Skip to main content

Telenor ရယ်... ကျတော်ရယ်... အပိုင်း (၂)...

Telenor ရယ်... ကျတော်ရယ်... မှာဖြစ်ခဲ့တဲ့ အကြောင်းတွေပေါ် မူတည်ပြီး အပိုင်း (၂) ဆက်ဖြစ်ခဲ့ပါတယ်...
Telenor ရယ်... ကျတော်ရယ်... မှာ မတင်မိခဲ့တဲ့ ဇာတ်လမ်းအစ BBC News SMS တွေကို အရင်တင်ပါရစေ... 

Telenor ကနေပြီးတော့ facebook message ကနေဆင့်ရော၊ ဖုန်းဆက်ပြီးတော့ပါ ဇူလိုင်(၂)ရက်နေ့မှာ လုပ်ခဲ့တဲ့ Telenor Fans တွေ့ဆုံပွဲကိုဖိတ်ခဲ့လို့ တက်ရောက်ခဲ့ပါတယ်... မနက် ၁၀ နာရီ - ၁၁ နာရီ ၃၀ မိနစ် ဆိုပေမယ့် ပွဲကို ၁၀ နာရီ ၃၀ မိနစ်မှ စခဲ့ပါတယ်... ပွဲလုပ်ရာ ခန်းမထဲဝင်တာနဲ့ Door Gift အဖြစ် Telenor တံဆိပ် မတ်ခွက်၊ ထီး၊ စက္ကူnotepad၊ ဘောပင်၊ ကီးချိန်းပါတဲ့ အိတ်တစ်အိတ် လက်ဆောင်ပေပြီးတော့ ဓာတ်ပုံ အရိုက်ခံရပါတယ်... ပွဲပြီးတဲ့အချိန် ဘောင်ထဲထည့်ပြီး တက်ရောက်သူတွေကို လက်ဆောင် ပြန်ပေးပါတယ်... ကျတော် ဓာတ်ပုံမရိုက်ခဲ့ပါဘူး... အဲဒါကြောင့်ထင်ပါတယ်... တယ်လီနော ဝန်ထမ်း ကင်မရာကိုင်ထားသူက ကျတော့်ကို ဓာတ်ပုံခိုးရိုက်ပါတယ်... ကျတော်က ကင်မရာအကြောင်းမသိတော့ ခံရတာပေါ့...

ပွဲမှာ Telenor Group အကြောင်းကို မိတ်ဆက်တဲ့ Cooperate Film, TVC များပြသပါတယ်... လမင်းကြီးဘယ်လောက်ကြီးဆိုတဲ့ TVC အကြောင်း မှတ်ချက်ပြန်တောင်းပါတယ်... Telenor က ရောင်းချတဲ့ handset တွေနဲ့မိတ်ဆက်ပေးခြင်း၊ telenor ရဲ့ အင်တာနက် plan တွေအကြောင်း ရှင်းပြခြင်းတွေ လုပ်ပါတယ်...

အဲဒီပွဲမှာ ကျတော် complainတက်ခဲ့တာတွေက...
  • Call Centre က ဝန်ဆောင်မှု ညံ့ဖျင်းခြင်း၊
  • ညဘက် ၁၁:၃၀ နာရီမှာ internet plan ဝယ်တာမရဘဲ၊ မနက် ၅နာရီမှသာ ရခြင်း၊ call centre ဝန်ထမ်းက ဘာနစ်နာမှု ရှိလဲ မေးတာ ခံရဖူးပါတယ်။
  • sim card အသစ် ဝယ်ပြီး ငွေစဖြည့်ရင်ပေးတဲ့ bonus minute က any net ကနေ on net ကို ကြေငြာအသိပေးခြင်း မရှိဘဲ ပြောင်းခဲ့ခြင်း။ telenor ရဲ့ facebook page မှာ ကြေငြာချက်ရှိမလား ပြန်ရှာတာ လုံးဝမတွေ့ပါဘူး။ website မှာတော့ ဒီအတိုင်းပဲပြင်ထားပါတယ်...
  • telenor handset ဝယ်ယူရင်ပေးတဲ့ bonus ကလည်း any net မဟုတ်ဘဲ on net ကို ကြေငြာခြင်းမရှိဘဲ ပြောင်းခဲ့ခြင်း။
  • BBC News sms ဝန်ဆောင်မှုမှာ သတင်းတစ်ပုဒ်တည်းကို ၂-ခါပို့ခြင်း။
  • နောက်ဆုံးလုပ်ခဲ့တဲ့ ငွေဖြည့်ရင် bonus ပေးခြင်းဟာ on net ပဲ ရတယ်ဆိုတာ တိကျသေချာစွာ မထည့်ထားခြင်း။
  • ကျတော့်ရုံးဘက်မှာ telenor voice ရော data မကောင်းခြင်း။
တွေကို complain တက်ခဲ့ပါတယ်။

