gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

Bokeh Photos

ဒီတစ်ခေါက် ရန်ကုန်မလာခင် အသစ်ဝယ်ထားတဲ့ ဟန်းဆက်လေးပေါ့ဗျာ... ညီမင်းစံ ဆိုတဲ့ ငနဲ လုပ်တာနဲ့ Sony Ericsson W660i ကို ခြစ်ချုပ်ပြီး ၀ယ်လိုက်တယ်... အသစ်မို့လို့လားတော့ မသိဘူး... လိုင်းဆွဲအား ပိုကောင်းတယ်... ယောက္ခမအိမ်မှာရှိတဲ့ မိုတိုရိုလာ၊ နိုကီယာတွေထက် လိုင်းပိုမိတယ်... အရင် Sony Ericsson K510i ထက်လည်း လိုင်းဆွဲအား ပိုမိတယ်... ဘက်ထရီလည်း ပိုခံတယ်... သီချင်း နားထောင်လို့လည်း ကောင်းတယ်... FM လည်း ဖမ်းလို့ရတယ်... ကင်မရာက 2.0 Megapixels ... မန္တလေး Anycall က ၀ယ်ထားတာလေ... NativeMyanmar ဖိုရမ်ထဲက ကိုကိုစာ၊ ကိုသခင်ကြီးတို့ရဲ့ သူငယ်ချင်းဆိုင်ပေါ့... အိတ်၊ လက်ကိုင်ကြိုးတွေရော လက်ဆောင်ပေးတယ်... အခု အဲဒီ ဟန်းဆက်ကို မနေ့ညက ဓာတ်ပုံ ရိုက်ထားပါ... နောက်က ဖိုးကပ် မပြတ်တဲ့နေရာတွေမှာ အလင်းပြန်တာလေးတွေက ကြယ်လိုလို၊ ငှက်လိုလို လေးတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်...









My Labels: Photography, bokeh, DOF

Comments

TZA said…
အလို၊ ဘာလို့အဲလိုကြယ်ပုံပေါ်တာလဲမသိဘူး၊ ဘာ lens သုံးလဲသိပါရစေ။
MgHla said…
ကိုTZA ရေ...
Nikon D40 ရယ် 18-55m lens သုံးပြီးတော့ပဲ ရိုက်ထားတာပါ... ဒါပေမယ့် ဒီ http://diyphotography.net/diy_create_your_own_bokeh ကနည်းနဲ့ ရိုက်ထားတာပါ...
TZA said…
ကျေးဇူးပါကိုမောင်လှ၊ ခုမှတွေ့ဖူးတယ်။
khin oo may said…
အသစ်ကလေးက မိုက်သဗျာ။
အဟောင်းလေး ဒီဘက် ပို့လိုက်ပါ။

Ad