မောင်လှရေ...
မနေ့က ရုံးဆင်းတော့ ဆိုင်ကယ် ဆီသွားထုတ်ပြီး ပြန်လာတော့ တောင်ဘက်ကို ကြည့်လိုက်တော့ မိုးသားတွေ မည်းနေတာနဲ့ .. အိမ်ကို အမြန်ပြန်တာ ကီးမားတင်ဝင်းရှေ့လဲ ရောက်ရော ရွာချလိုက်တဲ့ မိုးတွေ မိုးတွေ... ရေတွေကလည်း အများကြီး ပါသလား မမေးနဲ့... မိုးသည်းနေတာနဲ့ ညစာ အတွက် ဟင်းတောင် ဝင်မဝယ်နိုင်ဘူး... အိမ်ပြန်ရောက်တော့ ဟိုနေ့က အမေ့ဆီခဏ သွားရင် အမေပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်ရယ်... အိမ်သူ သက်ထား ဇနီး မယား မိန်းမ ကြော်ကျွေးတဲ့ ဝက်အူချောင်းကြော်နဲ့ ဂျင်းသုတ်ရယ်နဲ့ ညစာ စားရတာ ထမင်းစားလို့ ကောင်းလိုက်တာကွာ... ပြောမနေပါနဲ့တော့...
သတိရလို့ ပြောရဦးမယ်... ချဉ်ပေါင်ကြော်သွားယူရင်းနဲ့ အမေကပြောတယ်... သား ကိုလှရေ... အခု ပဲဆီဈေးက ၁-ပိသာ ၃၈၀၀-ကျပ် ဖြစ်နေပြီ... မင်းကြိုက်တဲ့ ဝက်သားနဲ့ အမဲသားက ၄၈၀၀-ကျပ်၊ ကြက်သားကတော့ မစားသေးတော့ အမေလည်း မမေးမိဘူး... အရှေ့ဘက် ၂-အိမ်ကျော်က မူလတန်းကျောင်း သွားအပ်ဖို့မေးတာ အလှူငွေ ကျပ် ၅-ပုလင်း ထည့်ရမယ်တဲ့... မိန်းမကပြောတယ် ဓာတ်ဆီတွေ ဈေးကျတယ်တော်ရေ... တစ်ဂါလံ ၃၅၀၀-ကျပ်တဲ့... မိုးတွင်းဆိုတော့ ရွှေတူးတဲ့လူတွေ အလုပ်နားလို့ ဈေးကျတယ်တဲ့ တော်ရေ... ဓာတ်ဆီဆိုင်ကလူ ပြောလိုက်တာပဲ...
အမယ်လေး... မောင်လှရေ... အဲကွန်းကလည်း အေးလိုက်တာ... အေးမှပေါ့ဟ အပြင်မှာ မိုးတွေ ရွာနေတုန်းလေ... အပြင်မှာနေပူရင် အဲကွန်းလည်း လိုက်ပူတယ် သိလား...
ချောင်းဆိုး၊ ဖျားနာ၊ နှာချေခြင်းများ ကင်းဝေးပါစေကွာ...
My Labels: မောင်လှရေ, Mandalay News

Comments