gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားစကား နားထောင်တာ

အားလုံးသော ဒကာ ဒကာမတွေ ဘယ်ဘာသာဝင်လဲ?
“ဗုဒ္ဓဘာသာဝင်ပါဘုရား”
ကိုင်း - ကလေးတွေက မေးမေး၊ တိုးရစ်တွေကမေးမေး၊ ... ဘာသာခြား ဘယ်လို ပုဂ္ဂိုလ်က မေးမေး ဖြေတတ်အောင်

သင်ပေးမယ်နော်။
ဗုဒ္ဓ ဆိုတာ ဘာလဲ - ဘုရား ၊ သာသာ ဆိုတာ ဘာလဲ - စကား ၊ ၀င် ဆိုတာဘာလဲ - နားထောင်တာ ။ ဒီတော့

ဗုဒ္ဓဘာသာဝင်ဆိုတာ ဘာလဲဆိုတော့ ဘုရားစကားနားထောင်တာနော်။

မိုးကုတ်မြို့ ကုန်းမြင့်သာယာရပ် ဓမ္မရံသီရိပ်သာ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တ သုနန္ဒ
ဟောကြားသော “ဗုဒ္ဓဘာသာ ငါးမျိုးနှင့် သစ္စာလေးပါးတရားတော်” စာအုပ်မှ ကောက်နှုတ်သည် . . .

Comments

NLS said…
အကို

ဘုရားစကား နားထောင်တယ်ဆိုတာ သူပြောတာကို နားထောင်ခြင်းလို့ အနက်ရတယ်။ ကျွန်တော် သိသလောက်တော့ အဲဒါဟာဟာမှားတယ် ထင်တာပဲ။ ဘုရားရှင်က ဘယ်သူ့စကားကိုမှ ကိုယ်တိုင်မကျင့်ကြံဘဲ မလိုက်နာနဲ့လို့ ကာလာမသုတ်မှာ ဟောထားတယ်။ နောက် တိုးရစ်တွေကို ဒါမျိုးသာ သွားပြောလို့ကတော့ မေးခွန်းတွေဆိုတာ ဆုံးတော့မှာ မဟုတ်ဘူး။ ကျွန်တော့် အနေနဲ့တော့ ဒီအနက်က သိပ် General ကျနေသလားပဲ။ လူပြိန်း နားလည်အောင်များ ဘုန်းကြီးက ပြောသလားတော့ မဆိုတတ်ဘူး။
MgHla said…
ကိုညီလင်းဆက်ရေ...
ဘုန်းကြီးက လူပြိန်း နားလည်အောင်ပြောတာ ဖြစ်နိုင်တယ်... ဒါပေမယ့် အဲဒီစာအုပ်ကို ကျတော်ကြိုက်တယ်... အကုန်တော့ မဖတ်ရသေးဘူး...

Ad