Skip to main content

ဒါနဲ့ .. စကားမစပ်...

ဒါနဲ့ .. စကားမစပ်...
တနင်္ဂနွေနေ့ မနက် ၅း၅၀-နာရီ လောက်က မန်းလေးရဲ့ မြောက်ဘက် ၅၅-မိုင်အကွာကို ဗဟိုပြုပြီးတော့ြေါညငအကိန ၄.၇ ရှိတဲ့ ငလျင် လှုပ်သွားကြောင်းပါ... ငလျင်မလှုပ်ခင် တစ်ပတ် မတိုင်ခင်မှာ ရာသီဥတုမှာ အရမ်းအေးပြီး ငလျင်လှုပ်ပြီးတဲ့ အချိန်မှာတော့ အအေးပြန်လျော့သွားပါတယ်... ငလျင်နဲ့ ရာသီဥတု အပူချိန် ပတ်သတ်မှု ရှိလား မရှိလားတော့ မသိကြောင်းပါ... Google နဲ့ ရှာကြည့်တော့ ပုံအောက် လင်ခ်ထဲမှာ ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ တွေ့တယ်...




ဒါနဲ့ .. စကားမစပ်...
ဒီမှာ မခင်ဦးမေ က “ခါးမှာ ချိတ်ထားတာ ဗျောက်ကြီးထင်လို့။ :P” လို့ပြောတားတာကို ဖြေရှင်းပါရစေ... အဲဒါ ဗျောက် မဟုတ်ကြောင်းပါ... “ဟလို .. ဟလို ... ကြားလား ကြားလား..” ခဏ ခဏ အော်ရတဲ့ ပါလေရာ ဖုန်းလေးပါ..


ဒါနဲ့ .. စကားမစပ်...
ကျတော့် blog မှာ Followers လုပ်ထားသူများကို ကျေးဇူး အထူးတင်ကြောင်းပါ... ကျတော်မှာတော့ Greader နဲ့ ဖတ်နေရတဲ့ အတွက် follow မလုပ်နိုင် comment မရေးနိုင် မပြန်နိုင်တာကို ခွင့်လွှတ်စေချင်ပါသည်...


ဒါနဲ့ .. စကားမစပ်...
စိုးမင့်ခန့် မေးထားတဲ့ © အမှတ်အသား ကို ဘယ်လို လုပ်ထားလဲဆိုတော့...
Photoshop ထဲမှာ
၁. ဓာတ်ပုံရဲ့ အပေါ်မှာ Text tool ကို သုံးပြီး
© စာသား ရိုက်တယ်...
၂. အဲဒီ layer ရဲ့ opacity ကို 20% , Fill ကို 0% ထားလိုက်ပါတယ်... အဲဒါတွေက Layers box ထဲကနေ ပြောင်းရတာပါ...
၃. အဲဒီ layer ကိုပဲ Layer Style (Layer Effect) ထဲက Bevel and Emboss ထည့်ထားတာပါ...

Comments

Anonymous said…
ဖတ်သွားပါတယ်ခင်မျာ.. ရှင်းပြလို့ကျေးဇူးတင်ပါတယ်..
ဒါနဲ့စကားမစပ် အဲ့ဒီဂျီးဒေါ်(မခင်ဦးမေ)က အဲ့တိုင်းပဲ ဘုမသိဘမသိ လျှောက်လျှောက်ရမ်းတုပ်တာ ခွင့်လွှတ်ပေးစေချင်ပါတယ်းP

(နောက်တာနော်ဂျီးဒေါ်.. တော်ကြာတွေ့သွားလို့ စိတ်ကောက်နေဦးမယ်)
Dr. Yi Yi Win said…
သြော်..ဒါကြောင့်ကိုး။ အိမ်တော်တော်ခါရမ်းသွားပါလားလို့ တော့ထင်တယ်။ ကိုယ့်ဘာသာကိုယ်ပဲ အိပ်ရေးမ၀လို့ ထင်နေတာမှတ်တာ။
khin oo may said…
ယုဝရီပြောကတည်းက မောင်လှ ဆီက အတိအကျသိရမှာဘဲဆိုပြီး စောင့်နေတယ်။ ယုဝရီက အိယောင်ဝါး။
ဒါနဲ့ စကားမစပ်...LA မှာ သီးလေးသီးပွဲ လုပ်မယ်ဗျို့ ...
http://dawngwin.googlepages.com/T4Tlarge.jpg

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...