Skip to main content

Posts

Showing posts with the label Mandalay

လမသာတဲ့ မန္တလေး ကန်တော်ကြီးည...

version 1.0 version 2.0 မနေ့က ကျတော်ရယ်၊ ကိုသခင်ကြီး ရယ်၊ ဘုဃံဏက် ရယ် သုံးရောက်သား မန္တလေး ကန်တော်ကြီးကို ည ၈-နာရီလောက်ရောက်ခဲ့တယ်... လကလည်းမထွက် အလင်းရောင်ကလည်း ကောင်းကောင်း မရှိ၊ ပြီးတော့ ဒီလိုမျိုး ညဘက်ကို သေချာ မရိုက်ဖူးသေးတော့ ကင်မရာကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ရိုက်တာ ပုံ ၅၀-လောက် ရိုက်ဖြစ်တယ်... ကျတော့်အတွက် ကောင်းတယ်လို့ ပြောလို့ရတဲ့ပုံဆိုလို့ အခုဒီတစ်ပုံပဲ ရပါတယ်... ပုံ ၄-ပုံကို Photoshop CS3 မှာလည်း Merge to HDR လုပ်၊ ကိုဂျေ ပေးထားတဲ့ ဖိုတိုmatix သုံးပြီလည်း HDR လုပ်၊ လုပ်လို့ရလာတဲ့ HDR ပုံ ၂-ပုံကို Photoshop မှာပြန်ပြီး ပေါင်းထားတာပါ... My Labels: Photo, Mandalay, ဓာတ်ပုံ, Kandawgyi, Kantawgyi, ကန်တော်ကြီး

မန္တလေးက Blogger တွေ...

http://komoeyay.blogspot.com/ တဝက်တပျက်နဲ့ ရေးထားတဲ့ post ထဲမှာ ပါတဲ့ သူငယ်ချင်း မောင်းမိုးရေးတာပါ... MIT ကျောင်းက B.E ဘွဲ့ ရထားတဲ့ သူငယ်ချင်း မလေးရှားရောက်တော့ သူဒုက္ခရောက်တာမျိုး ကျန်တဲ့သူတွေ မရောက် စေချင်လို့ အသိပညာတွေ ဖလှယ်ထားတယ်လို့ ဆိုပါတယ်... MCC - Mandalay နဲ့ ပတ်သက်ခဲ့ဖူးတဲ့ သူဆိုရင် သူ့ကို သိကြပါလိမ့်မယ်... http://nwaihninn.blogspot.com/ NativeMyanmar Forum က နွေနှင်းဆိုတဲ့ မန္တလေးသူ တစ်ယောက်ရဲ့ အသိအမြင်နဲ့ ခံစားချက်တွေကို ဖတ်ကြည့်ပါဦး... http://chaweimahn.blogspot.com/ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေရေးပြီး ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိခဲ့ဖူးတဲ့ မန္တလေးသူ တစ်ယောက် ဖြစ်တဲ့ အပျိုဂျီး မချောအိမာန် (မန္တလေး) ရဲ့ blog ပါ... My Labels: Links, Myanmar Blogger, Mandalay,

The First Mandalay DJ Concert

အခုပဲ Skywalk Shopping Mall ပေါ်က ပြန်လာခဲ့တာပါ... NativeMyanmar မှာ ကိုဂျေ (ခ) သခင်ကြီး သတင်းပေးလို့ The First Mandalay DJ Concert ပွဲကြည့်ပြီးပြန်လာတာပါ... DJ Yan Naing, DJ Mann, DJ Zay Ya Thaw, DJ Pauk, DJ KP နဲ့ မန္တလေးက အခြား ဒီဂျေများ၊ အကအဖွဲ့များ၊ Hip-Hop အဖွဲ့များ ပါပါတယ်... ဒီနေ့နဲ့ မနက်ဖြန် ၂-ရက်ကျင်းပမှာဖြစ်ပြီး... မနက် ၁၀ နာရီကနေ နေ့လယ် ၁-နာရီအထိ၊ ညနေ ၄-နာရီကနေ ည ၈-နာရီအထိ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်... ဒါနဲ့စကားမစပ်ပါ... NativeMyanmar.com ဒိုမိန်း နည်းပညာဆိုင်ရာ ပြသနာတက်နေလို့ http://forums.myanmarcommunity.com/ ကို အသုံးပြုပြီး နေးတစ်ထဲ ဝင်ရောက်နိုင်ကြောင်းပါ... My labels: Mandalay News, MDY, Mandalay, Myanmar News, Burma News, DJ Show

