Skip to main content

ချောင်းတွေကလည်း ဆိုး... အလုပ်တွေကလည်း များ...

မန်းလေး ရာသီဥတုက ပြီးခဲ့တဲ့ ၁၀-ရက်လောက်က အအေးပေါ့ပြီး ခုပြန်အေးနေလေရဲ့... အဲဒါကို ဂရုမစိုက်မိတဲ့ ကျတော် အအေးမိပြီး ချောင်းတွေ ဆိုးနေတာ ၇-ရက်ကျော်လေပြီ... ခုတော့ အနည်းငယ် သက်သာသလိုတော့ ဖြစ်နေပါပြီ... ဒီကြားထဲ များလိုက်တဲ့ အလုပ်တွေကလည်း မပြောချင်တော့ပါဘူး... ခုတော့ အားချင်ယောင် ဆောင် နေလေရဲ့...
ဒီမှာ မီးစက်ထဲမှာ ထည့်သုံးရတဲ့ အရည်က တစ်ဂါလန် ၄၇၀၀-ကျပ် အထိကို ရောက်သွားပြီတဲ့... ဆိုင်ကယ်ထဲထည့်မောင်းရတဲ့ဟာတော့ ၄၃၀၀-ကျပ် ကျော်မှာ သေချာလောက်ပါတယ်... ခုမီး ပေးတဲ့ ပုံစံ တစ်မျိုး ပြောင်းသွားပြန်ပြီ... အရင်က ပထမနေ့ ည ၆ နာရီ ကနေ ဒုတိယနေ့ နေ့လယ် ၁၂-နာရီအထိ ပေးတယ် ပြီးရင် မီးဖြတ်တာ တတိယနေ့ နေ့လည် ၁၂-နာရီမှ ပြန်လာပြီး ညနေ ၆-နာရီ အထိ လာတယ်... ညနေ ၆-နာရီကျော်ရင် မီးဖြတ်လိုက်တာ နောက်နေ့ ညနေ ၆-နာရီ အထိပဲ... ၃-ရက်ကို ၁၈-နာရီ လာတဲ့ သဘောပါပဲ... ခုတော့ အဲဒီ လိုမဟုတ်တော့ပါဘူး... ၆-နာရီ လာပြီး ၁၂-နာရီ မီးပျက်မယ့် ပုံစံပါပဲ... ခုချိန်အထိ မီးလာမယ့်အချိန်ကို ကျတော် မမှန်းတတ်သေးပါဘူး... သြော်... ရေလည်း အချို့ရပ်ကွက်တွေမှာ မလာဘူးတဲ့ဗျာ...

Comments

ဒါဆိုရင် မြို့က နီဂရိုးမနဲ့ တူနေမှာပဲနော်...
ရေမီးမရှိတော့ နံပြီး မဲနေမှာ...ဟီး
Chan Mya Soe said…
ဟားဟား ကြံကြံဖန်ဖန်ဗျာ မြို့များ နီဂရိုးမနဲ့ နှိုင်းရတယ်လို့ :P
MYO HAN HTUN said…
ဈေးနှုန်းတွေမြင်ရတော့ .. အံ့သြမိပါတယ် ဗျာ။

မနိုင်းနိုင်းရေ .. ကျွန်တော်တို့ မန္တလေးကို အဲ့ဒါမျိုးမပြောပါနဲ့ .. ဗျာ .. နေ့ခင်းကြတော့လည်း လင်းလွန်းလို့ .. တရုတ်မပေါင် ခရုသင်းစွဲတဲ့ အလား ဖြူဖြူဖွေးနေတာပဲ .. ဗျာ .. (တိုက်တွေ .. တိုက်တွေ) ..
Phoe Htaung said…
သည်းခံကြပါ... သည်းခံကြပါ.. သည်းခံရင် အကျည်းမတန်ဘူးတဲ့..
TZA said…
မီးပေးတာကိုတော့ ရာသီတွက် သလို တွက်လို့မရဘူးပေါ့နော်.. သိပ်လျှို့ဝှက်တဲ့ လျှပ်စစ်မီးပါလား..

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...