gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

မန္တလေးမှာလေ... (Mandalay News + Gossips)

မန္တလေးမှာလေ...
မိုးခေါင်ပြီး ပူလိုက်၊ အိုက်လိုက်တာလည်း မပြောနဲ့ဗျို့... ဒီဆောင်းတော့ အရမ်းကို အေးမလား မသိဘူး...

မန္တလေးမှာလေ...
ညနေ ၅-နာရီလောက်စပြီး မနက် ၅-နာရီလောက်အထိ မီးလာနေတာ အနည်းဆုံး ၁၀-ရက်လောက်ရှိနေပြီ... ဒါပေမယ့် ညနေ ၇ - ၉ နာရီ အတွင်းတော့ ခဏ ခဏ မီးပျက်တတ်တယ်... ညဦးပိုင်းတွေမှာ မီးအားလည်း နည်းတယ်... နေ့လည် ဘက်တွေကတော့ ပုံမှန် ၆-နာရီလာ ၁၂-နာရီ ပျက် အလှည့်အတိုင်းပဲ သွားနေတယ်... ဘာပဲ ပြောပြော မီးလာနေတော့လည်း စိတ်ချမ်းသာရတာပေါ့...

မန္တလေးမှာလေ...
ကြွတ်ကြွတ်အိတ် အသုံးပြုခွင့် ကန့်သတ်လိုက်တယ် ဆိုတာ သိကြပြီးသား ဖြစ်မှာပါ... အစပိုင်းမှာတော့ အသုံးပြုမှုရပ်တန့် သလောက် ရှိခဲ့သော်လည်း ဂျာနယ်များမှာ ဒဏ်ရိုက်မှု မရှိသေးကြောင်း သတင်း
များ ထွက်ပေါ်လာပြီး နောက်ပိုင်း အချို့ဆိုင်များဟာ ကြွတ်ကြွတ်အိတ်ကို ဆက်လက် သုံးစွဲလာကြတာကို တွေ့ရပါတယ်... ကြွတ်ကြွတ်အိတ် အမျိုးအစားကို နိုင်လွန်အိတ်လို့ ခေါ်ဝေါ် သုံးစွဲနေကြပါတယ်... စည်းကမ်း လိုက်နာတဲ့ ဆိုင် အများစုကတော့ recycle ပြန်လုပ်နိုင်တဲ့ ပလတ်စတစ် အကြည်အိတ်များကို ကြွတ်ကြွတ်အိတ် ပုံစံမျိုး လက်ကိုင်ပါ အိတ်များ အသုံးများကြောင်းပါ...

21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21 21
My Labels: Mandalay, News, Gossips, Rumors .

Comments

Nyi Nyi Myanmar said…
မိုးခေါင်တာတော့ ကျွန်တော်ကြားမိတယ် စိတ်မကောင်းဘူး :(
အယ်အေမှာလေ...
http://laorganizers4burma.blogspot.com/2009/08/los-angeles.html

Ad