Skip to main content

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်...
မနက်ဖြန်ကျရင် သခင်ကြီး (ခ) ကိုဂျေ (ခ) ကိုသူရညီမင်းစံ (ခ) သခင်စိုးကြီး (ခ) BaganNAT တို့နဲ့ အတူ ပုဂံသွားမယ်... မာရ်နတ် ဖျက်မှ ပျက်လိမ့်မယ်... ၃-ရက် ၄-ရက်လောက် နေမယ်... ဓာတ်ပုံရိုက်ရင်းနဲ့ စိတ်အပန်းဖြေဖို့ သွားကြမှာ... လိုက်ကြမလား...

ဒါနဲ့စကားမစပ်...
ကျတော့်ကို comment ဝင်ရေးပေးကြသူများကို ကျေးဇူး အထူးတင်ပါတယ်... comment ထဲမှာ ပြန်စာ ဝင်မရေးနိုင်လို့ ခွင့်လွှတ်ပါ... အနာဂတ် ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာတဲ့အခါကျရင် ဝင်ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...
cbox ထဲဝင်အော်ကြသူများလည်း ကျေးဇူးပါ...
Google Account sign up လုပ်လို့မရသူများကိုလည်း ကျတော် မတတ်နိုင်ကြောင်း ပြောပါရစေ... ခွင့်လွှတ်ကြပါ...

ဒါနဲ့စကားမစပ်...
ကျတော်တို့ကို ဘာကင်မရာ ဝယ်ရင်ကောင်းမလဲ လာလာ အကြံဥာဏ်တောင်းခံကြသူများခင်ဗျား... မိမိ စိတ်ကြိုက်ဖြစ်တဲ့ brand ကိုသာ ရွေးချယ်ကြပါ... DSLR ဝယ်မယ်ဆိုရင်တော့ နောက်ထပ် ထပ်ဝယ်ရမယ့် lens ဈေးနှုန်းတွေကို အရင် စုံစမ်းပြီးမှ ဝယ်ပါ... NativeMyanmar Forum ရဲ့ Photography & Cinematography မှာလည်း ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ကြကြောင်းပါ...

ဒါနဲ့စကားမစပ်...

လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။
နေဘုန်းလတ် (ပထမဆုံး မြန်မာ blogger အကျဉ်းသား)

Comments

ဒူကဘာ said…
အေးဗျာ ... ရုပ်ခန္ဓာ အကျဉ်းချခံရတဲ့ နေဘုန်းလတ် လေးစားပါတယ်၊ မတရားမှု ထုံသင်းလေ ရောသလား ? ငါတို့ ပြည်လို့ ... မေးရမလောက် ဖြစ်နေတယ်။
Ko Boyz said…
အားကျတယ်ဗျာ.. ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရတာ ဗမာပြည်မှာပဲ ရှိတယ်ဗျ...။ လုပ်ခွင့်ရတုန်း လုပ်လိုက်ပါ ကမောင်လှ...။
ယုံကြည်ချက်ခိုင်တဲ့သူတွေဟာ အကျဉ်းထောင်ကို ယာယီတည်းခိုနေတဲ့ မိုတယ်တွေလို့ ယူဆနေသူတွေပါ။ သူတို့ တွေ တောင်းဆိုနေတဲ့ လွတ်လပ်ခြင်း၊ တရား မျှတခြင်းတွေ မကြာခင် အမိမြေမှာ ရပါစေလို့ ... စု (ဆု) တောင်းလိုက်ပါတယ်။
Minn Yoon Thit said…
စကားမစပ် ပုန်းရည်ကြီးလေး လူကြုံမှာချင်တယ်...း)
ကိုမောင်လှ--
"ဒါနဲ့စကားမစပ်..."
ပုဂံဓါတ်ပုံတွေ များများရိုက်ခဲ့ပါ---
ကျမ ကို ပေးမယ်လို့ ကတိ ပေးထားတယ်မို့လား
မမေ့လောက်ပါဘူးနော်----
အဲဒီတုံးက ရန်ကုန်ရောက်နေလို့ ပါ--တဲ့--
This comment has been removed by the author.

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install