gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဓာတ်ပုံ ၁-ပုံတည်းနဲ့ Star Trails ပုံဖြစ်အောင် ဘယ်လို လုပ်မလဲ...

ပထမဆုံး လိုအပ်တာကတော့ ကြယ်တွေပေါ်အောင်ရိုက်ထားတဲ့ ဓာတ်ပုံ ၁-ပုံပါ... ကျတော်ကတော့ အောက်မှာ ဖော်ပြထားတဲ့ ကျတော် ရိုက်ထားတဲ့ပုံကို သုံးပါ့မယ်...

အနက်ရောင်ထဲမှာ အဖြူရောင် အစက်အပြောက်လေးတွေက ကြယ်တွေပါ... ဒီပုံကို ဖိုတိုshop မှာ ဖွင့်ပါတယ်...
၁. ပုံပါတဲ့ background layer ကို duplicate လုပ်ပါတယ်... (Control + J  နှိပ်ရင်လည်းရပါတယ်...)
၂. ရလာတဲ့ layer ကိုလည်း ထပ်ပြီး duplicate လုပ်ပါတယ်... 
၃. duplicate လုပ်လို့ရလာတဲ့ ဓာတ်ပုံ layer ကို Ctrl+T (free transform) လုပ်ပါတယ်...


အပေါ်မှာပြထားတဲ့ ပုံထဲကအတိုင်း...
၎. (1)လို့ ဘဲဥပုံနဲ့ပြထားတဲ့ နေရာမှာ ပုံ angle ကို လိုအပ်သလို ပြောင်းပြီး (2)လို့ဘဲဥပုံနဲ့ပြထားတဲ့နေရာက Commit Transform ကိုနှိပ်ပါတယ်...
၅. (3)လို့ ဘဲဥပုံနဲ့ပြထားတဲ့ layer mode နေရာမှာ Lighten ကို ရွေးပါတယ်...
၆. အောက်ကပ်လျက်မှာ ရှိတဲ့ layer နဲ့ပေါင်းဖို့အတွက် Ctrl+E ကို နှိပ်ပါတယ်... 
၇. ကိုယ်လိုချင်တဲ့ star trails အရှည်ရသည်အထိ အဆင့်-၂ ကနေ အဆင့်-၆ အထိ ထပ်ကာ ထပ်ကာ လုပ်ပါ... 

  
ကျတော်ကတော့ အပေါ်က ပုံအတိုင်း ရတဲ့အခါ ... အဆင့်-၈ ကို သွားပါတယ်...


၈. အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း မူရင်းဓာတ်ပုံရှိတဲ့ Background ကို duplicate လုပ်ပြီး star trails ပုံ layer ရဲ့ အပေါ် ကို ရွှေ့ပါတယ်...
၉. ပုံထဲမှာ Background copy လို့ပြထားတဲ့ layer ကို ရွေးပြီး add layer mask လုပ်ပြီး အပေါ်ပိုင်းက မလိုချင်တဲ့ အပိုင်းတွေကို layer mask နဲ့ဖျောက်ထားလိုက်ပါတယ်...


၁၀. သေချာစွာ ချိန်ညှိပြီးရင် ဆိုရင်တော့ လိုချင်တဲ့ star trails ဓာတ်ပုံ ၁-ပုံကို ရရှိပါပြီ...



ပုံမှန် star trails ဓာတ်ပုံ ၁-ပုံရိုက်ဖို့အတွက် အနည်းဆုံး မီနစ် ၃၀ လောက် အချိန်ပေးရပါတယ်... ကျတော် အပေါ်ကပုံရိုက်တုန်းက ဆိုရင် ၂-နာရီလောက် အချိန်ပေးခဲ့ရပါတယ်... စက္ကန့် ၃၀ ကြာပုံ ၄၀ လောက်ရိုက်ပြီး StarMax software နဲ့ ပြန်ပေါင်းဖို့ စိတ်ကူးခဲ့ပေမယ့်လည်း stacking လုပ်တဲ့ software တွေက အဆင်မပြေလို့ Photoshop CS5 က Star Trail Action ကိုသုံးပြီး ပေါင်းကြည့်တော့ ကျတော် ရိုက်ထားတဲ့ ပုံ ၆-ပုံရဲ့ exposure time စုစုပေါင်း ၅-မီနစ်လောက်ပဲ ရှိပေမယ့် ထွက်လာတဲ့ ပုံမှာ နာရီဝက်လောက် အနည်းဆုံးရိုက်မှ ထွက်မယ့် ပုံလိုဖြစ်နေလို့ Star Trail Action ကို ပြန်စစ်တော့ ကျတော် အခုရေးလိုက်တဲ့ နည်းနဲ့ လုပ်ထားကြောင်း တွေ့ရတဲ့ အတွက် ပြန်လည် ဝေမျှလိုက်ရကြောင်းပါ...

http://blog.mghla.net/2010/12/blog-post_30.html မှာတင်ထားတဲ့ပုံကို Photoshop နဲ့ပြုပြင် ထားတယ်လို့ မရေးမိတဲ့အတွက် တောင်းပန်ပါတယ်...

My labels: how to create cheat star trails photo using photoshop,photography, tutorial

Comments

Sushi for you said…
မျဉ်းကြောင်းတစ်ကြောင်းစာအတွင်းမှာ စာ၂ ကြောင်းလောက်ရေးချင်ရင် ဘယ်လိုလုပ်ရမလဲ သိပါရစေခင်ဗျာ စာရွက်သေးသေးမှာ စာတွေ အများကြီးရေး print ထုတ်ချင်လို့ပါ ကျေးဇူးတင်ပါတယ်
ကိုမောင်လှနဲ့ ကိုညီလင်းဆက် ရဲ့ blog ကို လာပြီး ပညာ ရှာခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်
Aungnyc said…
ကျေးဇူးတင်တယ် ကိုမောင်လှ။ နည်းပညာ ဝေမျှပေးတာ တန်ဘိုးရှိတယ်ဗျာ.. အားပေးလျှက်ပါ

Ad