Skip to main content

မန္တလေးမှာ... (Mandalay News + Gossips)

မန္တလေးမှာ... (Mandalay News)
ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်...

မန္တလေးမှာ... (Mandalay News)
သိပြီးသား ဖြစ်ကြမှာပါ... ဒီလ
၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ အသုံးပြုနေဆဲပါ...

မန္တလေးမှာ... (Mandalay Gossips - မန္တလေး ကောလဟလ)
အလယ်တန်း ကျောင်းသူအရွယ် ....................................... တရာခံများကို ဖမ်းမိပြီဖြစ်ကြောင်းလည်း ကောလဟလ ထွက်ပေါ်နေပါတယ်...
ဒီကောလဟလ ကို မဖော်ပြချင်တဲ့အတွက် ရေးပြီးမှ ပြန်ဖျက်လိုက်ပါတယ်...


My Labels: Mandalay News, Gossips, Burma Myanmar News & Gossips

Comments

Anonymous said…
ကိုမောင်လှရေ .. မန်းသတင်းလေးတွေ လာဖတ်သွားပါတယ် .. ကျေးဇူးတင်ပါတယ် ခင်ဗျာ ...
နေဒေးသစ်။
Anonymous said…
ပူမှပေါ့ဗျာ..... မန္တလေး ပတ်ဝန်းကျင်က သစ်တောတွေ မရှိအောင် ခုတ်ရောင်းတာကိုးဗျ...... တော်ပါသေးရဲ့ မန္တလေးတောင် နဲ့ ရန်ကင်းတောင်မှာ ဦးခန္တီ ကောင်းမှုနဲ့ သစ်တောရှိနေလို့...
kyawmintun said…
အမြဲတမ်း တော့ လာဖြစ်တယ် ကိုမောင်လှ ရေ။ ကော့မင့် သာ မရေးဖြစ်တာပါ။
Pinkgold said…
ဟိုလေ.. မနေ့က မန္တလေးမှာ နာမည်ကြီး ဘလောဂ့်ဂါ ကိုမောင်လှတစ်ယောက် ဆိုင်ကယ်စီးနေတုန်း ကိစ္စထိပ်ဝကို ရောက်လသဖြင့် မီးပွိုင့်မိနေခိုက် ဘယ်လိုမှ မရှုနိုင် မကယ်နိုင်ဖြစ်ကာ နီးစပ်ရာသို့ ၀ိတ်လျှော့ရန် ပြေးရသဖြင့် ဆိုင်ကယ်ရော လူပါ ရဲဖမ်းသွားတဲ့ သတင်းလေးများ ကြားမိလားရှင့်
Nyi Nyi Myanmar said…
@ ပင့်ဂိုး >>
နင်ကလည်း လူကြီးကို မရိုမသေ
အယ်အေမှာ...
http://laorganizers4burma.blogspot.com/2009/06/blog-post_21.html
MYO HAN HTUN said…
အကောင်းဆုံးကတော့ ကွမ်းယာစားခြင်းကို ပိတ်ပင်သင့်တယ်။ ထိုင်းမှာ ဟိုးအရင်တုန်းက မြန်မာနိုင်ငံ လက်ရှိအနေအထားအတိုင်းပဲ စားချင်းတိုင်းစား ထွေးချင်တိုင်းထွေးလို့ နိုင်ငံကြီးတစ်ခုလုံး ပေပွခဲ့တာ အမိန့်ထုတ်ပြီးကတည်းက လုံးလုံးမစားကြတော့လို့ တော်တော်လေး ကောင်းသွားတယ်။ အဲဒါကို အထူး ပိတ်ပင်သင့်တယ်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...