ကျတော်တို့ မန်းလေးမှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကစပြီး ဗီနိုင်းထုတ်တဲ့ စက်ကြီးတွေ ရောက်လာပြီး အပြိုင်အဆိုင် ဈေးလျော့ပြီး လုပ်ပေးကြတာ... တစ်ပေ ပတ်လည်ကို ၂၅၀-ကျပ် ၀န်းကျင်လောက်အထိ ဈေးတွေ လျော့ကြကုန်ရော... အမြဲတမ်းအပ်နေကြသူတွေဆို တစ်ပေ ပတ်လည်ကို ၁၈၀-၂၀၀ ကျပ်ဝန်းကျင်နဲ့ လုပ်ပေးကြတယ်ဗျ... သိန်း ၁၀၀ ပတ်ဝန်းကျင်ရှိတဲ့ ဗီနိုင်းထုတ်တဲ့ စက်ကြီးတွေ ရင်းပြီး လျော့ဈေးနဲ့ သူတို့ ဘယ်လို အလုပ် ဖြစ်နေကြလဲတော့ ကျတော် ဥာဏ်မမှီပါ...
အဲဒီ လုပ်ငန်းတွေမှာ ကိုယ်ပိုင် ဒီဇိုင်းနာတွေ ထားကြတယ်ဗျ... အဲဒီ ဒီဇိုင်နာတွေရဲ့ လစာက ကျတော်သိသလောက် တစ်ကို ၅၀၀၀၀-ကျပ် မှ ၁၀၀၀၀၀-ကျပ် အတွင်းပဲ ရကြတယ်ဗျ...အမြဲအပ်နေတဲ့ ကုမ္ပဏီတွေဆို တစ်ပေပတ်လည်ကို ၁၈၀-ကျပ်ထုတ်ခ ယူပြီး ဒီဇိုင်းတောင် အလကားမတ်တင်း လုပ်ပေးကြတယ်ဗျ...
ကျတော်တောင် စဉ်းစားနေတာ ကွန်ပျူတာအလုပ် မလုပ်စားတော့ဘဲ... ဆိုက္ကားနင်းစားရင် ကောင်းမလားလို့ပါ... ဟိုနား ဒီနား ၅၀၀-ကျပ်ဖြစ်နေတာ ဆိုတော့လေ... ဂုဏ်မရှိတာကလွဲရင် သူတို့က ကျတော်တို့လို ၀န်ထမ်းတွေထက် ပိုက်ဆံပိုရတယ်ဗျ...
ကျတော် အခု ဘာအလုပ်လုပ်နေလဲ ဆိုတော့ နည်းနည်းပါးပါး တတ်ထားတဲ့ ကွန်ပျူတာ ပညာနဲ့ လုပ်တတ်တဲ့ အောက်ခြေသိမ်းအလုပ် အကုန် လုပ်နေပါတယ်ခင်ဗျား... ပြာတာ (အိုင်တီ) လေးပေါ့ဗျာ ...

Comments
သူများမျက်နှာကြည်.စ၇ာမလိုဘူး..
ကိုယ်ပိုင်ဆိုက်ကားလေးသာဝယ်နင်း.
အလုပ်မသွားချင်လဲ၇တယ်..
ကိုယ်.စိတ်နဲ.ကိုယ်.ကိုယ်.ပဲ
ကျုပ်တောင်.ပဲပြုတ်ေ၇ာင်းမလားလို.