ရွှေစာရံ ဘုရားပွဲက ဓာတ်ပုံတွေ...

My Tags: Shwe sar yan, shwe zar yan, ရွှေစာရံ, မန္တလေး, Photo, Myanmar, Mandalay

အောင်တော်မူဘုရား...

မနေ့က အောင်တော်မူဘုရားကို ရောက်ခဲ့ပါတယ်... အချို့ ဓာတ်ပုံလေးတွေ လက်တုန်လို့ ၀ါးသွားတာလေးတွေက သဘောကျစရာ ကောင်းလို့ တင်ထားတာပါ...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၃ ...

ဒီပုံလေးက လမ်း ၈၀ နဲ့ ၂၆-လမ်းထောင့်ပါ... ကျုံး အနောက် တောင်ထောင့် ပေါ့ဗျာ... မီးတိုင်ကြီးက ရပ်ကွက် ၁-ခုစာမက မီးပေးလို့ရမယ် ထင်ပါ့... မန္တလေး ရွှေဘဲနဲ့ မျက်နှာချင်းဆိုင်ကပါ... Tags: Mandalay, Myanmar, Photo

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ - ၂ ...

LCD ထဲမှာ ပေါ်လာတဲ့ဟာကို ကြည့်ပြီး လက်ညှိုးလေးပဲ နှိပ်တတ်တဲ့ ကျတော့် လက်ညှိုးရာကို ထပ်ပြီး မြည်းစမ်းကြည့်ပါဦး...

မျောက်အုန်းသီး ရသလို ဖြစ်နေတဲ့ မောင်လှ...

လည်ပင်းက တစ်ကျပ်သားကို အသွင်ပြောင်းလိုက်တဲ့ အခါ မောင်လှ မှာ မျောက်အုန်းသီး ရသလို ဖြစ်ပြီး လက်ကမြင်းထားတာကို ကြည့်ကြပါဦး...

အနုပညာ ပြပွဲ ရှိတယ်...

မန္တလေး၊ ၆-ဒီဇင်ဘာ-၀၆ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု၊ အနုပညာ ပြပွဲကို ယခုလ ၁၀-ရက်နေမှ ၁၆-ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော် ခန်းမ-၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသော လမ်းဖြတ် ကြော်ငြာများအရသိရပါတယ်...

www.ALPHAmandalay.com မှသည် www.mandalayALPHA.COM သို့...

မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...

လမ်းမတွေ ရေမြုပ်နေတဲ့ မန္တလေး (Mandalay News)

ဒီနေ့ မနက် ၅-နာရီ ၀န်းကျင်လောက်က စပြီး မိုးရွာနေတာ ခုချိန်ထိ မတိတ်သေးပါဘူး... အောက်ပြည် အောက်ရွာမှာ ရွာတဲ့ပုံစံမျိုး သည်းသည်းမည်းမည်းနဲ့ကို ရွာနေတာပါ... ဒီနေ့ တစ်နေကုန်တောင် ရွာမယ် ထင်ပါတယ်... လမ်း-၈၀ တစ်လျှောက်လုံးလည်း ရေတွေနဲ့ အပြည့်ပါ... လမ်းလယ်ခေါင်မှတောင် ရေက ၆-လက်မ ၀န်းကျင်လောက် ရှိပါတယ်... keywords: Mandalay News MDY မန်းလေး မန္တလေး သတင်း မိုး rain