Skip to main content

သတင်းကောင်း၊ ဝမ်းနည်းစရာ သတင်းနဲ့ နှုတ်ဆက်ခြင်း...


သတင်း ၃-ခု ပြောစရာ ရှိပါတယ်...
ပထမဆုံး ဝမ်းသာစရာ သတင်းကောင်း ၂-ခု အရင် ပြောပါ့မယ်... 
- အသစ်ထွက်မယ့် CDMA 800 ကြိုတင် ဝယ်ယူရရှိပြီး အခု iPhone 5 မှာ သုံးလို့ရအောင်လုပ်ပေးတဲ့ ဆက်သွယ်ရေးက သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်... အခုအဲဒီဟာနဲ့သုံးနေတာ 7Mbps ရပါတယ်...
- HTC One X+ အကြောင်းတွေ သတင်းရေးပေး ဖြန့်ပေးလို့ဆိုပြီး HTC မှ HTC one handset အသစ် လက်ဆောင်ရပါတယ်...  မန္တလေးသား HTC CEO ကြီးကို ကျေးဇူး အထူးတင်ပါတယ်...
ဝမ်းနည်းစရာ သတင်းက...
- Internet ပေါ်က ကျွန်ပိုင်ဆိုင်တဲ့ MgHla.net, MgHla Mandalay, MgHla နာမည်နဲ့ လုပ်ခဲ့တဲ့ ဖန်တီးခဲ့တဲ့ စာသား၊ ဓာတ်ပုံ (မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ ပုံများမပါ) များကို ကုမ္ပဏီ တစ်ခုကို ကျပ်သိန်း တစ်ထောင်နဲ့ ရောင်းလိုက်ပါပြီ... ဒါတင်ပြီး မိနစ် ၃၀ နောက်ပိုင်း MgHla နဲ့ ပတ်သက်သမျှ ကျွန်တော်နဲ့ မဆိုင်တော့သလို၊ ကျွန်တော် မပိုင်တော့ပါ... MgHla နာမည်ကို ကျွန်တော် ဆက်သုံးခွင့် မရှိတော့ပါ...


နှုတ်ဆက်ခဲ့ပါတယ်....

မောင်လှ
ဒီနှုတ်ဆက် စာသားတင်ခွင့်ပေးတဲ့ MgHla ကို ဝယ်ယူသွားတဲ့ ကုမ္ပဏီကို ကျေးဇူး အထူးတင်ပါတယ်...

Comments

အကို April Full လား
Nay Wunn Thu said…
ကိုမောင်လှရေ ကျွန်တော်
အင်တာနက်ဆိုတာ စသုံးဖူးကတည်းက ဝင်ကြည့်ဖြစ်တဲ့
blog က ကိုမောင်လှရဲ့ blog ပါပဲ

ကျွန်တော်ကိုယ်တိုင်လဲ ဓါတ်ပုံ ဝါသနာပါသူတစ်ယောက်ပါ
ကိုမောင်လှရိုက်တဲ့ပုံလေးတွေကို သိမ်းထားတာ အများကြီးပဲ ...

ဘာပဲဖြစ်ဖြစ် စိတ်မကောင်းပါဘူးးးးးးးးး :(
MgHla said…
ဧပြီ ၁ ရက်နေ့ကတင်ခဲ့သော ယခု အကြောင်းအရာများမှာ April Fool သာ လျှင် ဖြစ်ပါကြောင်း အကြောင်းကြား အပ်ပါသည် ခင်ဗျ... :D

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...