Skip to main content

မောင်လှ နှင့် ရာသီလာခြင်း...

xxx ရေး -
ရာသီလာစဉ် ဆက်ဆံတာကတော့ ကိုယ်ဝန်ရှိဖို့ ပိုနီးစပ်တယ်လို့ မှတ်သားဖူးပါတယ်...

ဖြေချင်နေတာ အူယားနေတာပဲ... ကဲ ခုတော့ ဖြေပြီဗျာ...
သွေးပေပေတွေနဲ့ မရွံဘူးဆိုရင်တော့ ရာသီလာချိန်မှာ ဆက်ဆံတာဟာ ကိုယ်ဝန်လုံးဝ မရနိုင်ပါဘူးဗျာ...

ဒီမှာ ဒီလိုဗျ... မိန်းကလေးတစ်ယောက်ရဲ့ menstrual cycle က ၂၈ ရက်ဆိုပါတော့...
ပထမဆုံး ရာသီလာသွေး စလာတဲ့နေ့ကို ၁ ရက်လို့ စရေတွက်ရအောင်... ၂၈-ရက် သမားဆိုရင်တော့ ၂-နဲ့ စားလိုက်ရင်ထွက်လာတဲ့ ၁၄-ရက် ၀န်းကျင်မှာ မမျိုးဥကြွေပါတယ်... ၁၄-ရက် ထက်စောရင်လည်း စောနိုင်သလို နောက်ကျရင်လည်း နောက်ကျနိုင်တယ်... အဲဒီအချိန်မှာ ဖိုသုတ်ပိုး ၀င်ရောက်သွားပြီး တွေ့ဆုံကြမယ်ဆို မျိုးအောင်ပြီး ကိုယ်ဝန်ရနိုင်ပါတယ်...

အဖိုသုတ်ပိုးဟာ မိန်းကကိုယ်အတွင်းမှာ ၃-ရက်ဝန်းကျင် အသက်ရှင်နေထိုင်နိုင်ပါတယ်... အမမျိုးဥကတော့ ၂-ရက်လောက်ပဲ အသက်ရှင် နေနိုင်ပါတယ်ဗျ...

ကဲ ... ကိုxxx က ရာသီစလာတဲ့နေ့က စပြီး ရေတွက်လာတဲ့ ၁၂-ရက်နေ့မှာ ဆက်ဆံမိတယ်... ကိုxxx အဖိုသုတ်ပိုးက ဆက်ဆံဖက်ရဲ့ မိန်းမကိုယ်ထဲမှာ ကျန်ခဲ့မယ်... ဆက်ဆံဖက် အမျိုးသမီးရဲ့ မမျိုးဥက ၁၄-ရက်နေ့မှာ ကြွေတယ် ဆိုကြပါတော့... ကိုxxx ကိုယ်ပွားလေးနဲ့ ဆက်ဆံဖက်အမျိုးသမီး ကိုယ်ပွားလေးတို့ တွေ့ကြပြီး... အဟဲ.. နောက်ထက် ၁၀-လလောက်နေရော Jr. xxx လူ့လောကထဲ ရောက်လာရော...

အဲဒီတော့ ... ကိုယ်ဝန်မရချင်သေးဘူးဆိုရင် ၁၄-ရက်ဝန်းကျင်မှာ မမျိုးဥကြွေတတ်တယ်ဆိုတော့ မမျိုးဥ အသက်ရှင်တဲ့ ၂-ရက်ရယ်၊ ဖိုသုတ်ကောင် အသက်ရှင်နိုင်တဲ့ ၃-ရက်ရယ် ပေါင်း ၅-ရက်ရှိမယ်... ပိုစိတ်ချရအောင် ၁-ရက်လောက်ထပ်ပေါင်းပြီး မမျိုးဥ ကြွေနိုင်တဲ့ ရှေ့မတိုင်မှီ ၆-ရက် နဲ့ နောက် ၆-ရက်မှာ ဆက်ဆံမှု မပြုပါနဲ့... ပြုမယ်ဆို ကိုယ်ဝန်ရနိုင်တယ်... မအောင့်နိုင်ရင် အကာအကွယ်သုံးဗျို့...

