photo.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/


Tuesday, February 17, 2009

sm3 Myanmar Calendar Mobile Edition

မြန်မာလို sms ပို့နိုင်တဲ့ စနစ်ကို တီထွင်ထားတဲ့ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ sm3 ကနေ အခု ထပ်မံပြီး ၂၀၀၉ ခုနှစ် အတွက် sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ထုတ်ဝေ ဖြန့်ချီလိုက်ပါတယ်... အခမဲ့ ဖြန့်ဝေတဲ့ version မှာ အင်္ဂလိပ် ရက်စွဲ၊ မြန်မာရက်စွဲ၊ လပြည့်၊ လဆန်း၊ လဆုတ်၊ လကွယ်၊ ရက်ရာဇာ၊ ပြဿဒါး၊ နဂါးခေါင်းလှည့်တဲ့ အရပ်မျက်နှာတို့ကို ဖော်ပြပေးထား ပါတယ်... ၂၀၀၈ ခုနှစ်အတွက်လည်း sm3 ကနေ ဒီလို ပြက္ခဒိန် software ကို ထုတ်ဝေခဲ့ဖူးပါတယ်... ဒီ software ကို Java application run လို့ရတဲ့ ဖုန်းတိုင်းမှာ အသုံးပြုနိုင်တယ်လို့ သိရကြောင်းပါ...


အခမဲ့ ဖြန့်ဝေတဲ့ sm3 မြန်မာပြက္ခဒိန် နှင့် sm3 Unit Converter တို့အပြင် sm3 မြန်မာစာတိုပို့စနစ်၊ sm3 ab+c (လုံခြုံစိတ်ချစွာ ဖုန်းနံပါတ်များကို မြန်မာ+အင်္ဂလိပ် မှတ်သားနိုင်သည့် စနစ်)၊ sm3 Myanmar Calendar Centurial Edition + မင်္ဂလာအခါပေးဗေဒင် calendar တို့ကို ထုတ်လုပ်ထားပြီး ရန်ကုန်၊ မန္တလေးရှိ ဖုန်းဆိုင်များမှာ ထည့်သွင်း ဝယ်ယူနိုင်ကြောင်း သိရပါတယ်...

sm3 မြန်မာပြက္ခဒိန် မှာ ကျတော့်နာမည်ကို ထည့်သွင်းပေးတဲ့ sm3 အဖွဲ့မှ သူငယ်ချင်းများကို ကျေးဇူး အထူး တင်ရှိကြောင်းပါ...

sm3 မြန်မာပြက္ခဒိန် Mobile Edition ကို ဒီနေရာကနေ download လုပ်နိုင်ကြောင်းပါ...

My labels: Myanmar mobile phone software
application

5 comments:

Myo Kyaw Htun said...

ကျေးဇူးပဲ ကိုမောင်လှ

Ko PoeThar Blog said...

ကိုမောင်လှရေ
ကျွန်တော်တော့ စပြီး Install လုပ်ပြီး ၄ ၅ ချက်လောက် browse လုပ်ကြည့်တုန်းပဲ ရှိသေးတယ် un handled exception လို့ message ပေါ်ပြီး ဖုန်းပါ hang သွားတော့တာပဲဗျာ။
Nokia E Series ပါ။
အနဲဆုံး Nokia နဲ့ compatible ဖြစ်သင့်တယ် ထင်ပါတယ်။

ချစ်ခြင်းအားဖြင့်
ဖိုးသား။

Thinn Sabai said...

ကျေးဇူးပဲ ကိုမောင်လှရေ ဆွဲချလိုက်ပြီ စမ်းတော့ မစမ်းရသေးဘူး။

အောင်သူ said...

ဆရာတုံ မင်္ဂလာပါ။ ကျေးဇူးအများကြီးတင်ပါတယ်။

မောင်ဝမ်းသာ said...

အကို ရေ .. ပြက္ခဒိန်ကတော့ ပြေတယ်ဗျာ နောက်ထပ် ဒစ်ရှင်နရီ ပါတင်ပေးပါအုံး တင်ထားဘူးတဲ့ ဟာက အိတ်စပိုင်ယား ဖြစ်နေ လို့ ပါ ကီးပဲ တောင်းတောင်း နေတယ်ဗျာ အဲဒါ ထည့်ပေးမှာ ဆက်သုံး လို့  ရမယ်လို့ ဆိုနေတယ် အကို့ မှာ ရှိရင် တင်ပေးပါအုံးဗျာ အများတွက်အကျိုး ပြုမှာပါ ကိုမောင်လှ ခင်ဗျာ ကျေးဇူးပါ