Skip to main content

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...

တရုတ်ပြည်က ကြိုဆိုပါ၏တဲ့ဗျာ... အဲဒီ မုဒ်ဦး ဟိုဘက် ရောက်ပြီဆိုရင် ဒီဘက်နဲ့ တခြားစီပဲ... ဒီဘက်က မြန်မာတွေလေ... ဟိုဘက်ကတော့ တရုတ်တွေကိုးဗျ... web cam လေးနဲ့ မလှမပ ဓာတ်ပုံရိုက်ပြီး ယာယီ ဖြတ်ကျော်ခွင့် လက်မှတ်လေး လုပ်ပြီး အဲဒီ ဂိတ်ကို ဖြတ်လိုက်တာနဲ့ ဟော တရုတ်ပြည်ထဲ ရောက်လေပြီ...


တရုတ်ပြည်၊ မန်စီမြို့က ကားတစ်စီးရဲ့ နောက်ကို ရိုက်ထားတာပါ... “နင့်ကို ငါချစ်တယ်” “ချစ်သူ” “...” စာတွေ မြန်မာလိုရေးထားပါတယ်... ရွှေလီနဲ့ မန်စီကို ၁း၃၀-နာရီလောက် ကားနဲ့သွားရပါတယ်... မန်စီမြို့မှာ နေ့လယ်စာ စားခဲ့တယ်... ဆိုင်ပိုင်ရှင်တွေကို တရုတ်တွေ မှတ်ပြီး ဘာစကားမှ မပြောဘဲ ရေငုံနှုတ်ပိတ် နေမိတယ်... ဆိုင်ပိုင်ရှင်တွေလည်း သိတယ်ထင်ပါ့... ခဏနေတော့ အိမ်ထဲကနေ ဘိုဖြူ သီချင်းဖွင့်ပြပြီး သူတို့ မြန်ပြည်ကလာတဲ့ ရှမ်းလူမျိုးတွေ ဖြစ်ကြောင်း ပြတယ်... အဲဒီတော့မှပဲ မြန်မာလို့ ပြောတတ်မှန်းသိတယ်... မန်စီ လေဆိပ်နားက တော်တော် စားလို့ကောင်းတဲ့ ရှမ်းထမင်းဆိုင်လေးပါ...
မန်စီ လေဆိပ်မှာ ရှူးသွား ပေါက်မိတာ မှားသွားတယ်... ဝေါ့... လေယာဉ်စီးပြီး ကူမင်း ကို ခရီးနှင်ခဲ့တယ်... ၃၅-မိနစ်လောက်ပဲ စီးလိုက်ရတယ်...

ဟော... ကူမင်းမြို့ထဲကိုရောက်လေပြီ... တည်းခို ညအိမ့်မယ့် ဟိုတယ်ကို သွားနေတာ ခင်ဗျ... ကြယ် ၄-ပွင့် အဆင့်ရှိတဲ့ ဟိုတယ်ကြီး တစ်ခုမှာ တည်းခဲ့လေသည်... အဲဒီ ရောက်တဲ့ညမှပဲ ကူမင်းရုံးခွဲက မန်နေဂျာ ဧည့်ခံကျွေးမွေးတဲ့ ညစာ စားလို့ကောင်းတယ်... တရုတ်ပြည်မှာ ထမင်းဆိုင် ၂-ဆိုင်ပဲ စားလို့ ကောင်းခဲ့တယ်... မန်စီက ရှမ်းဆိုင်ရယ် ဒီဆိုင်ရယ်...

နောက်နေ့ မနက် ၈-နာရီ ဟော်တယ်ကနေ စထွက်ပြီး အနောက်တောင် (Western Hill) ကို သွားနေတာပါ... ဒီလို ၂-ထပ်လမ်းတွေ ပေါများ သလား မမေးပါနဲ့... လမ်းတွေကလည်း ကောင်းတယ်... အခု ဓာတ်ပုံထဲက လမ်းကတော့ ပြုပြင်နေဆဲ လမ်းပေါ့ဗျာ...
ရုံးဆင်းတော့မှာမို့ နောက်နေ့များမှ ဆက်ပါဦးမယ်ဗျာ...

Comments

ကူမင်းမှာ အဒေါ်ရှိတယ်။ အဒေါ်အိမ် သွားတည်းလိုက်ပါအုန်း....း)
အိမ်က ဓာတ်တိုင်ဘေးမှာဆိုလား...
အဲဒီမှာ ကြိုးတွေနဲ့ ရှုပ်နေတဲ့ ဓာတ်တိုင်တွေကော ရှိလားဟင်...
Yan said…
ကောင်းတယ်ဗျာ. ကိုယ်တိုင်သွားလည်နေရသလိုပဲ. ဆက်ရေးပါဦးဗျို့ မှော်နေမယ်...
AwLanMg said…
ဆရာလှရဲ့ စိနတိုင်း ခရီးသွားမှတ်တမ်း က အခုမှလာတာကိုး။
စောင့်ဖတ်နေပါတယ်ခင်ဗျာ။
Ye-Mon said…
ဗဟုသုတရတယ်ဗျာ။ ကျေးဇူးပဲ ကမောင်လှရေ။ ကူမင်းကို လေယာဉ်နဲ့သွားဖို့က နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့တင် ရလား။ အစစ်အဆေးတွေ ဘယ်လိုရှိလဲ။ အသိမိတ်ဆွေမရှိပဲ အလည်သွားလို့ရနိုင်လား။ သိရင် နည်းနည်းလောက်ပြောပြပါဦး။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...