အလွယ်နည်း မှတ်မယ်ဆို မိန်းကလေးရဲ့ menstrual cycle က ၂၈ ရက်ဆိုရင် လေးပိုင်းပိုင်းလိုက်ပါ... ရာသီသွေး စလာတဲ့နေ့ကို ၁-ရက်လို့ မှတ်ဗျာ... ပြက္ခဒိန်က ၁-ရက်ကို ၁-ရက်လို့မှတ်ရင် မှားသွားလိမ့်မယ်...

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28


ရာသီသွေး စလာတဲ့ ၁-ရက်နေ့ ကနေ ၇-ရက်နေ့အထိ စိတ်ချရတဲ့ရက်တွေ... ဖိုသုတ်ကောင် သက်ရှည်ကျန်းမာနေရင်တော့ မပြောတတ်ဘူး ...

၈-ရက်နေ့ကနေ ၂၀-ရက်နေ့အထိ အောင့်ထားဗျို့... စိတ်မချရတဲ့ ရက်တွေ... ကလေးလိုချင်ရင်တော့ ဒီရက်ထဲမှာ အသည်းအသန် ကြိုးစား...

၂၁-ရက်ကနေ ၂၈-ရက်အထိလည်း စိတ်ချရတဲ့ရက်တွေဗျို့... လှော် သာ လှော်...


မိန်းကလေးရဲ့ menstrual cycle က ၃၀ ရက်ဆိုရင် ဘယ်လိုလဲ ဟုတ်လား... ဒါများ အလွယ်လေး ၁၅-ရက် ၀န်းကျင်မှာ မမျိုးဥ ကြွေနိုင်တယ်... မမျိုးဥ အသက်ရှင်နိုင်တဲ့ ၂-ရက်ရယ်၊ ဖိုသုတ်ကောင် အသက်ရှင်နိုင်တဲ့ ၃-ရက်ရယ်၊ လိုရမယ်ရ ၁-ရက်ရယ် ပေါင်း ၆-ရက်ကို ၁၅-ရက် ရှေ့နဲ့ နောက်မှာ ထည့်လိုက်ဗျာ အောက်မှာကြည့်လိုက်တော့ဗျာ... အစိမ်းနဲ့ပြထားတဲ့ ရက်တွေဆို စိတ်ချနိုင်တယ်... ဆက်ဆံလို့ရတယ်... အနီနဲ့ပြထားတဲ့ ရက်တွေဆိုရှောင် ကိုယ်ဝန်ရနိုင်တယ်...

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30


မင်းသမီးလေး (မမျိုးဥ) က မင်းသားလေး (ဖိုသုတ်ကောင်) အလာကို စောင့်မျှော်နေတယ်... ဒီလမှာ မင်းသားလေး သူ့ဆီကို အခစားမ၀င်ဘူး ဆိုရင် ငိုချလိုက်တာပဲ... မင်းသမီးလေး ငိုရင် အီဗာတွေ ဘာတွေနဲ့ မျက်ရည်သုတ်ပေါ့... ကလေးမလိုချင်သေးတဲ့လူတွေ ပျော်ပေါ့ဗျာ... ဟော... မင်းသမီးလေးဆီ မင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရင် မျက်ရည်မဖြစ်တော့ဘဲ အဟာရအဖြစ်စားသုံးရင်း နောက် ၁၀-လလောက်လည်းနေရော ဂျူနီယာလေးတွေ လူ့လောကထဲရောက်လာရောဗျာ...

