ဒီနေ့မနက် အိပ်ယာထတော့ ရေတွေ ခဲနေတယ်... ရေခဲသေတ္တာထဲမှာလေ... မနေ့ည ၁၁-နာရီက စပြီး မီးလာနေတယ်ဆိုတော့ ခဲမှာပေါ့... :D (စတာပါဗျာ...) မန္တလေးမှာ ရာသီဥတုကြောင့် ရေမှ မခဲဖူးတာ ယုံချင်စရာ မကောင်းပါဘူး... ၆း၃၀-နာရီလောက် နိုးတော့ အပြင်မှာ မှောင်နေသေးတာနဲ့ ပြန်မှိန်းနေလိုက်တယ်... ၇း၁၀-နာရီမှာ မဖြစ်ဘူး ရုံးသွားရဦးမယ် ဆိုပြီး ကုန်းရုန်းထ... ရေနွေးစပ်ထားတဲ့ ရေချိုး၊ သမီးနဲ့ ခဏနေတယ်... ပြီးတော့ ရုံးကို လာတော့ လမ်းမှာ မိုးဖွားလေးတွေ ကျသလို နှင်းမှုန်လေးတွေ မျက်နှာကို လာစင်တယ်... အခုအချိန်အထိတော့ နေမထွက်သေးဘူး... နေ့လယ်ဘက်တောင် အနွေးထည် အပါး မဝတ်ထားရင်လည်း အေးသလိုလို ရှိတာနဲ့ နေ့လယ်ဘက်ပါ အနွေးထည် ပါးပါးလေး ဝတ်ထားရတယ်... လမ်း-၈၀ အရင်တရုတ်တန်းဈေး ဘက်မှာ တရုတ်အနွေးထည် ရောင်းတဲ့ ဆိုင်တွေမှာ အလကားပေးနေတဲ့ အတိုင်းပဲ ဈေးဝယ်တွေနဲ့ စည်လိုက်တာ... စည်ဆို ဈေးလည်းတော်တာကိုး ဗျ... မန္တလေးမှာ အေးတယ်ဗျ... ချမ်းနေတယ်ဗျနော်... မန္တလေးလာရင် အနွေးထည် ထူထူ ယူခဲ့ကြဦး... ကားနဲ့ပဲ သွားတယ် လည်မယ်ဆိုရင် ပြသနာမရှိပေမယ့်... ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်တော့ မန္တလေးရဲ့ အအေးဒဏ်ကို ခံရလိမ့်မယ်ဗျ...
My Labels: diary, Mandalay News, Myanmar Burma News
My Labels: diary, Mandalay News, Myanmar Burma News
Comments
နှိပ်စက်ပါ့ ဦးမောင်လှရယ် :(
လေက ဘယ်မှဘယ်သို့တိုက်မှန်းမသိတဲ့ဒီရန်ကုန်မှာတော့ ဆောင်းဆိုတာ အသားပတ်တာကလွဲပီး ဘာမှမထူးခြားဘူး :(
ခင်မင်လျက်