gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်...
မန္တလေးမြို့ရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်များမှာ ပုပ္ပား ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်... IT သာမက အကြောင်းအရာ မျိုးစုံတဲ့ barcamp ဖြစ်ခဲ့ပါတယ်... ၂-ရက်ပေါင်း တက်ရောက်သူ ၃၁၀၀-ကျော်ရှိခဲ့ပါတယ်...  ကျတော်တို့ ၁-ထောင်လောက်ပဲ တက်လိမ့်မယ်လို့ မှန်းထားခဲ့မိတာ မှားခဲ့ပါတယ်... ပြီးတော့ နေရာ ရွှေ့ပြောင်း ခဲ့ရတဲ့အတွက် ယခင်မှန်းထား သလို အခန်းကျယ်များ မပါရှိပဲ အခန်းကျဉ်းများသာ ဖြစ်ခဲ့တဲ့ အားနည်းချက် ရှိခဲ့ပါတယ်... barcamp Mandalay 2011 ဖြစ်မြောက်ဖို့ အဓိက ဦးစီး လုပ်ဆောင်ခဲ့တဲ့ မန္တလေး MCPA နှင့် MCIA မှ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ...


ဒါနဲ့ စကားမစပ်...
၁၃-ရက်နေ့ ကျတော်လည်း lightroom အကြောင်းပြောဖို့ အတွက် projector ဆင်နေတုန်း မီးသတ်ကားတွေ ဖြတ်သွားလိုက်တာ မပြောပါနဲ့တော့... နောက်နေ့မှ သိရတာ ၂-နေရာမှာတောင်မှ မီးလောင်တယ်တဲ့ဗျ... ၁၄-ရက်နေ့ မနက် ၃-နာရီလောက်မှာလည်း တောင်မြို့သွားတဲ့ ဒေါ်သီသနပ်ခါး အကျော်ရှိတဲ့ ဈေးလည်း မီးလောင်သေးတယ်...

ဒါနဲ့ စကားမစပ်...
barcamp Mandalay 2011 ရဲ့ နောက်ဆက်တွဲ အောင်မြင်မှုအနေနဲ့ CMScamp လုပ်ဖို့ ရှိသလို... ကိုသခင်ကြီး၊ ကျတော်၊ သူရိန်ညီမင်းစံတို့ PhotoCamp လုပ်ဖို့ စိတ်အား ထက်သန်နေကြောင်းပါ...

My Labels: Mandalay, Myanmar, News, Gossips

Comments

Ad