မန္တလေးမှာ... (Mandalay News)
ရာသီဥတုက အရမ်းကို ပူတယ်... မနက် ရုံးမလာခင် ရေချိုး၊ ညနေ ရုံးပြန်ရောက် ရေချိုး တာနဲ့တောင် မလုံလောက်ချင်တော့ဘူး... အိပ်ခါနီးတောင် ရေချိုးရတော့မယ် ထင့်ပါ့ဗျာ... ကလေးတွေလည်း ပူလွန်းလို့ ည ည မအိပ်နိုင်ကြဘူး... ရာသီဥတု ပူလို့ထင်ပါရဲ့ သက်ကြီးရွယ်အိုတွေ ဖိတ်စင်တာတွေ ကြားနေရတယ်... သူငယ်ချင်း အဖွားတောင် မနေ့က ဆုံးသွားတယ်...
မန္တလေးမှာ... (Mandalay News)
သိပြီးသား ဖြစ်ကြမှာပါ... ဒီလ ၂၁-ရက်ကနေစပြီး မန္တလေး စည်ပင်သာယာရေး နယ်နမိတ်အတွင်းမှာ ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တော့မှာပါ... ရောင်းချသူရော သုံးစွဲသူရောပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်တယ် လို့ သိရပါတယ်... ကြွတ်ကြွတ်အိတ် သုံးစွဲမှုကို တားမြစ်တာကိုတော့ ကြိုဆိုပါတယ်... ချက်ချင်းကြီး အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတော့ ကြွတ်ကြွတ်အိတ် နဲ့ အသားကျနေတဲ့ မြို့သူ မြို့သားတွေနဲ့တော့ ခက်တော့မှာပဲ... လက်ဖက်ရည်ဝယ်သွားမယ်ဆို ခါတိုင်းလို လက်ဗလာကြီး သွားလို့ မဖြစ်တော့ဘူး ကြွတ်ကြွတ်အိတ် မထွန်းကားခင်ကလို တလုံးချိုင့်လေး ယူသွားမှရတော့မယ်... ယခင်နှစ်ကလည်း ကွမ်းယာကို ပလတ်စတစ်အိတ်နဲ့ထုပ် ပေးခြင်းကို ကန့်သတ် ခဲ့ပေမယ့်လည်း အခုအချိန်အထိ အသုံးပြုနေဆဲပါ...
မန္တလေးမှာ... (Mandalay Gossips - မန္တလေး ကောလဟလ)
အလယ်တန်း ကျောင်းသူအရွယ် ....................................... တရာခံများကို ဖမ်းမိပြီဖြစ်ကြောင်းလည်း ကောလဟလ ထွက်ပေါ်နေပါတယ်...
ဒီကောလဟလ ကို မဖော်ပြချင်တဲ့အတွက် ရေးပြီးမှ ပြန်ဖျက်လိုက်ပါတယ်...
My Labels: Mandalay News, Gossips, Burma Myanmar News & Gossips

7 comments:
ကိုမောင်လှရေ .. မန်းသတင်းလေးတွေ လာဖတ်သွားပါတယ် .. ကျေးဇူးတင်ပါတယ် ခင်ဗျာ ...
နေဒေးသစ်။
ပူမှပေါ့ဗျာ..... မန္တလေး ပတ်ဝန်းကျင်က သစ်တောတွေ မရှိအောင် ခုတ်ရောင်းတာကိုးဗျ...... တော်ပါသေးရဲ့ မန္တလေးတောင် နဲ့ ရန်ကင်းတောင်မှာ ဦးခန္တီ ကောင်းမှုနဲ့ သစ်တောရှိနေလို့...
အမြဲတမ်း တော့ လာဖြစ်တယ် ကိုမောင်လှ ရေ။ ကော့မင့် သာ မရေးဖြစ်တာပါ။
ဟိုလေ.. မနေ့က မန္တလေးမှာ နာမည်ကြီး ဘလောဂ့်ဂါ ကိုမောင်လှတစ်ယောက် ဆိုင်ကယ်စီးနေတုန်း ကိစ္စထိပ်ဝကို ရောက်လသဖြင့် မီးပွိုင့်မိနေခိုက် ဘယ်လိုမှ မရှုနိုင် မကယ်နိုင်ဖြစ်ကာ နီးစပ်ရာသို့ ၀ိတ်လျှော့ရန် ပြေးရသဖြင့် ဆိုင်ကယ်ရော လူပါ ရဲဖမ်းသွားတဲ့ သတင်းလေးများ ကြားမိလားရှင့်
@ ပင့်ဂိုး >>
နင်ကလည်း လူကြီးကို မရိုမသေ
အယ်အေမှာ...
http://laorganizers4burma.blogspot.com/2009/06/blog-post_21.html
အကောင်းဆုံးကတော့ ကွမ်းယာစားခြင်းကို ပိတ်ပင်သင့်တယ်။ ထိုင်းမှာ ဟိုးအရင်တုန်းက မြန်မာနိုင်ငံ လက်ရှိအနေအထားအတိုင်းပဲ စားချင်းတိုင်းစား ထွေးချင်တိုင်းထွေးလို့ နိုင်ငံကြီးတစ်ခုလုံး ပေပွခဲ့တာ အမိန့်ထုတ်ပြီးကတည်းက လုံးလုံးမစားကြတော့လို့ တော်တော်လေး ကောင်းသွားတယ်။ အဲဒါကို အထူး ပိတ်ပင်သင့်တယ်။
Post a Comment