gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Maestro App လေး အကြောင်း


ကျော့်လို ဘာတူရိယာမှ မတီးတတ်၊ ဘာ note မှမသိဘဲ အခုမှ Electronic Keyboard/Organ စလေ့လာနေတဲ့သူအတွက် ဒီ maestro app (https://play.google.com/store/apps/details?id=com.futuresculptor.maestro) လေးက အဆင်ပြေတယ်ဗျ... 

ကျော့်လေ့ကျင့်ချင်တဲ့ သီချင်း Staff Note ကို maestro app တဲမှာရေး ပြီးရင် metronome ဖွင့် play ခလုတ်နှိက်ပြီး လိုက်တီးလိုက်တယ်... 

ဘား တစ်ခုစာကိုပဲ ထပ်ခါ ထပ်ခါလေ့ကျင့်ချင်ရင်လည်း လေ့ကျင့်ချင်တဲ့ ဘားတစ်ခုစာ ဒါမှမဟုတ် လေ့ကျင့်ချင်သလောက် ဘားတွေရဲ့ အစအဆုံးကို မှတ်ပြီး play နှိပ်ပြီး လေ့ကျင့်လို့ရတယ်... Play ခလုတ် ၂-ခုပါတယ်... တစ်ခု သီချင်းအစအဆုံး play တာဖြစ်ပြီး နောက်တစ်ခုက ကိုယ်သတ်မှတ်ထားတဲ့ ဘားတွေကိုပဲ play တာပါ... 

tempo အနှေးအမြန် ပြောင်းတာ၊ သီချင်းစားသားတွေ၊ ဘယ်လက်ချောင်းနဲ့တီးရမယ်ဆိုတာတွေပါ မှတ်သားလို့ ရတယ်... 

maestro ထဲမှာရှိတဲ့ note တွေကို ပုံ၊ အသံဖိုင်တွေ အဖြစ်လည်း export ထုတ်လို့ရသေးတယ်...

maestro app ထက်အဆင်ပြေတာလေး ရှိရင်းလည်း ပြောပေးကြပါဦး...

Comments

Ad