telenor က တာဝန်ရှိသူတွေက အဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ်လို့ ကတိပေးခဲ့ပြီး ကျတော့်ရုံးဘက်မှာ network မကောင်းတာကို မနေ့က network team လာရောက်စစ်ဆေးပြီး ကောင်းမွန်အောင် ချိန်ညှိပေးပါ့မယ်လို့ ပြောသွားပါတယ်။

ပွဲပြီးတဲ့အချိန် တယ်လီနော ဝန်ထမ်းအမျိုးသမီး တစ်ယောက်က ပွဲနဲ့ပတ်သက်တာ ဘာမှ online ကို မတင်ဖို့ တားပါတယ်။ ပွဲလာတက်တဲ့ အထဲမှာ အသိတွေ ပါလို့ ပြန်မေးကြည့်တော့ အခြားသူတွေကို မတားဘဲ ကျတော့် တစ်ယောက်တည်းကိုပဲ တားပါတယ်။

ကျတော်လိုက်နာခဲ့ပေမယ့် telenor ဝန်ထမ်းတစ်ယောက်က ပွဲဓာတ်ပုံတွေ တင်ခဲ့ပါတယ်...

ကျတော့်ကိုတော့ ပွဲအကြောင်းဘာမှ မတင်ဖို့ တားပြီး တယ်လီနောဝန်ထမ်းက ဘာကြောင့်တင်ရတာလဲဆိုတာကို တယ်လီနောက အသိတွေကို message ပို့ပြီးမေးခဲ့ပါတယ်... တိကျတဲ့အဖြေပြန်မပေးသေးချိန်မှာ facebook ပေါ်မှာ အောက်ကလို တင်လိုက်ပါတယ်...
#TelenorMyanmar က ဖိတ်လို့ First Insight ပွဲကို ရောက်သွားတယ်...
ဘာလုပ်တဲ့ပွဲလဲဆိုတော့... Telenor Staff တစ်ယောက်က ဒီပွဲနဲ့ ပတ်သက်တဲ့ပုံတင်တာ၊ ရေးသားတာ မလုပ်ပါနဲ့ လို့ ကျတော့် တစ်ယောက်တည်းကို ကပ်ပြောလိုက်လို့ မလုပ်တော့ပါဘူး...
သူတို့အတွက် ကောင်းကျိုးဖြစ်နိုင်တာကိုများ ဘာဖြစ်လို့ တားမြစ်တာပါလိမ့်...

အဲဒီ post ကို တယ်လီနောဝန်ထမ်းဟောင်း တစ်ယောက်က ရှယ်တဲ့ အချိန်မှာ နောက်ဝန်ထမ်းတစ်ယောက်က အောက်မှာပြထားတဲ့ screen shot အတိုင်း စိမ်ခေါ်ပါတယ်...

ပွဲမှာ ဒီလောက် complain တက်ခဲ့တာကို ဒီ telenor staff က ကျတော် ဆဲပြောတာကို ခံချင်တဲ့ပုံပါပဲ... နောက်အခါ တယ်လီနော ဝန်ထမ်းတွေနဲ့တွေ့ရင် ကျတော် ဆဲဆဲပြီးမှ စကားပြောပေးပါ့မယ်...

မနေ့က ည ၈ နာရီဝန်းကျင်မှာ telenor မှ တာဝန်ရှိသူတစ်ယောက် ဖုန်းဆက်ပြီးတောင်းပန်ပါတယ်... သက်ဆိုင်ရာဝန်ထမ်း တောင်းပန်တာလည်းလိုချင်တယ်လို့ ကျတော်ပြန်ပြောထားပါတယ်... ဒါပေမယ့် အခုအချိန်အထိ သက်ဆိုင်ရာ ဝန်ထမ်းက တောင်းပန်မှု မလုပ်သေးပါဘူး...

အဆဲခံခြင်းတဲ့ Telenor Staff များ ခင်ဗျား... အပြင်မှာတွေ့ရင် ဆဲပေးပါ့မယ် ခင်ဗျား...


Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install