မနေ့က ပုဇွန်တောင်ဘက်မှာ နေ့တဝက်ကျော်ကြာအောင် နေဖြစ်တယ်... ပိတ်ရက်ဆိုတော့ လုပ်စရာ မရှိတာရော၊ အဆောင်မှာ တစ်ယောက်တည်း နေရမှာ ပျင်းတာကြောင့်ရော မောင်ရမ်းနဲ့ လိုက်သွားဖြစ်တယ်... ကွန်ပျူတာသွားပြင်ပေးတာပါ... အပြန်မှာ နာမည်ကြီး ရွှေ့ဧည်သည် စီးဖြစ်တယ်... ထိုင်ခုံအပြည့်သာတင်တဲ့ ရွှေဧည့်သည်မှာ မတ်တပ်ရပ်ပြီး လိုက်စီးရတယ်... ၃-မှတ်တိုင်လောက်ရောက်မှ ထိုင်စရာ နေရာ ကြပ်ကြပ်တည်းတည်းရတယ်... နောက်ထပ် လူတွေ ထပ်တက်လာလိုက်တာ မတ်တပ်ရပ်တဲ့လူတွေ ကားအပြည့်ပဲ... မနေ့က အစ်နေ့မို့လို့လားတော့ မသိဘူး... ကားပေါ်မှာ မွတ်စလင်တွေ များတယ်... ဘာဖြစ်လို့လည်းမသိဘူး... ဘဲချီးစော်နံတယ်... အဲကွန်းလည်း မဖွင့်ဘူး... လှိုင်သာယာဘက် ပြန်တဲ့လူတွေများတယ်... ကြပ်ကြပ်တည်းတည်း၊ ဘဲချီးအနံ့ရှူပြီး မြန်မာကျပ်ငွေ ၃၀၀-ကျပ်ပေးပြီး ရွှေဧည်သည်ကြီးကို မနေ့က စီးခဲ့ရကြောင်းပါ...
မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...
Comments
Pazontaung has market selling ckicken and duck, right?
ရွှေဧည့်သည်က စပြီးဆွဲကတည်းက
အဲယားကွန်း မဖွင့်ပါဘူး..
မတ်တတ်ရပ်ခရီးသည်တင်ရင်လဲ…
ကိုမောင်လှ..ကိုပေးတဲ့ လက်မှတ်မှာ…
ပါတဲ့ ဖုန်းနံပါတ်တွေကိုဆက်ပြီးတိုင်လို့ ရပါတယ်….
နာဂျူငယ် ဟွာဂို.
(ချာ...ချာရယ်ဆော...ချိုဟွာယို)