Skip to main content

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
ကျတော့် ဘလော့တွင် အောက်ပါအတိုင်း ကြေငြာထားသော်လည်း ပြည်တွင်းဂျာနယ် အချို့သည် အသိမပေး အကြောင်းမကြားဘဲ သုံးစွဲနေသည့်အပြင် ကျတော့်အား နစ်နာစေနိုင်သည့် အရေးအသားမျိုးနှင့်ပါ ရေးသား နေသည်ကို စိတ်မကောင်းစွာ တွေ့ရှိနေရပါသည်...

http://maunghla.googlepages.com/info_k.gif
“မောင်လှ ဖန်တီးထားသော စာများ၊ ပုံများ၊ ဒီဇိုင်းများနှင့် ဖန်တီးမှုများကို လွတ်လပ်စွာ အခမဲ့ အသုံးပြုနိုင်သည်။ သို့သော် စီးပွားရေးနှင့် ပတ်သက်သော အဖွဲ့အစည်းများ၊ စီးပွားရေးဆန်သော လုပ်ငန်းများနှင့် သတင်း မီဒီယာ အမျိုးမျိုးတွင် အသုံးပြုမည်ဆိုပါက အသုံးပြုခွင့် ကြိုတင်တောင်းခံကြပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။”


ဒါနဲ့စကားမစပ်...
ကျတော်တို့ မန္တလေးမှာလေ မိုးရွာလိုက်၊ နေပူလိုက်နဲ့ပေါ့ဗျာ... ဇွန်လ ၁-ရက်နေ့ မနက် ကျောင်းဖွင့်ချိန်မှာ မိုးတွေသည်းလို့ ကျောင်းစတက်မယ့် ကလေးတွေလည်း ရှိုးစမိုးနဲ့ ကျောင်းကို မသွားနိုင်ဘူး ဖြစ်နေတယ်... မိုးရွာပေမယ့်လည်း အပူချိန်ကတော့ ပူနေမြဲပဲ...


ဒါနဲ့စကားမစပ်...
လောကအလှ မဂ္ဂဇင်းက အင်တာဗျူးများကို ပြည်တွင်းထုတ် Personal Computer မဂ္ဂဇင်းက မည်သည့် ခွင့်ပြုချက်မှ တောင်းခံခြင်း၊ အကြောင်းကြားခြင်းမရှိဘဲ အသုံးပြုထားသည့် အတွက် လောကအလှ အယ်ဒီတာ အဖွဲ့မှ ယင်း PC မဂ္ဂဇင်းအား တရားဥပဒေအရ တရားစွဲဆိုမယ်လို့ သိရကြောင်းပါ...
PC မဂ္ဂဇင်းမှ ကိုးကားရေးသား ထားသည် ဆိုသော်လည်း လောကအလှမှ မေးထားသည့် မေးခွန်းများကို ဖြုတ်ပြီး ဖြေကြားချက်များကို ၏ သည် မရွေး ပြန်လည် အသုံးပြုထားသည်ကို တွေ့ရပါသည်...



Comments

hana san said…
ဂလိုလား...ဂလိုဆိုတော့လည်း..အင်း...။
ကျေးဇူးတင်ပါတယ် နေပြည်တော် ဆရာလှရေ။
mm thinker said…
PC နဲ့ လောကအလှကိစ္စ ပြည်တွင်းစာနယ်ဇင်းမှ ပါစင်နယ် တုံ့ပြန်မှုများ ရရှိပါသည်။

အလျဉ်းသင့်လျှင် စာတစ်ပုဒ်လောက် ဖတ်ရမည် ထင်ပါသည်။
တိုက်တော့ တိုက်တွန်းထားပါသည်။
Unknown said…
တိုက်တွန်းထားတယ်ဆိုတော့ ကိုသင်ကာကPC ရဲ့ အတိုင်ပင်ခံလားဒါမှမဟုတ်လက်ဝေခံ ဝေစားမျှစားလား...
လောကအလှကလဲကိုသင်ကာနဲ့ မပတ်သက်ကြောင်းကို ကြေညာထားပြီးပီဆိုတော့
ဘယ်ဘက်ကိုတိုက်တွန်းတယ်ဆိုတာ သိထင်ရှားအောင်ရေးသင့်ပါတယ်...
MYO HAN HTUN said…
ကိုမောင်လှရေ .. မြောက်ပေးတာမဟုတ်ဘူး .. လိုက်သာ ဆဲဗျာ။ ဓါတ်ပုံရိုက်တင်ပြီး အရှက်သာခွဲ။
mm thinker said…
ကျနော်ရေးတာ မရှင်းတာသာဖြစ်ပါတယ်။
ပီစီနဲ့ မပတ်သက်ကြောင်းက ရှင်းပါတယ်။
ကိုယ့်စာပါ ကိုယ်မသိဘဲ သူတို့ ယူသုံးထားသေးတာပဲ။

လောကအလှက ကိုယ့်ဆန္ဒကိုယ်နဲ့ နှစ်ကြိမ်မြောက် ကိုယ့်နာမည် ကိုယ်တိုင် ဖျက်သိမ်းပြီး နှုတ်ထွက်တာ ဖြစ်ပါတယ်။

အသံကြားရတယ်ဆိုတာ သတင်းသမား (News) အုပ်စုများထံက ဖြစ်ပါတယ်။ (ပြည်တွင်း မီဒီယားလိုင်းများကို ခွဲခြား သတိပြုပါ) သူတို့ရေးမယ်ဆိုတာကို တိုက်တွန်းတာသာ ဖြစ်ပါတယ်။

နာမည်ဝှက်နဲ့ ဒီလိုပြောရင် ဘယ်က ပြောတယ်ဆိုတာ ရိပ်မိပါတယ်။ ပွင့်ပွင့်လင်းလင်း ရေးနိုင်ပါတယ်။

ကိုမောင်လှရဲ့ စီဘောက်မှာ ခြေရာရှုပ်သွားတာ တောင်းပန်ပါတယ် ကိုမောင်လှရေ။
khin oo may said…
ဖတ်သွားသည်။ ဆက်လက်နားထောင်နေသည်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...