ - အခုကလုပ်ထားတဲ့ Gradient လေးတွေကို
copy ကူး လိုင်းအသေးတွေ ဖြစ်အောင်လုပ်ပါ . . . ဒေါင်လိုက် ဖြစ်နေတဲ့ လိုင်းတွေကို
စောင်းချင်ရင် Ctrl+T ကို နှိပ်လိုက်ပါ . . . လေးထောင့်ကွက်လေး ပေါ်လာပါလိမ့်မယ်
. . . လေးထောင့်ကွက် ပေါ်တန်း အလယ် အတုံးပေါ်မှာ Ctrl key ကို ဖိပြီး mouse နဲ့လိုချင်တဲ့
ပုံစံရအောင် စောင်းလိုက်ပါ . . . လိုချင်တဲ့ ပုံစံရပြီဆို click ကိုလွှတ် . . .
Enter ကို နှိပ်ပါ . . .


၉ - နံပါတ် ၈ အဆင့်မှာလုပ်ခဲ့တဲ့ gradient
လိုင်းတွေကို duplicate လုပ်ပြီး အပြာရောင် layer အပေါ်ကို ရွှေ့ပါဗျား . . . ရွှေ့ပြီးပြီလား
. . . ပြီးပြီဆိုရင် . . . Edit Menu >> Transform >> Flip Horizontal ကိုရွေးပါ
. . . ပုံထဲမှာ ပြထားတဲ့အတိုင်း မြင်ရလိမ့်မယ် . . . နေရာလေး ဘာလေးတော့ နည်းနည်းရွေ့ဦး
ပြင်ဦးနော် . . . ဒီဇိုင်းလုပ်တယ်ဆိုတာ ခင်ဗျားတို့ မျက်စိ ပေါ်မှာ အများကြီး မူတည်တယ်ဗျ
. . .



၁၀ - အဲမေ့တော့မလို့ . . . အပြာနုရောင်
layer ကို layer properties box ထဲမှာ Ctrl ကိုနှိပ်ပြီး click လုပ်ပေးပါ . . .
အပြာနုရောင် layer ကို Select လုပ်ပေးပါလိမ့်မယ် . . . ရပြီဆိုရင် အပေါ်မှာရှိတဲ့
gradient layer ကို ရွေးပေးပါ . . . ပြီးရင် layer properties box ရဲ့ အောက်ဆုံးမှာ
ရှိတဲ့ Add Layer Mask ဆိုတာလေးကို နှိပ်ပေးပါဦး . . . ပြီးရင် အပြာနုရောင် layer
နဲ့ သူ့အပေါ်မှာ ရှိတဲ့ gradient layer နှစ်ခုကို ပေါင်းပေးပါဦး . . . 3D ထု layer
အတွက်လည်း လုပ်ပေးပါဦးဗျာ . . . အပြာနုရောင် layer ကို layer effect ထဲက colour
overlay အသုံးပြုပြီး C:0 M:0 Y:80 K:0 ပြောင်းပေးပါလားဗျာ . . . Outer Glow လေးလည်း
နည်းနည်း ထည့်ပေးပါဦး . . . 3D ထု layer ကို Outer glow နဲ့ Shadow လေးထည့်ပေးပါဦး
. . . ခင်ဗှားတို့ရဲ့ မျက်စိထဲမှာ လှပြီဆိုရင် လှပတဲ့ 3D စာလုံးလေးရပြီဗျို့ .
. . ဒီမှာနမူနာကြည့်ကြည့်လိုက်ပါဦး . . .


Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...