Skip to main content

Telenor ရယ်... ကျတော်ရယ်...

  • Telenor သုံးမယ်ဆိုရင်လေ ဖုန်းပြော၊ sms ပို့ဖို့ပဲသုံးပါ...
  • အင်တာနက် ကောင်းတယ်ဆိုရင် အင်တာနက်သုံးပါ...
  • Value Added Services လို့ခေါ်တဲ့ VAS ဝန်ဆောင်မှုတွေကိုမသုံးပါနဲ့...
  • 979 Call Centre ကို ဖုန်းမဆက်ပါနဲ့... ကိုယ့်ကိုကိုယ် ငတုံးငအ လို့ ခံယူထားရင်တော့ Telenor ရဲ့ Call Centre ကို ဖုန်းဆက်ပါ...

BBCNews SMS VAS ဝန်ဆောင်မှုနဲ့ ကျတော်...

အင်တာနက် မဖွင့်ဖြစ်တဲ့အချိန်များ အရေးကြီးသတင်းတွေကို sms နဲ့ရမယ်ထင်ပြီး BBCNews sms VAS ယူဖြစ်ပါတယ်... ဝန်ဆောင်ခက ၁-ပတ်ကို ၂၅၀-ကျပ် ပေးရပါတယ်... တစ်နေ့ကို မနက် ၁-ခါနဲ့ ညနေ ၁-ခါ sms နဲ့ သတင်းတွေကို ပို့ပေးပါတယ်... ယူဖြစ်တဲ့ ၂-ပတ်တာကာလ အတွင်းမှာ တူညီတဲ့ သတင်းကိုပဲ မနက်နဲ့ ညနေ အတူတူပို့တာ ၄-ရက်တောင်ရှိပါတယ်... လုပ်ငန်းကြီး ဖြစ်နေပြီး သုံးစွဲသူကို စော်ကားတယ် ထင်လို့ တယ်လီနော်ရဲ့ Call Centre ကို ဘာကြောင့်လဲ ဆိုတာ မေးမြန်းရင်း complaint တက်ပါတယ်...


Telenor 979 Call Centre နဲ့ ကျတော်...

Telenor Call Centre က တစ်မိနစ်ကို ၂၅-ကျပ်ပေးရပါတယ်... တယ်လီဖုန်း လုပ်ငန်းဖြစ်ပေမယ့် သုံးစွဲသူတွေကို အခမဲ့ ဝန်ဆောင်မှု မပေးပါဘူး... ကျတော် ဖုန်းဆက်တော့ ယောက်ျားလေး တစ်ယောက် ကိုင်ပါတယ်... 

ငါ့ညီရေ BBCNews SMS ယူထားတာ သတင်းတစ်ပုဒ်ကိုပဲ မနက်ရော ညရော အတူတူ ပို့တာ ၄-ရက်ရှိပြီ ဘာဖြစ်လို့လဲမေးတော့... 

အကို့ရဲ့ဖုန်း မနက် sms ပို့ချိန်မှာ ပိတ်ထားရင် ညနေမှာ ထပ်ပို့ပေးလို့ ဖြစ်တာပါတဲ့...

အကို့ဖုန်းက အမြဲဖွင့်ထားတယ် ဘာဖြစ်လို့လဲ...

ဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ ဖြစ်ပါလိမ့်မယ်...

အဲဒါဆို မနက်သတင်းနဲ့ ညနေသတင်း မတူသင့်ဘူးလေ... အခုက မနက်ပိုင်းမှာပို့တဲ့ sms သတင်းနဲ့ ညနေပိုင်းမှာ ပို့တဲ့ sms သတင်းချင်းတူတာလေလို့ ပြန်ပြောတော့...

အဲဒီလို ဖြစ်တဲ့နေ့တွေမှာ BBC ဘက်က သတင်း တစ်ပုဒ်ပဲ ပေးလို့ပါတယ်...

ဒီနေ့ အကို မနက်နဲ့ညနေ သတင်းတစ်ပုဒ်ပဲရတယ်ကွာ... BBCBurmese fb page မှာ သွားကြည့်တာ သတင်း ၅-ပုဒ်ကျော်ရှိတယ်... ဘာဖြစ်လို့လဲ ပြန်မေးတော့...

SMS VAS ယူတဲ့ ဝန်ဆောင်မှုက 6611, 6622, 6633, 6644 ဆိုပြီးရှိတယ်... အဲဒါတွေက server တွေက ဆွဲတာ မတူလို့ဖြစ်ရတာပါတဲ့...

အေး... server ဆွဲတာ မတူဖြစ်ရအောင် ငါ့တို့က အခမဲ့သုံးတာ မဟုတ်ဘူး... မင်းတို့ သတ်မှတ်ထားတဲ့ ဝန်ဆောင်ခပေးသုံးတာ... မင်းတို့စနစ်အဆင်မပြေရင် သုံးစွဲသူဆီ မချပြနဲ့... လို့ ပြန်ပြောလိုက်တယ်...

Telenor fb page မှာ 6611 က ယူပါဆိုလို့ ယူထားတယ်... အခုတော့ ကျန်တာတွေက မယူလို့ ဖြစ်ရတာပါဆိုပြီး Call Centre ဝန်ထမ်းက စွတ်စွဲတယ်... Call Centre ဝန်ထမ်းက စကားပြော မောက်မာတယ်... သုံးစွဲသူကို ဖြေရှင်းဖို့ Call Centre ဖွင့်ထားတာ မဟုတ်လောက်ဘူး... သုံးစွဲသူကို စိတ်ပိုညစ်အောင် ငတုံးငအ ဖြစ်အောင်လုပ်ဖို့ Call Centre ဝန်ထမ်းတွေ ခန့်ထားတာထင်တယ်... 

တောင်းပန်စကားလည်း မပြော... စိတ်ကျေနပ်အောင်လည် မဖြေရှင်းပေးနိုင်... စိတ်တိုသထက် တိုလာတာနဲ့...

မင်းက customer ကို ပြေလည်အောင်ဖြေရှင်းမယ့် ဝန်ထမ်းလား... customer ကို စိတ်ညစ်အောင် လုပ်မှာလား... moonီးပဲ လို့ ဆဲပြီးသာ ဖုန်းချလိုက်တယ်...

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...