Skip to main content

လူပျိုကြီးပန်း...


လူပျိုကြီး တစ်ယောက် စိုက်ထားတဲ့ ပန်းပင်ကပွင့်တဲ့ ပန်းမို့ "လူပျိုကြီးပန်း" လို့ နာမည်ပေးထားတာ လွန်လားဗျာ...

My Label: Flowers, Photo, Nikon D40, Myanmar

Comments

Gu Gu said…
LOL. Ko Mg Hla ga daw lote pee. Nice close-up photo. :)
little moon said…
သိပါဘူး လူပျိုကြီးပန်းဆိုတော့ ဘီယာမူးနေတဲ့လူပြိုကြီး လမ်းဘေးမှာ ရှူရှူးပန်းနေတဲ့ပုံများလားလို့။ လူပြိုကြီးရဲ့ တခြားပန်းတွေ ရိုက်ပြီးတင်ဦးလေဗျာ
hana san said…
good ! good!
On Scene said…
ကိုမောင်လှခင်ဗျား
ကိုမောင်လှရဲ့ ဘလော့ဂ်ကတော့ တကယ်မိုက်တယ်ဗျာ။
ကျွန်တော်ရေးထားတဲ့ဘလော့ဂ်လေးကို အချိန်ရမယ်ဆိုရင် လာရောက်ကြည့်ရှုပြီး အကြံဥာဏ်လေး ပေးစေချင်ပါတယ်။ကျွန်တော်တို့ဖန်တီးနေတဲ့ 3d Animation ဇာတ်ကားနဲ့ပက်သတ်ပြီးရေးထားတာပါ။ ကျွန်တော့်ရဲ့ဘလော့ဂ် လိပ်စာကိုလည်း ကိုမောင်လှအဆင်ပြေမယ်ဆိုရင် ကိုမောင်လှရဲ့ ဘလော့ဂ်ထဲမှာ
Link လုပ်ပေးထားပါလားခင်ဗျာ။
address က http://2bcond.blogspot.com
လေးစားစွာဖြင့်
လင်းမြတ်လွင်ဗို
Khin said…
တောမှာပွင့်တဲ့ပန်းရယ်တောမှာဘဲလန်းဆန်းနေစေချင်တယ်။

မန္တလေးက ပုရစ်ကျော်ကိုလွမ်းပါတယ်

အရီးဒေါင်းလက်ဖက် စားချင်တယ်

ရှေးတုံးက သင်္ကြန်ကိုလွမ်းတယ်

ဝင်းဦးလာတဲ့သင်္ကြန်ပါ

အိမ်တော်ရာစာတိုက်နားက က အမေဒေါင်းကို သတိရပါကြောင်းပြောလိုက်ပါ။

သူ့ သမီးက မမြမြပါ။
ThinkingHoney said…
ဦးမောင်လှ ဓါတ်ပုံတွေက လန်ထွက်နေတာပဲ
angle ယူတာလဲ အရမ်းမိုက်တယ်
ပြီးတော့... သိချင်တာ တခုက
ဘာ camera သုံးလဲဟင်
Shinma said…
Maung Hla

You are the special

I like your idea.
Carry on, please.
See you
MELODYMAUNG said…
ကိုမောင်လှကတော့ လုပ်ပြီ ပန်းလေးကို လှအောင်ရိုက်ထားပီး စိတ်ဝင်စားစရာ နာမည်ကိုလဲ ပေးတတ်ပါရဲ့ ဒါနဲ့ ဘိုင်ဒဝေး ဘယ်လူပျိုကြီး ပျိုးတဲ့ ပန်းတုန်းဗျ အဟက်ဟက် ကိုမောင်လှကြီးတော့ ဟုတ်ဘူးမလားဗျို :P

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...