gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

NEC + KMD @ Mandalay Swan Hotel

KMD နဲ့ NEC တို့ ပူးပေါင်း ကျင်းပတဲ့ ပြပွဲကို ဒီနေ့ မနက်ပိုင်း ရောက်ခဲ့ပါတယ်... NEC laptop, All-In-One Desktop Computer, Home Media Server များနှင့် အခြား ပစ္စည်းများ ပြသထားတာကို တွေ့ရပါတယ်... NEC ထုတ်ပစ္စည်းများကို ၁-နှစ်အာမခံ ချက်ပေးထားပြီး warranty ကာလအတွင်းမှာ ပစ္စည်း တစ်ခုခု ချို့ယွင်းမှု ရှိခဲ့လို့ လဲလှယ်ရန် လိုအပ်ပါက DHL အမြန်ချောပို့ စနစ်နဲ့ ပစ္စည်းများကို NEC မှ ပြန်လည် ပေးပို့ပေးမှာ ဖြစ်တဲ့အတွက် အမြန် ပြုပြင်လဲလှယ်ပေးမှာ ဖြစ်တယ်လို့ ဆရာဦးသောင်းတင် ကိုယ်တိုင် ပြောကြား ခဲ့ကြောင်းပါ... All-In-One PC မှာ စိတ်ဝင်စားဖွယ် ကောင်းသော်လည်း AMD CPU မဟုတ်ဘဲ Intel CPU ဖြစ်ခဲ့ရင် လူကြိုက်ပိုများ နိုင်ကြောင်းပါ... Home Media Server ကို စီးပွားရေး လုပ်ငန်းငယ်များမှာ Server တစ်လုံးအနေနဲ့ပါ အသုံးချ နိုင်ပါတယ်... CPU က Intel Core2Quad 2.5GHz, 6MB, 1333FSB | RAM က 2GB DDR2 | HDD က 250GB ပါဝင်ပါတယ်...


HP Laptop တွေလည်း ရောင်းပါတယ်...


NEC Laptop တွေ


NEC All-In-One Desktop PC


ဘုန်းဘုန်းတို့လည်း ဝယ်ဦးမယ်...

My Lables: NEC Laptop Show at Mandalay, News, Myanmar, KMD Computer

Comments

nyi nyi said…
AMD is as fast as intel. Trust on it, you won't feel the difference. AMD already get market share in America.
ဒူကဘာ said…
လာလည်တာ ၂နှစ်လောက် ရှိရောပေါ့၊ ပညာတွေလာယူ၊ စာတွေဖတ်၊ တရံတခါဆီတော့ ရယ်မောကာပြန်၊ တခါသားမတော့ လောကအမောတွေ ရှုရင်းပေါ့ ..... ကမောင်လှ....ရယ်။

Ad