ဒါနဲ့စကားမစပ်...
မနက်ဖြန်ကျရင် သခင်ကြီး (ခ) ကိုဂျေ (ခ) ကိုသူရ ၊ ညီမင်းစံ (ခ) သခင်စိုးကြီး (ခ) BaganNAT တို့နဲ့ အတူ ပုဂံသွားမယ်... မာရ်နတ် ဖျက်မှ ပျက်လိမ့်မယ်... ၃-ရက် ၄-ရက်လောက် နေမယ်... ဓာတ်ပုံရိုက်ရင်းနဲ့ စိတ်အပန်းဖြေဖို့ သွားကြမှာ... လိုက်ကြမလား...
ဒါနဲ့စကားမစပ်...
ကျတော့်ကို comment ဝင်ရေးပေးကြသူများကို ကျေးဇူး အထူးတင်ပါတယ်... comment ထဲမှာ ပြန်စာ ဝင်မရေးနိုင်လို့ ခွင့်လွှတ်ပါ... အနာဂတ် ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာတဲ့အခါကျရင် ဝင်ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်...
cbox ထဲဝင်အော်ကြသူများလည်း ကျေးဇူးပါ...
Google Account sign up လုပ်လို့မရသူများကိုလည်း ကျတော် မတတ်နိုင်ကြောင်း ပြောပါရစေ... ခွင့်လွှတ်ကြပါ...
ဒါနဲ့စကားမစပ်...
ကျတော်တို့ကို ဘာကင်မရာ ဝယ်ရင်ကောင်းမလဲ လာလာ အကြံဥာဏ်တောင်းခံကြသူများခင်ဗျား... မိမိ စိတ်ကြိုက်ဖြစ်တဲ့ brand ကိုသာ ရွေးချယ်ကြပါ... DSLR ဝယ်မယ်ဆိုရင်တော့ နောက်ထပ် ထပ်ဝယ်ရမယ့် lens ဈေးနှုန်းတွေကို အရင် စုံစမ်းပြီးမှ ဝယ်ပါ... NativeMyanmar Forum ရဲ့ Photography & Cinematography မှာလည်း ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ကြကြောင်းပါ...
ဒါနဲ့စကားမစပ်...
လူကိုသာ အကျဉ်းချလို့ ရမယ်၊ စိတ်ဓါတ်နဲ့ အနုပညာကို ဘယ်တော့မှ ချုပ်နှောင်လို့ မရဘူး . . . ။
နေဘုန်းလတ် (ပထမဆုံး မြန်မာ blogger အကျဉ်းသား)

Comments
"ဒါနဲ့စကားမစပ်..."
ပုဂံဓါတ်ပုံတွေ များများရိုက်ခဲ့ပါ---
ကျမ ကို ပေးမယ်လို့ ကတိ ပေးထားတယ်မို့လား
မမေ့လောက်ပါဘူးနော်----
အဲဒီတုံးက ရန်ကုန်ရောက်နေလို့ ပါ--တဲ့--