______________________
Google Play Store က App တွေကို ပြည်တွင်းဘဏ်ထုတ် VISA/Master/JCB ကတ်များနဲ့ ဝယ်လို့ရပေမယ့်လည်း Google One ကို ဝယ်တဲ့အခါ ဒီအတိုင်း အဆင်မပြေပါဘူး... စိုင်းညီပြောတဲ့ နည်းနဲ့ အဆင်ပြေသွားလို့ ဒီမှာ ထပ်မှတ်သားတာပါ...
______________________
Credit to @Sai Nyi Phyo
နည်းလမ်း ၂ ခုရှိမယ်
(၁)
Android မှာပဲ လုပ်ချင်ရင်
အကောင့်ကို US ဖြစ်အောင် ပြောင်းရမယ် ဘဒွေး
- https://pay.google.com/gp/w/home/settings
ဒီ link ကိုသွား.. ရှိသမျှ profile တွေ close လုပ်
- Play Store ကို Clear Data လုပ်
- US VPN ကျော်
(US ရောက်မရောက် ip တချက်စစ်) ပြီးရင်
- Play Store ဖွင့်
- US Region Store ရောက်လားတချက်ကြည်ရမယ်.. Myanmar Region ဆို Games & Apps (tab နှစ်ခု) ပဲ ပေါ်ပြီး US ဆိုရင် Movies & TV နဲ့ Books ဆိုတဲ့ tab ၂ ခုတွေ့ရလိမ့်မယ်ဗျ
- US region ရောက်တာသေချာရင် $5 or $10 ဂစ်ကတ်ဖြည့်လိုက်တာနဲ့.. US region အကောင့် ဖြစ်သွားမယ်ဗျ
- ဒါဆိုရင် Google One Subscribe ကြည့်လိုက်ပါ ငွေသာလုံလောက်ရင်.. သေချာပေါက်ရပါပြီ
- အဲ့ဒါပြီးမှ visa card ချိတ်ပြီး ကတ်ထဲက ငွေဖြတ်ခိုင်းလို့ရပါပြီ
- ဂစ်ကတ်နဲ့မဖြည့်ပဲ visa card တန်းချိတ်လဲ US အကောင့် ပြောင်းတော့ပြောင်းနိုင်တယ်.. သိပ်မသေချာပါ
US အကောင့်ပြောင်းတဲ့ အခါ (သို့) gift code ဖြည့်လို့ address & zip/postal တောင်းလာခဲ့ရင်
Name: ကြိုက်တာထည့်
Zip Code: 90001
Country: US
Phone: 34777745566
ဒါလေးတွေ ထည့်ရိုက်လိုက်ပါ tax free ပါ.
Comments