မောင်လှ သိလှချည်လား မလုပ်ပါနဲ့... ၂၀၀၀ ခုနှစ်၊ ဒီဇင်ဘာလတုန်းက Reproductive Health နဲ့ ပတ်သက်တဲ့ ၇-ရက်သင်တန်း တက်ခဲ့ဖူးပြီး သင်တန်းပြီးတော့ ဆင့်ပွား သင်တန်းတွေ ဖွင့်ဖို့ ဆရာဖြစ်သင်တန်းလည်း တက်ခဲ့ဖူးပါတယ်... အဲဒီ သင်တန်းတွေက သင်ပေးခဲ့တာတွေပါ...
မှားနေရင်တော့ ဆရာဝန်များ၊ ဆေးပညာနားလည်သူများ ပြင်ပေးကြပါ...
NativeMyanmar.com မှာ အခြားသူတွေ ဆွေးနွေးထားတာကိုလည်း သွားဖတ်ကြည့်ပါဦး...

Comments

Chan Mya Soe said…
စွယ်စုံရ ကိုတုံပါလား :)
ဗဟုသုတရတဲ့ ပို့စ်တွေ ဖတ်ရတာ ကျေးဇူးတင်ပါတယ်ဗျာ
MYO HAN HTUN said…
ဗဟုသုတရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ :)
Myo Kyaw Htun said…
ခေါင်းစဉ် မြင်ပြီးတော့ ဘုရားတမိတယ်။ ကိုမောင်လှကြီးများ “...” :)
MgHla said…
အဟယ်... :D
mghla ရဲ့ insideout ပါလားဗျ။
very informative!
Anonymous said…
အစွဲအလမ်းကြီးတဲ့ မန္တလေးသား...
ရဲဗလောင်းကို ခတ်နေတာပဲ..
ဟဲ ဟဲ.. အသုံးတော့ အတော်ဝင်သား..

ရဲရဲတောက်တဲ့ အမှတ် ၁ ကျောင်းသား အတွက်
အ ဟား.. ကဗျာတိုလေးရေးထား..

နွေရက်မိုးဆောင်း.. ဘယ်လိုပြောင်းလဲ..
ရှောင်လွဲမရ ထာဝရမို့
နုညံဝင်းမွတ် ပစ်မျိုးကင်းရာ
ရာသီတိုင်းမှာ.. မောင်လှလျှာ..

ပျော်စေကြောင်းတောင်းဆုချွေ..
မာစေကြောင်း ကောင်းဆုဝေ..
Konge said…
Woo! God Must be crazy!
TZA said…
တွက်ရမှာ ပျင်းတဲ့အတွက် မျက်ရည်ကျတဲ့ သတင်းကို ရင်ခုန်စွာနဲ့ စောင့်ရတဲ့ ဘဝပါဗျာ... အဟိ..
chad said…
ဟုတ်ကဲ့ ကိုမောင်လှခင်ဗျား ရာသီလာနေတယ်ဆိုရင်လည်း ကိုယ်ဝန်ရှိနိုင်ပါသေးလားခင်ဗျား .. မျက်ရည်ကျနေပမယ့် လန့်လို့ပါ... :)
Unknown said…
၁၄ရက် ၁၅ ရက်လောက်မှာ အဖော်မပါပဲအတူနေမိတယ်
ဒါပေမယ့် သုတ်ကိုအပြင်မှာထုတ်လိုက်တယ်
အဲဒါမျိုးဆို ကိုယ်ဝန်ရနိုင်ခြေ ဘယ်လောက်ရှိလဲမသိဘူး
ကျေးဇူးပြုပြီးတော့ ဖြေပေးပါနော်
Tay Za said…
အကိုရေ ရာလာပြီ ထပ်လာတာကကော် ဘာကြောင့်များပါလိမ့်
Unknown said…
ရာသီလာတဲ့ ရက်​က ဘယ်​​လောက်​ကြာတုန်းဗျ
ဥပမာ ၂၅ ရက်​​နေ့ လာတဲ့ သူဆိုပါ​တော့
ဘယ်​ချိန်​ပြီးမတုန်း

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...