Skip to main content

ကျော့်ပြောချင်တဲ့ Zhiyun Smooth 4 အကြောင်း

 Zhiyun ကထုတ်လုပ် ရောင်းချမယ့် Smooth 4 အကြောင်းကို သဘောကျလို့ ရေးတာပါ... ယခုအချိန်အထိတော့ pre-Order အဖြစ်ပဲမှာယူနိုင်ပါသေးတယ်... ဒီ Smooth 4 အကြောင်းကို user manual နဲ့ https://youtu.be/fchHnWTIONQ က review ကို ကြည့်ပြီး ရေးမှာ ဖြစ်ပါတယ်...  

Zhiyun ကုမ္ပဏီက Smooth 4 မထုတ်ခင် Smooth-C, Smooth 2, Smooth-Q, Smooth 3 တွေ ထုတ်ခဲ့ပြီး Smooth-Q ဟာ လူကြိုက်များခဲ့ပါတယ်... သုံးရတာအဆင်ပြေတာရော၊ ဈေးနှုန်းသက်သာမှုကြောင့်ပါ Smooth-Q ဟာ လူသုံးများခဲ့ပါတယ်... အခုအချိန်မှာ Smooth-Q ရဲ့ဈေးက USD99.0 ပဲရှိပါတယ်... 
 Smooth-Q တို့ Smooth 4 တို့ဆိုတာ နာမည်ကြီး Dji ကုမ္ပဏီကထုတ်တဲ့ osmo mobile, osmo mobile 2 တို့လိုမျိုး mobile ဖုန်းနဲ့ video ရိုက်တဲ့အခါ တည်ငြိမ်အောင်ပြုလုပ်ပေးတဲ့ Gimbal Stabilizer မျိုးပါ... 
 Osmo mobile စထွက်တုန်းက USD299.0 ရှိခဲ့ပြီး Smooth-Q ရဲ့ ရိုက်ခတ်မှုကြောင့်ထင်ပါတယ်... Osmo Mobile 2 ထွက်လာတော့ USD129.0 ဈေးနဲ့ ရောင်းချခဲ့ပါတယ်... 
 Zhiyun က အခုထုတ်ရောင်းမယ့် Smooth 4 ကို USD139.0 နဲ့ ရောင်းချမှာ ဖြစ်ပါတယ်... Smooth 4 ဟာ နာမည်ကြီး Dji ထုတ် osmo mobile 2 ထက် USD10 ဈေးပိုများပေမယ့်လည်း သူ့မှာပါတဲ့ လုပ်ဆောင်ချက်တွေက osmo mobile 2 ထက်ပိုများပါတယ်... 
 Smooth 4 မှာပါတဲ့ ကျတော်ကြိုက်တာလေးတွေကိုပဲ ရွေးပြီး ရေးပါ့မယ်...  

Smooth 4 မှာ ဖုန်းကိုတပ်ပြီး ဖုန်းနဲ့ Smooth 4 ချိတ်ဆက်ပြီးတာနဲ့ ဖုန်းကိုကိုင်စရာမလိုအောင် mode ပြောင်းတာ function ပြောင်းတာတွေကို Smooth 4 မှာပါတဲ့ ခလုတ်တွေကနေ တဆင့် လုပ်ဆောင်လို့ရပါတယ်... ဖုန်း screen သွားပြီး တို့ထိစရာ မလိုတော့ပါဘူး... S

mooth 4 ရဲ့ ဘယ်ဘက်ဘေးက Zoom/Focus handwheel လေးကို အသုံးပြုပြီးတော့ zoom in/out လုပ်တာ၊ လိုချင်တဲ့ object ကို focus ပြောင်းဖြတ်တာမျိုးကို အလွယ်တူ လုပ်နိုင်ပါတယ်... အဲဒီလို လုပ်နိုင်တာ အတော်ကို အဆင်ပြေပါတယ်... 

 Panorama mode ၂-မျိုးပါလာပါတယ်... 180° pano နဲ့ 3x3 pano mode ပါ... 

Multi-Exposure mode နဲ့ Long Exposure mode တွေ လည်းပါပါတယ်... 

 Review video အရဆိုရင် သူ့မှာပါတဲ့ slow motion video ဟာ အတော်လေးကို ကောင်းမွန်တာ တွေ့ရပါတယ်... 

ကျန်တာတွေ မရေးတော့ပါဘူး... 
Smooth 4 မှာ ကျတော်အကြိုက်ဆုံး function တစ်ခုကတော့ Vertigo Shot လေးပါ... ရုပ်ရှင်ဇာတ်ကားကြီးတွေမှာတွေ့ရတဲ့ ရိုက်ချက်ပါ... လူရဲ့ အရွယ်အစားက ဒီတိုင်းပဲရှိနေပြီး နောက်က ရှုခင်းတွေကို တဖြည်းဖြည်းနဲ့ zoom out/in ဖြစ်သွားတဲ့ ရိုက်ချက်မျိုးပါ... ပုံမှန်လူတွေရိုက်ဖို့ဆိုရင် ဒီရိုက်ချက်က ရိုက်ရတာ ခက်ခဲပါတယ်... 

 ဒီလောက်နဲ့ပဲ ရပ်နားခွင့်ပြုပါ... 

အဆုံးထိဖတ်ပေးလို့ ကျေးဇူးအထူးပဲ တင်ရှိပါတယ်...

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...