gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

သတင်းကောင်း၊ ဝမ်းနည်းစရာ သတင်းနဲ့ နှုတ်ဆက်ခြင်း...


သတင်း ၃-ခု ပြောစရာ ရှိပါတယ်...
ပထမဆုံး ဝမ်းသာစရာ သတင်းကောင်း ၂-ခု အရင် ပြောပါ့မယ်... 
- အသစ်ထွက်မယ့် CDMA 800 ကြိုတင် ဝယ်ယူရရှိပြီး အခု iPhone 5 မှာ သုံးလို့ရအောင်လုပ်ပေးတဲ့ ဆက်သွယ်ရေးက သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်... အခုအဲဒီဟာနဲ့သုံးနေတာ 7Mbps ရပါတယ်...
- HTC One X+ အကြောင်းတွေ သတင်းရေးပေး ဖြန့်ပေးလို့ဆိုပြီး HTC မှ HTC one handset အသစ် လက်ဆောင်ရပါတယ်...  မန္တလေးသား HTC CEO ကြီးကို ကျေးဇူး အထူးတင်ပါတယ်...
ဝမ်းနည်းစရာ သတင်းက...
- Internet ပေါ်က ကျွန်ပိုင်ဆိုင်တဲ့ MgHla.net, MgHla Mandalay, MgHla နာမည်နဲ့ လုပ်ခဲ့တဲ့ ဖန်တီးခဲ့တဲ့ စာသား၊ ဓာတ်ပုံ (မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ ပုံများမပါ) များကို ကုမ္ပဏီ တစ်ခုကို ကျပ်သိန်း တစ်ထောင်နဲ့ ရောင်းလိုက်ပါပြီ... ဒါတင်ပြီး မိနစ် ၃၀ နောက်ပိုင်း MgHla နဲ့ ပတ်သက်သမျှ ကျွန်တော်နဲ့ မဆိုင်တော့သလို၊ ကျွန်တော် မပိုင်တော့ပါ... MgHla နာမည်ကို ကျွန်တော် ဆက်သုံးခွင့် မရှိတော့ပါ...


နှုတ်ဆက်ခဲ့ပါတယ်....

မောင်လှ
ဒီနှုတ်ဆက် စာသားတင်ခွင့်ပေးတဲ့ MgHla ကို ဝယ်ယူသွားတဲ့ ကုမ္ပဏီကို ကျေးဇူး အထူးတင်ပါတယ်...

Comments

အကို April Full လား
Nay Wunn Thu said…
ကိုမောင်လှရေ ကျွန်တော်
အင်တာနက်ဆိုတာ စသုံးဖူးကတည်းက ဝင်ကြည့်ဖြစ်တဲ့
blog က ကိုမောင်လှရဲ့ blog ပါပဲ

ကျွန်တော်ကိုယ်တိုင်လဲ ဓါတ်ပုံ ဝါသနာပါသူတစ်ယောက်ပါ
ကိုမောင်လှရိုက်တဲ့ပုံလေးတွေကို သိမ်းထားတာ အများကြီးပဲ ...

ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူးးးးးးးးး :(
MgHla said…
ဧပြီ ၁ ရက်နေ့ကတင်ခဲ့သော ယခု အကြောင်းအရာများမှာ April Fool သာ လျှင် ဖြစ်ပါကြောင်း အကြောင်းကြား အပ်ပါသည် ခင်ဗျ... :D

Ad