Skip to main content

ဓာတ်ပုံ ၁-ပုံတည်းနဲ့ Star Trails ပုံဖြစ်အောင် ဘယ်လို လုပ်မလဲ...

ပထမဆုံး လိုအပ်တာကတော့ ကြယ်တွေပေါ်အောင်ရိုက်ထားတဲ့ ဓာတ်ပုံ ၁-ပုံပါ... ကျတော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ ကျတော် ရိုက်ထားတဲ့ပုံကို သုံးပါ့မယ်...

အနက်ရောင်ထဲမှာ အဖြူရောင် အစက်အပြောက်လေးတွေက ကြယ်တွေပါ... ဒီပုံကို ဖိုတိုshop မှာ ဖွင့်ပါတယ်...
၁. ပုံပါတဲ့ background layer ကို duplicate လုပ်ပါတယ်... (Control + J  နှိပ်ရင်လည်းရပါတယ်...)
၂. ရလာတဲ့ layer ကိုလည်း ထပ်ပြီး duplicate လုပ်ပါတယ်... 
၃. duplicate လုပ်လို့ရလာတဲ့ ဓာတ်ပုံ layer ကို Ctrl+T (free transform) လုပ်ပါတယ်...


အပေါ်မှာပြထားတဲ့ ပုံထဲကအတိုင်း...
၎. (1)လို့ ဘဲဥပုံနဲ့ပြထားတဲ့ နေရာမှာ ပုံ angle ကို လိုအပ်သလို ပြောင်းပြီး (2)လို့ဘဲဥပုံနဲ့ပြထားတဲ့နေရာက Commit Transform ကိုနှိပ်ပါတယ်...
၅. (3)လို့ ဘဲဥပုံနဲ့ပြထားတဲ့ layer mode နေရာမှာ Lighten ကို ရွေးပါတယ်...
၆. အောက်ကပ်လျက်မှာ ရှိတဲ့ layer နဲ့ပေါင်းဖို့အတွက် Ctrl+E ကို နှိပ်ပါတယ်... 
၇. ကိုယ်လိုချင်တဲ့ star trails အရှည်ရသည်အထိ အဆင့်-၂ ကနေ အဆင့်-၆ အထိ ထပ်ကာ ထပ်ကာ လုပ်ပါ... 

  
ကျတော်ကတော့ အပေါ်က ပုံအတိုင်း ရတဲ့အခါ ... အဆင့်-၈ ကို သွားပါတယ်...


၈. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း မူရင်းဓာတ်ပုံရှိတဲ့ Background ကို duplicate လုပ်ပြီး star trails ပုံ layer ရဲ့ အပေါ် ကို ရွှေ့ပါတယ်...
၉. ပုံထဲမှာ Background copy လို့ပြထားတဲ့ layer ကို ရွေးပြီး add layer mask လုပ်ပြီး အပေါ်ပိုင်းက မလိုချင်တဲ့ အပိုင်းတွေကို layer mask နဲ့ဖျောက်ထားလိုက်ပါတယ်...


၁၀. သေချာစွာ ချိန်ညှိပြီးရင် ဆိုရင်တော့ လိုချင်တဲ့ star trails ဓာတ်ပုံ ၁-ပုံကို ရရှိပါပြီ...



ပုံမှန် star trails ဓာတ်ပုံ ၁-ပုံရိုက်ဖို့အတွက် အနည်းဆုံး မီနစ် ၃၀ လောက် အချိန်ပေးရပါတယ်... ကျတော် အပေါ်ကပုံရိုက်တုန်းက ဆိုရင် ၂-နာရီလောက် အချိန်ပေးခဲ့ရပါတယ်... စက္ကန့် ၃၀ ကြာပုံ ၄၀ လောက်ရိုက်ပြီး StarMax software နဲ့ ပြန်ပေါင်းဖို့ စိတ်ကူးခဲ့ပေမယ့်လည်း stacking လုပ်တဲ့ software တွေက အဆင်မပြေလို့ Photoshop CS5 က Star Trail Action ကိုသုံးပြီး ပေါင်းကြည့်တော့ ကျတော် ရိုက်ထားတဲ့ ပုံ ၆-ပုံရဲ့ exposure time စုစုပေါင်း ၅-မီနစ်လောက်ပဲ ရှိပေမယ့် ထွက်လာတဲ့ ပုံမှာ နာရီဝက်လောက် အနည်းဆုံးရိုက်မှ ထွက်မယ့် ပုံလိုဖြစ်နေလို့ Star Trail Action ကို ပြန်စစ်တော့ ကျတော် အခုရေးလိုက်တဲ့ နည်းနဲ့ လုပ်ထားကြောင်း တွေ့ရတဲ့ အတွက် ပြန်လည် ဝေမျှလိုက်ရကြောင်းပါ...

http://blog.mghla.net/2010/12/blog-post_30.html မှာတင်ထားတဲ့ပုံကို Photoshop နဲ့ပြုပြင် ထားတယ်လို့ မရေးမိတဲ့အတွက် တောင်းပန်ပါတယ်...

My labels: how to create cheat star trails photo using photoshop,photography, tutorial

Comments

Sushi for you said…
မျဉ်းကြောင်းတစ်ကြောင်းစာအတွင်းမှာ စာ၂ ကြောင်းလောက်ရေးချင်ရင် ဘယ်လိုလုပ်ရမလဲ သိပါရစေခင်ဗျာ စာရွက်သေးသေးမှာ စာတွေ အများကြီးရေး print ထုတ်ချင်လို့ပါ ကျေးဇူးတင်ပါတယ်
ကိုမောင်လှနဲ့ ကိုညီလင်းဆက် ရဲ့ blog ကို လာပြီး ပညာ ရှာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
Aungnyc said…
ကျေးဇူးတင်တယ် ကိုမောင်လှ။ နည်းပညာ ဝေမျှပေးတာ တန်ဘိုးရှိတယ်ဗျာ.. အားပေးလျှက်ပါ

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...