မန္တလေးမှာ... (Mandalay News)
ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်...
မန္တလေးမှာ... (Mandalay News)
သိပြီးသား ဖြစ်ကြမှာပါ... ဒီလ ၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ အသုံးပြုနေဆဲပါ...
မန္တလေးမှာ... (Mandalay Gossips - မန္တလေး ကောလဟလ)
အလယ်တန်း ကျောင်းသူအရွယ် ....................................... တရာခံများကို ဖမ်းမိပြီဖြစ်ကြောင်းလည်း ကောလဟလ ထွက်ပေါ်နေပါတယ်...
ဒီကောလဟလ ကို မဖော်ပြချင်တဲ့အတွက် ရေးပြီးမှ ပြန်ဖျက်လိုက်ပါတယ်...
My Labels: Mandalay News, Gossips, Burma Myanmar News & Gossips

Comments
နေဒေးသစ်။
နင်ကလည်း လူကြီးကို မရိုမသေ
http://laorganizers4burma.blogspot.com/2009/06/blog-post_21.html