gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။

WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။

WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။

WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။

အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။

ဥပမာ - ဓမ္မ ရိုက်မည်ဆိုပါ ဓ ရိုက်ပါ မ ရိုက်ပါ -္မ (မအထပ်) ရိုက်ရန် အတွက် “မ” ရှိသည့်  r key နှင့် Ctrl+Alt key တွဲနှိပ်လိုက်ပါ။

မတ္တရာ တွင်ပါဝင်သည့် --္တ (တအထပ်) ရိုက်လိုပါက “တ” ရှိသည့် w key နှင့် Ctrl+Alt key တွဲနှိပ်လိုက်ပါ။

မန္တလေး တွင်ပါဝင်သည့် -္တ (တအထပ်) ရိုက်လိုပါက “တ” ရှိသည့် w key နှင့် Ctrl+Alt+Shift key တွဲနှိပ်လိုက်ပါ။

အဆင်ပြေကြပါစေခင်ဗျာ။...

WinKalaw NativeMyanmar Keyboard Layout BETA version ကို
NativeMyanmar.net (MyanmarCommunity.com) အဖွဲ့သားများ Microsoft Keyboard Layout Creator 1.4 အသုံးပြုပြီး ပူးပေါင်းရေးဆွဲ ကြသည်...

Comments

yemyatthu said…
Control Key သုံးတာ အချို့ software တွေမှာ ငြိတတ်တယ်။ zawgyi1 စတုန်းက အဲလိုလုပ်တာ ပြဿနာဖြစ်ဘူးလို့ အကြံပေးတာပါ အခုခေတ် မှာ tools အရ ရော လုပ်ကိုင်သူ တွေ အရ အဆင်ပြေနိုင်ပါတယ်။ testing လုပ်ပြီးပြီနေမှာပါ။

Ad