photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Friday, January 29, 2010

M$ Office 2007 မှာလေ...

M$ Office 2007 ကို မကြိုက်ပေမယ့် ပြောင်းသုံးဖြစ်နေတယ်... နောက်ထွက်လာမယ့် 2010 version ကို ကြည့်ရတာလဲ ribbon ပုံစံ bar အကြီးကြီးနဲ့ ဖြစ်နေလို့ မထူးပါဘူး ဆိုပြီး ပြောင်းသုံး ဖြစ်တယ်...  menu bar ကို အားမထားတော့ပဲ ribbon bar (tools bar) ကိုအားထားတဲ့ပုံစံ ပေါ်တယ်... 2003 version နဲ့ အထာကျနေတဲ့ ကျတော် အဲဒီ ribbon bar ကို စိတ်ပျက်မိတာတော့ အမှန်ပဲ... 

ဒီနေ့တော့ Word ထဲမှာ  စာရိုက်ရင်း word ရဲ့ windows အရွယ်အစားကို  screen တစ်ခုလုံးရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ထားချင်တယ်... ဒါပေမယ့် ribbon bar က ကြီးလွန်းပြီး စာရိုက်တဲ့နေရာက ခပ်သေးသေးပဲ ပေါ်တော့တယ်... ribbon bar ကို ဖျောက်ချင်လို့ google မှာ လိုက်ရှာနေတုန်း ribbon bar ပေါ် right click ခေါက်ရင်း  တွေ့လိုက်ရတဲ့ Minimize the ribbon က ကျတော်လိုချင်တဲ့ ဟာလေးဖြစ်နေတယ်... Minimize the ribbon ရှေ့မှာ အမှန်ခြစ်လေး ရှိနေရင် ပုံမှန် စာရိုက်တဲ့ အချိန်မှာ ribbon bar က menu bar လို ပုံစံပဲ ပေါ်မှာဖြစ်ပြီး သက်ဆိုင်ရာ menu ကို သွားပြီး ကလစ်ခေါက်မှသာ ပုံမှန် ဆိုဒ်အကြီး ribbon bar ပြန်ဖြစ်သွားပါတယ်... စာပြန်ရိုက်ရင်တော့ သူ့ဘာသာသူ ribbon bar ဆိုဒ် အသေး ဖြစ်သွားပါလိမ့်မယ်... 

M$ Office 2003 မှာ သုံးခဲ့တဲ့ command တွေ 2007 version ရဲ့ ဘယ်နေရာမှာ ရောက်နေလဲ သိချင်တယ် ဆိုရင်တော့ Nyi Nyi's Blog မှာ သွားဖတ်ကြည့်ကြပါ...

My Labels: How to, tip and trick, IT

No comments: