ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကိုင်း ကောင်းမှုတော်ဘုရားအနီးမှာ ကုမ္ပဏီ အရောင်းကား တစ်စီး ညဘက်မှာ ဓါးမြ တိုက်ခံရကြောင်း ကြားသိရပါတယ်... ကောင်းမှုတော်ဆိုတာ မုံရွာဘက်က လာမယ်ဆိုရင် စစ်ကိုင်းမြို့ အ၀င်မှာ ရှိတဲ့ ဘုရားပါ... ကျတော် အမှတ်မမှားဘူး ဆိုရင် အဲဒီနားမှာ စစ်တပ်ရှိတယ်ထင်ပါတယ်... စစ်တပ်အမှန်တကယ် ရှိတယ်ဆိုရင်တော့ ဓါးမြတွေ အတင့်ရဲတယ်လို့ပဲ ပြောရမှာပဲ... မသေချာ မရေရာသေးပါ... တစ်ဆင့်စကားနဲ့ ကြားရခြင်းကို ပြန်ရေးထားခြင်းဖြစ်ပါတယ်... တိတိကျကျ သိပါက ထပ်တင်ပေးပါ့မယ်...